Sunday, January 4, 2015

မြန်မာတွေ အတုယူအားကျသင့်တာက Happy New Year နေ့ ကျင်းပပုံတွေ မဟုတ်ပါ။

မြန်မာတွေ အတုယူအားကျသင့်တာက
Happy New Year နေ့ ကျင်းပပုံတွေ မဟုတ်ပါ။
သီဟိုဠ် ကျွန်းငယ်လေးရဲ့ ဗုဒ္ဓနေ့ ကျင်းပကြပုံတွေသာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံ မှာ
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်လပြည့်နေ့ကို အထူးခြားဆုံး နေ့လို့  သတ်မှတ်ပြီး ပွဲတော်ကို (၇) ရက်ခန့် ကျင်းပကြတယ်။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်းမှာ သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။
ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ပြီး ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးတွေ အလှဆင်လို့  မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲတွေ မရှိပေမယ့် အလွန်စည်ကားတယ်။

ရွာကနေ မြို့ပေါ်ကို လာကြတဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပါဘူး။
စေတနာရှင်အချို့က မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေတွေ
အချို့ကတော့ မဏ္ဍာပ်ဆောက်ပြီး ထမင်း၊ ဟင်း စတုဒိသာအလှူတွေ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်တွေမှာ စပီကာနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးကြတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးတွေဟာ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။
တံမြက်စည်းလှည်း ဗောဓိပင်ကို ပူဇော်၊ သီလခံယူ ပရိတ်ရွတ် ဘာဝနာပွားတာတွေကို ပြုလုပ်ကြတယ်။
ဒါကတော့ သီဟိုဠ် သီရိလင်္ကာနိုင်ငံရဲ့ ဗုဒ္ဓနေ့ ကျင်းပကြပုံတွေပါ။
မြန်မာပြည်အနေနဲ့လည်း အကျင့်ကောင်းကို အတုယူ
ကျင်းပသင့်ပါတယ်။
Happy new year မှာ အိပ်ရေးပျက်ခံ
ပိုက်ဆံကုန်ခံပြီး အချိန်ကုန်တာထက်
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓပွဲတော် ကျင်းပဖို့ 
အတုခိုးတာက ပိုပြီး နည်းလမ်းကျပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ
နန္ဒမာလာဘိဝံသကလည်း
""သီရိလင်္ကာနိုင်ငံမှာ နှစ်လလောက်က ကြိုပြီး “ဝေဆာခ်ကဒ်” ဆိုတာ (ခရစ်စမတ်ကဒ်လို) ထုတ်ဝေကြတယ်။
မြတ်စွာဘုရားဟောတဲ့ ဒေသနာတွေ၊ ဘုရားပုံတော်တွေနဲ့ ဂရီးတင်းကဒ်တွေ သူငယ်ချင်းတစ်ဦးနဲ့ တစ်ဦး၊ ဗုဒ္ဓဘာသာတွေ တစ်ဦးနဲ့ တစ်ဦး ပေးပို့ကြတယ်။
ဗမာပြည်မှာ အဲဒါလုပ်သင့်တယ်။ ""
(ယနေ့ လူသားများရဲ့ မနက်ဖြန်ကမ္ဘာ စာ-၂၆)
ဆိုပြီး သတိပေးတိုက်တွန်းတော်မူဖူးပါတယ်။
‪#‎ငြိမ်းလဲ့‬ မြရိပ်

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်