Showing posts with label ရခိုင်ဇမ်းကဗျာ. Show all posts
Showing posts with label ရခိုင်ဇမ်းကဗျာ. Show all posts

Thursday, January 26, 2017

ဘ၀င်မမြင့်ကဲ့ ကျွန်ရာ

ချမ်းသာလိုက်ပါဘိ သိန်းသန်းကုဋေ
ဘဝင်မြင့်ဖို့မပျင်ကဲ့ ရခိုင်မှန်ကေ ကျွန်ရာ..။

လှလိုက်ပါဘိ ရုပ်ရည်ရူပကာ
အလှမာန်မဝင့်ကဲ့ သဇင်ချေ…
ရခိုင်မှန်ကေ ကျွန်ရာ..။

တတ်လိုက်ပါဘိပညာ ဘွဲ့တသီတတန်းနန့်
ပညာဂုဏ်မမောက်ကဲ့ အမောင်..
ရခိုင်မှန်ကေ ကျွန်ရာ..။

ဝလုံးခေါင်းထဲကလ ပရေလို့ဟိလာ
စစ်မှန်ရေဂုဏ် ခံစားဝင့်ကြွားနိုင်ဖို့
ကျွန်ဘဝကလွတ်အောင်
လက်တွဲချိတ်ထား
ကြိုးစားပါ ညီနောင်အပေါင်းရို့..။

မျိုးမြတ်လင်း (Myo Mrat Lunn)

Tuesday, August 2, 2016

"မြောက်ဦး မျက်ရည်"


** သမိုင်းခေတ်ဦး မြို့မြောက်ဦးသို့
အလည်တခေါက် ရောက်ခရေ ..။
** ဘုရားအိုအို ကျောင်းအိုအိုနန့်
ဇရပ်လည်းအို .. ဆွီးမြေ့တံတိုင်း
ဘုရားခေါင်းကျိုး .. မြို့ရိုးပျက်ကိုလည်း တွိခရေ ..။
**တောင်ထိပ်ထိုထို.. စေတီအိုရို့
ထုံးဖြူမဟိ .. ရေညှိတက်ဗျာလ်
အငိုမျက်ရည် .. ဆင်နီစွာလည်း တွိခရေ..။
**ခေါင်းပြတ်ဘုရား.. ဟိုနား ဒေနား
ပြုပြင်သူ မဟိ ..
မင်းစောမွန်ကို မျှော်နီရေလို့
ပြောသံတိလည်း .. ကြားခရေ.. ။

Sunday, July 31, 2016

အို....အဖ

အို.....အဖ
အို ........အဖ
ကျောက်သား၊ကျောက်စိုင်တိက
စီးဆင်းလာရေ
အကျွန်ရို. သွီးတိ
မခြောက်လား သိမ့်ပါ ....................။
အို ..........အဖ
မာန်ဟုန်ပြင်းစွာနန်.
ရက်စက် တိုက်ခိုက်ခရေ
လိုင်းတိ၊လီတိ
အဂုထိ မငြိမ်သက်ကတ် သိမ့်ပါ ...........။
အို ..........အဖ
နှစ်ပေါင်း ထောင်ကျော်ကပင်
ကဝေ အတက်နန်.
ကျိန်စာတိုက်ထားရေ
မိစ္ဆာညာဏ်ရှင်တိ လက်က
အဂုထိ ရုန်းမထွက်နိုင်သိမ့်ပါ ...............။
အို .........အဖ
ငရို.အသျှင် မုနိမြတ်လည်း
အသွင်မတူရေ
မျိုးခြား ပြည်ခြားမာ
မှိုင်တိုင်တိုင် နန်.
အဂုထိ မပြုံးနိုင်သိမ့်ပါ ......................။
အို ..........အဖ
အဖ လက်ကျန်တိလေ့
ထိုပြုခံရ ဒေပြုခံရ
ထိုတစ်စု ဒေတစ်စု နန်.
အနာဂတ်မှာ ရင်သန်ထမြောက် ဖို.
ရောင်ခြည် ရှာမတွိသိမ့်ပါ ...............။
အို ...........အဖ
ရီငတ်နိန်ရေ
သားချေ၊ သမီးချေတိကို
ဒေတိုင်း ပစ်မထားပါကေ့
ဒေပိုင်ခါးသီးရေ
ညဥ့်အမှောင်ထဲက
လွတ်မြောက်ပနာ
အဖ နန်.ဆုံတွိဖို.
အကျွန်ရို.တိ နှလုံးသွီးတိကို
ပူဇော်ခွင့် ပီးပါ အဖ ...................................။
အေးမောင်(ရင်အုံတော်ဓာတ်)

Saturday, July 9, 2016

အနာသိကေလည်း


 
ကိုယ်ရို့အချင်းချင်း ယုံကြည်မှုကင်းနီသရိ
ညီညာမှု မတည်ဆောက်နိုင် --။

သမိုင်းကိုမကြည့် လက်ဝါးကြီး အုပ်ချင်စွာရာသိရေ
ပကတိ တိုင်းပြည် တင်ပြကေလည်း မယုံ
တစ္ဆီပူး အကြောက်သန်နီရေပိုင် --။

သူများကိုလည်း မယုံ သူရို့ကိုလည်း ယုံလို့မရ
ပေါင်းမိခါမှ ထိုဖဲ့ပီး ဒေဖဲ့ပီးနန့်
ကြာကေ (ဗျ) ရာကျန်ယင့် --။

ကုလားမနိုင် ရခိုင်ကိုမီး
အခုက မီးဖို့အစား
မဲထားလာစွာ ဇာလောက်ကြာဗျာယ်လဲ --။

ကြည့် - - - ပင်လယ်ပင်စွပ်တိကိုပင်
လက်ဝါးထက်တင်ဖို့ကိန်း ဆိုက်နီဗျာယ်
ယကေလည်း ဒေနိထိ အတွက်မခံကတ်သိမ့်
ညောင်မြစ်ကို နှုတ်ဖို့တက်စား
ညောင်ရွက်ကို လိုက်ကောက်နီရေ
ကောက် - - - ကောက်
ဇာလောက်မကြာ ရင်ဆာဆာနန့်
အနာသိကေလည်း ကုထုံးဆီး မပီးမိရေအတွက်
အနာကပြန် သမိုင်းပီးဒဏ်နန့်
ပက်လက်လန်ရေဘ၀ ရောက်ဖို့
စဉ်းစားထား စဉ်းစားထား --။

သိန်းနောင် (ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ အမှတ် (၂၀))

Thursday, June 16, 2016

လီညှင်းမရိုင်း မုန်တိုင်းမသင်း

ဘုရင်မင်းဘာကြီး
မာစီဒီးမစီးခရစွာ
သရော်စရာလား…။
လေဒီဒိုင်ယာနာ
လျှာပူအာပူမစားဖူးခ
ရှုတ်ချစရာလား…။
မာစီဒီမစီးရကေလေ့
မင်းဘာကြီးဘဝမှာ
ကန်ကမကန်စည်းစိမ်တိ
ဂုဏ်ရှိန်မလျှော့….။
လျှာပူအာပူမစားရကေလေ့
မိဘုရားလောင်းဒိုင်ယာနာ
လျှာအရသာခံစရာ
အရာစွာတိအပြည့်….။
သူ့ခေတ်သူ့အခါ
သူ့နိန်ရာသူ့ဒေသ
ဒေချင့်ကအဟိ
ထိုချင့်ကိုမသိ
မဟိကာယေကေ…..လို့
ရှည်လျှားပေတံ၊ အခြီခံနန့်
ဝေဖန်စရာမလို
တဖက်မြင်အပျက်တိနန့်
ငယ်ထိပ်ကိုဖနောင့်တိုက်
ကထိုက်ကရိုက်စွပ်စွဲ
အယူကွဲခံ၊ အငြင်းသန်ရေ
ပေတံအဆိုး….။
ဖဲ့ချိုးဝေးပလိုက်
ခေတ်စနစ်အချိန်အခါ
ကာလဒေသပယောဂကို
အလှပချိန်ဆ၊ နားလည်ရဖို့
မျှတလျော်ကန်၊ အယူမှန်ရေ
ဝေဖန်ရေးလီညှင်း
ပန်းသသတင်းဆောင်ပနာ
လောကပြတင်းကိုဝင်လာနိုင်ဖို့အတွက်
နက်ဖြန်ခါ မုန်တိုင်း…။
(မှတ်။ ။ “သူ့နေရာသူ့ဒေသ” ကို “သူ့နိန်ရာသူ့ဒေသ”
“ရှည်လျှားပေတံ၊ အခြေခံနန့်” ကို “ရှည်လျှားရေ ပေတံ၊ အခြီခံနန့်” လို့ပြောင်းသုံးလိုက်ပါရေ။
ကဗျာချစ်သူ)
………….
စစ်တွေညိုသန့်

Wednesday, May 11, 2016

ရခိုင် ဆိုစွာ

ရခိုင်ဆိုစွာ..
တယောက်တည်းထိုင် လဒမှိုင်လို့ ပျင်းရေဆိုပနာ အဖော်ရှာရေ --။
ရခိုင်ဆိုစွာ..
တယောက်က နှစ်ယောက် စုပြီးအဖော် ရပြီးသော်ကား ပျော်ရေဆိုပနာ ပုလင်းကိုင်လို့ ဇာတိနာကို ထုတ်ပြရေ -
ရခိုင်ဆိုစွာ..
အယစ်ရည်ဖတ် ကိုယ့်ခြီထောက်ကို ကိုယ့်မနိုင်ခါ
“ငါ့ဝေး…ရခိုင်” ပုလင်းကိုင်းယင်း အမျိုးချစ်ကြောင်း ဖင်ဟောင်းလောင်းနန့် ခတောင်းမပါ လူတိရှိမှာ ရူးခြင်းပေါ်ရေ --။

Thursday, March 3, 2016

အပျိုရည်ပျက် မြို့ကျောက်ဖြူ


ကျောက်ဖြူရဲ့ ပွိုင့်ကမ်းခြေမှာ
အပန်းဖြေစရာကောင်းပေမယ့်
ဝိသမလောလသားတွေရဲ့ အပြုအမူကြောင့်
သဘာဝတွေပျက်စီးနေရပြီလေ။

တချိန်ကဆိုရင်
ကျောက်ဖြူဆိုတာ
သဘာဝအတိုင်း လှချင်တိုင်းလှနေတဲ့
မယ်မဒီတစ်ယောက်လိုပေါ့။

ခုတော့
ကျောက်ဖြူဆိုတာ
မုဒိန်းကျင့်ခံလိုက်ရတဲ့
ပျိုမယ်တစ်ယောက်လို ဖြစ်နေပြီလေ။

နောက်ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ
ကျောက်ဖြူဆိုတာ
HIV/AIDS ရောဂါသည်လိုများ
မဖြစ်လာနိုင်ဘူးရယ်လို့
ဘယ်သူများ အာမခံနိုင်မှာလဲ။

Wednesday, March 2, 2016

မြောက်ဦး

ဓါတ်ပုံ ရခိုင်အင်တာနက်
Kyauk Phru Youth Net added 3 new photos.
ရင်အုံပေါ်မှာ အီကွေတာကခုန်လို့
ကျောရိုးထဲ ဝင်ရိုးစွန်းပုန်းနေတဲ့မြို့
မန္တလေးကို စာဖွဲ့တဲ့"ကစ်ပလင်း"မသိ
ပုဂံကို စာဖွဲ့တဲ့"ဇော်ဂျီ " စာမသီတဲ့ ငါ့မြို့လေ---။
မီးလောင်ပြင်ထဲက
မီးသွေးထက်ဝက်အိမ်တိုင်တွေလို
မိုးခေါင် ကပ်ဆိုက်တဲ့ခါ
မြေမှာဒူးထောက်၊ ကောင်းကင်ကိုတိုင်တည်တဲ့
ကမ္ဘာဦးလူသားတွေလိုမြို့ရိုးတံတိုင်းပျက်တွေနဲ့ ငါ့မြို့
သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ
ရာဇဝင်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့
ဆယ့်ရှစ်ရာစုတီကောင်တွေ

Friday, February 19, 2016

ရခိုင် ကဗျာ အစီစိုင် - သောက်ခါမပြောကောင်း



မောင်္ဂလာပါ
MAP Radio FM 102.50 MHz ရခိုင်တိုင်းရင်းသားဘာသာ အစီးစိုင်ကို အားပီးနားထောင်နီဂေတ်တေ ရခိုင်သူ ရခိုင်သားအပေါင်းရို့ကိုအေနိမှာတော့ ရခိုင်ကဗျာ ချေတိကို ထုတ်လွှင့်လားဖို့ဖြိုက်ပါရေ.. အေနိမှာ ထုတ်လွှင့်လားဖို့ ကဗျာချေတိ သောက်ခါမပြောကောင်း ၊ရခိုင်စာ ၊ရခိုင်ပြည်က ဖုန်း နဲ့ ဖောက်ပြန်နိန်သော သတ်ပုံတခု ဆိုရေ ကဗျာချေတိပင် ဖြိုက်ဂတ်ပါရေ.. ဒေအပါတ်မှာတော့ အွန်လိုင်း Recoder ပျက်နီလို့ အသံဖိုင်ကို မတင်ဖြိုက်လိုက်ပါရာ... စာသားကိုပဲ တင်ပီးလိုက်ပါရေ..
Date . 15.2.2015
Time: 17:00:18:00
DJ . Zin Myo

သောက်ခါမပြောကောင်း -
-------------------------
အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီး မင်းဘာ ဝေသာလီ သျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
ဒေးဝန်းကြီးအကြောင်း သျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအောင်အကြောင်း ဦးရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မေသေမေ၀ါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း

Saturday, January 30, 2016

ရခိုင့်ဂုဏ်ရောင်

အကျွန် ရခိုင်ပါ.....

ပန်းတိုင် လိုက်လီပြီးလီလား
ကြိုးစားလာစွာ နှစ်ပေါင်းလဲ ကြာနိန်ဗျာလ်
လလွတ်လလပ်ပျံသန်းဖို့
ဆုံးရှုံးလားရေ အသက်သွီးပေါင်း ရီတွက်လို့လဲမနိုင်..

စည်းလုံးကတ်မယ် ညီညွတ်ကတ်မေ
အဖရခိုင်မြီ ငါ့ရို့လက်မှာ ရှင်သန်ဖို့တွက်
ကိုယ့်အတ္တကိုယ် တန်ဖိုးထားပနာ
ကိုယ်ကျိုးစွန့်လို့ မလုပ်နိုင်ကတ်
လုပ်တေလူကိုပင် စော်ကားချင်ရေ လူကရှိသိ့ရေ...

ကိုယ့်အချင်းချင်း သွီးကွဲနိန်ကေ
ဇာလူမျိုးက လာအထင်ကြီးဖို့လဲ
ဇာပင်လုပ်လုပ် ရခိုင်ဆိုရေ
ဂုဏ်ရောင် သင်းနလီအောင်
ရခိုင်သားတိမှာ တာဝန်အပြည့်ပါ...

Thursday, November 12, 2015

ရခိုင်တို့၏ တူရိယာစည် တီးခတ်ခြင်း



အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာ သုခုမဂီတတို့ သည် ရခိုင်ပြည်နယ်သို့ နွှယ်ယှက်ဆက်ပွားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ဂီတများသည်လည်း ထိုမှဆက်နွှယ် ခြင်းကို ပညာရှင်တို့ လေ့လာသိရှိ နိုင်ခဲ့၏။

ရခိုင်နှင့် ပန်သဇင်

မိုးရာသီကုန်ဆုံးလျှင် ဟေမန္တဆောင်းဥတုသို့ ကူးပြောင်းလာသည်။ ထိုအခါ ဆီးနှင်းစိုစွတ်လျက် မြောက်လေ စုတ်လေ တစ်သုတ်သုတ်ထ၍ ချမ်းအေးလာသည်။ ထို့ကြောင့် ရခိုင်စာဆို ဆရာထွန်းက...

"မိုးလေးလဆုံး ၊တန်ဆောင်မုန်းလ
သာရဒတွင်၊ ၀သန်ကုန်နှောင်း
ဟေမာန်ပြောင်းလျက်၊ ဒေါင်းနှင့်ယုန်ပျံ
ဘုံနဘံဝယ်၊ ကြုံစံကာတွေ့" ဟူ၍ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌စပ်ဆိုထားခဲ့သည်။
ထိုဆောင်းလအခါတွင် မြောက်လေပြန်ခေတ်လိုက်လျှင် သဇင်ရနံ့လည်း ကြိုင်သင်းခဲ့ရလေသည်။ သဇင်ပန်း ပွင့်ချိန်မှာ နတ်တော်လ၌ အစပြုသည်။ တပို့တွဲလတွင် သဇင်ပန်း အဆုံးတိုင်တော့သည်။

ထို့ကြောင့် "သဇင်ပေါ်စ နတ်တော်လ၊ သဇင်လည်းပွဲ တပိုတွဲ" ဟု ရခိုင်တို့က မှတ်တမ်းစကား ပြောလေ့ရှိ လာခဲ့ကြသည်။

ထိုကိုရည်၍ "မြောက်လေပြန်နှင့်၊ ဟေမန္တဟု၊ လနတ်တော်မှာ၊ ဂေါ်သဇင်ခိုင်၊ ပန်းမွှေးကြိုင်ကို ဟူ၍ သတ္တ ထာနု သာချင်း၌ ဆရာထွန်းက စပ်ဆိုမှုပြုခဲ့ခြင်း ဖြစ်သည်။


ဆရာဦးအောင်ထွန်းကလည်း ၄င်း၏ "၀ံသာနုလွမ်းမပြေ သာချင်း"တွင် "ဆန်းလနတ်တော်၊ သဇင်ပေါ်ကေ၊ ဟေမာဥတု" ဟုစပ်ဆိုမှု ပြုခဲ့လေသည်။


သဇင်ပန်းသည်"နန်းတော်သူဆင်၊ ပန်းတော်ဝင်သဇင်ကုံးကို"ဟူ၍ ဆိုသောကြောင့်ရခိုင်ပြည်နယ်၌ အထွတ် အမြတ်ဆုံး စံတင် ပြုထားခြင်းခံရသော ပန်းလည်းဖြစ်သည်။ ထိုသဇင်ပန်းကို ထွတ်မြတ်သော ဘုရား၊ တ ရား၊ သားသမီး ရတနာ၊ ချစ်သူမောင်တို့၌ ဥပမာတင်စား၍ ခိုင်းနှိုင်းရာ၌ အသုံးပြုကြောင်း တွေ့ရသည်။

Monday, October 12, 2015

လှမ်းလာလတ်ပါမေ...လခြမ်းမြီ

  • ရိုးမနဲ့တောင်တန်းတိကာရန်ထားရေ

    ငါရို့မြီ

    'လ' ခြမ်းပုံသဏ္ဍန်.

    လခြမ်းမြီခေါ်

    ချစ်စရာရခိုင်မြေကို

    တခေါက်ချေပင်မရောက်သီးလို့

    အ၀ီးကငေး

    လှမ်းမျှော်မိပါရေ လခြမ်းမြီ

    သမိုင်းရာဇ၀င်ထွန်းလင်းပြောင်လို့

    စေတီပုထိုးပေါများလှရေ

    အမျိုးဂုဏ်နန့်သီလဂုဏ်စောင့်ထိန်းကတ်တေ

Thursday, October 8, 2015

အို --- အမိသျှင်


သတင်းတိမ်ဖျား
 
ဘုံးဆင့်မြင့်အောက်

အမိစံရိပ် ဓညခေတ်နှင့်

ခေတ်လေးဆက်က

ရွှေထီးဆောင်းချိန်

လူမဖြစ်တေ ငါရခိုင်သူ

အမိအပါး ကဗျာရတု
 သခြင်းတေးဖွဲ့ စာလက်ဆောင်ကို

သီကုံးဖွဲ့လို့ ဆက်သရေသူ

ငါ မဖြစ်ခ -----!!!!!!

တိမ်ညိုဖုံလို့

လရောင်ကွယ်ပျောက်

ရာဟုမျိုကေ အမိငိုသံ

မြို့ ရှိ မြို့ နောက်

ရင်စည်တီးဗျာလ်

လိုင်စင်းခံချိန်

ဓါးရင်းကို ကိုင်

အမိရှိက ရပ်စောက်မတ်မတ်

ငါ မဟိခ ------!!!!!

ဂုဏ်သိမ်ညိုးနွမ်း မျက်နှာမွဲမ

အမိပါးမှာ အမှူးအကျွေး

ခြီဆုပ်လက်နှယ် ဦးဂေါင်းကချွေး

 ခြီမကျအောင် ငါမဆောင်ခ ။

သမိုင်းဆိုရေ

ကျောက်ဖြစ်ရုပ်ကြွင်း

စာမျက်နှာထက်

ကျွန်မ အဖြစ်

အမိဘဝ ဆံဖြူ ဖားလား

ရုပ်အိုကြွင်းက မာန်ကုန်ယွင်းလို့

လှဲပြို ကျချိန် အမိအပါး

ငါ မဟိခ ------!!!!!

ဖေးကူအမှီ ကျောက်တိုင်အဖြစ်

အစိုင်စစ်ကို တည့်ကူမတ်သူ

အမွီဆက်ဖို့ ငါရခိုင်ဟု

တော်လှန်ရေးသူ

ငါ မဖြစ်ခ ------!!!!!


သမုဒ္ဒရာ ဝမ်းတထွာအောက်

လက်ပစ်ကူးလို့ ကျွန်စာတတ်ပြီး

ကြီးလာပြင်းလာ ဤရခိုင်သူ

အမိရုပ်ကြွင်း အုတ်ဂူဟောင်းကို

မရောက်ဖူးသူ အိမ်ပြိုအောက်က

အနင်းဖက်ခံ သမီးမွဲမှာ

ပညာယုတ်လတ် နန်းသစ်မြန်းကို

အမိအတွက် အိမ်မက်နန့်ပင်

မဆောက်နိုင်ခ -----!!!!

ဒေသမီးချေ ဘုမေကြီးလေ

အမိဝတ်ဖို့ ကြိုးကြီးချိတ်ကို

ရက်လို့ထားမယ် အမိစားဖို့

ဖွယ်ရာမျိုးစုံ ချက်လို့ထားမည်

အမိအတွက် နန်းရင်ပြင်မှာ

ပန်းစုံပန်းလှ ပန်းဥယာဉ်ကို

ကိုယ်တိုင်စိုက်လို့ထားပါမည် ။


အို အမိသျှင် အချိန်နှောင်းမှာ

လူဖြစ်လာရေ ဒေအမိုက်မ

ရခိုင်သူချေ ကျောက်ပုံကြားက

မြစ်ဖျားချေမှာ အမိကိုတ

အမိပြန်လာ လွမ်းစာဖွဲ့လို့

ငိုခြင်းစီဗျာလ် ငိုခြင်းရွီးကေ


အမိဝိညာဉ် နန်းရာဒေါင့်က

လိပ်ပြာပြန်ကပ် ကုန်းရုန်းထဗျာလ်

အမိအသက် သွီးကြောတိုင်းမှာ

ဗြန်းဗြန်းကြီးတုန် နှလုံးခုန်ကေ

အမိပြန်ထနိုင်ပါစီ ----။

စောစစ် ( ဒေဝီ )

Wednesday, September 23, 2015

ချစ်လှစွာသော ရွာကလေး

ရွာကလေးဟာ
လယ်ယာမြေကျောပြု
ပင်လယ်နဲ့သွန်းထု
ယဉ်ကျေးမှုဖွေရှာ
ရခိုင့်ဝမ်းစာဗေဒ
ဒေသဈေးကွက်
ဒေါ်လာအေးစက်
ချွေးထွက်မနက်ဖန်
ဆားငန်ရေဂီတ
အဖျားသွေးမကျ
ရာသီနဲ့အတိတ်တမ

မေထွီးရို့ ခေါ်သံ

မောင်ကြီး…..မောင်ကြီးရို့ နီကောင်းကတ်တေမနား ရပ်ဝီးရပ်ခြားမှာ ရောက်နိန်ရေ မောင်ကြီးရို့အတွက်လေ မေထွီးရို့ ရက်ပြတ် ကြောင့်ကြနိန်ရေသိလာ….။ အလုပ်အကိုင်တိက အဆင်ပြေကတ်တေမနား….။ မောင်ကြီးရို့ ရောက်နိန်ရေ နီရာတိက တိုးတက်တေ အဆင်မြင့်ရေဆိုကေလေ့….. မေထွီးရို့ ရွာကို မမိန့်လီကေ့နန်း….။ မေထွီးရို့ မောင်ကြီးရို့အတွက် ဒေရွာချေစော် အနွီးထွီးဆုံးပါ မောင်ကြီး..။ ရွာမှာလေ ဘုရားပွဲဖြစ်ဖြစ် ဇာပွဲပင် ကျကျ မောင်ကြီးရို့ကို ကောင်းအတွက်ပေါ်ရေ။ မင်းကြီးရို့ရာ စစုံလလင်းဟိဖို့ကေ လေဇာလောက်ပျော်ဖို့ ကောင်းမယ်မသိ။ မောင်ကြီးရို့နန့် မှိုဟင်းခူးစောင်လားကတ်စော်တိကိုလေ့ ရက်ပြတ် အတွက်ပေါ်ရေကာ မောင်ကြီး။ ကောင်းပျော်ဖို့ ကောင်းခရေ အချိန်တိက မေထွီးရို့ ရင်ထဲမှာ အဂုထိ ပုံရိပ်ထင်နိန်တုန်းပါ မောင်ကြီး။ ယကေလေ့သော့မောင်ကြီး မေထွီးရို့ ရွာမှာလေ အယင်ပိုင် ပျော်ဖို့မကောင်း ဗျာယ်။ ရွာမှာ လူဆန်းတိလေ့ ကန်ကမကန်အဂု…အဖြူ၊ အမဲ

Sunday, June 7, 2015

ညီညွတ်ပါလီလေးဝတီ

ထွန်းကားခလီ ၊ ရခိုင်မြီ၌
နီထိုင်လုပ်သား ၊ ရခိုင်သားရို့ 
ကြိုးစားပါလီ ၊ ညီညွတ်စီ။
လေးဝတီကား ၊ ရခိုင်အားလေ
ခွဲခြားစိတ်များ ၊ အ၀ီးထားပြီး
သွီးသားစိတ်ဝင် ၊ ညီကိုပင်ဟု
ရင်ထဲမှတ်ထား ၊ ကြိုးစားကတ်။

Wednesday, May 27, 2015

အဘာလေး မွန်းရေ မွန်းရေ......

ဟုတ်ကဲ့ ခင်ဗျား
အမေ ယခိုင်
အဖေ မျန်မာပါ
ကျူပ် ယခိုင်ပျည်ဂျီးကို
ချစ်ပါဒေ...။
(
အီးယောင်လေး)
ဟုတ်ကဲ့ ချိန့်
အမေ ယခိုင်
အဖေ ယခိုင်...ပါ
ယန်ကုန်မှာ ကျီးဒါပါ
ယခိုင်လိုဒေါ့ မပျောတက်ဗူး
ယခိုင်ပျည်ကို
မယောက်ဖူးဗူး...။
(
ဘားဘာလေး)
ဟုတ်ပါယင့်
အမိ ရခိုင်

Monday, May 25, 2015

မြို့စစ်တွေကပုံပြင်

အ၀ီးရောက်ငါ့လိပ်ပြာ
လွင့်မျှောရေ
ယင်းတနေရာမှာ
ကြားဖူးကတ်လာ
မြို့စစ်တွေလတ်......

ယင်းမြို့မှာ...
တချိန်က
မြူနှင်းဖြတ်လျှောက်တေ
အနီရောင်အကျီဝတ်
ကောင်မချေတယောက်ရှိရေ..........

ရခိုင်သမဖြူမချေ ရခိုင်စာကိုရွီးကတ်မေ

(မချေ)
ရခိုင်သမဖြစ်ပြီးကေ
ရခိုင်ပိုင် မရွီးကေ
ကိုယ့်အမိအဖကို စော်ကား
ကိုယ့်စွာကိုယ်လည်း သိက္ခာချစွာနန့်
တူနီဖို့ယေ --။

ရခိုင်တေးခြင်းတိနားထောင်
ရခိုင်ကဗျာတိကိုဖတ်
ရခိုင်ဝတ္ထုတိကိုခံစား
ရခိုင်သမနှလုံးသားနန့်
ရခိုင်သားကို ချစ်တတ်ခါမှရာ
အမျိုးသီလနှစ်ဌါနကို
ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ဖို့ယေ --။

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် မ တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်