Monday, June 20, 2016

နဝရူပ - ဗျာလ Arakanese Byala

နဝရူပ - ဗျာလ Arakanese Byala

Date . 20.6.2016
Time: 10:00:18:00
D J   . Zin Myo
နဝရူပ - ဗျာလ Arakanese Byala
==================
ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်းမှာ သူတို့ရဲ့ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ရှိခဲ့ကြပါတယ်။ အလားတူပင် ကျနော်တို့ ရခိုင် လူမျိုးမှာလည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု တစ်ခုရှိခဲပါတယ်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံမှာပင် လူအတော်များများ မသိရှိ ကြသေးပါတခြားကို မပြောပါနဲ့ ကျနော် ဇင်မျိုးဟာလည်း ရခိုင်ပြည့်နဲ့ အောက် ဗမာပြည်မှာ နေခဲ့စဉ်ကလည်း ဒီ အရုပ်ကို ဘာမှန်း မသိခဲ့ပါဘူး ရခိုင်လူမျိုးတွေရဲ့ အရုပ်ဆိုတာကိုတော့ သိပါ တယ် ဘာအရုပ် ဘာ သင်္ကေတဆိုတာကိုတော့ အခုလက်ရှိ ထိုင်းနိုင်ငံကိုရောက်မှသာ ကျနော် လေ့လာမှုရ သိရှိရတာဖြစ်ပါတယ် လိမ်ပြောတာမဟုတ်ပါ အမှန်ပြောတာပါ ။ ဒီခေတ်မှာတော့ အင်တာနက် တွေ ခေတ်ကောင်းလာတော့ ဆိုရှယ် မီ
ဒီယာတွေ ကောင်းလာတော့ ဘာမဆို သိနိုင်ကြပါပြီ ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာကို မသုံးဖြစ်ကြတဲ့သူတွေ ဖြစ်စေ သုံးပေမဲ့လည်း သတိမထားမိကြသူတွေဖြစ်စေ ဗဟုသုတ ရစေရန် ထပ်ဆင့် ဒီ MAP Radio ကနေ ပြောပြပေးလိုက်ပါတယ် ။  အဲဒီ  အရုပ်တွေကိုဘယ်မှာတွေ့နိုင်မှာလဲဆိုတော့  ရှေးဟောင်း စေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွေ့ရှိနိုင်ပါသည်။ ယင်း သတ္တဝါကို ရခိုင် လူမျိုးတို့က ဗျာလ” ဆိုပြီးတော့ ခေါ်ဆို ခဲ့ကြပါတယ်။ အဆိုပါ သတ္တဝါ မှာရခိုင် လူမျိုးတို့၏ ရှေးရိုး စဉ်ဆက်တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တဝါဖြစတယ်
အဲဒီ ဗျာလကို သတ္တဝါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင် ရှိသော သတ္တဝါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တဝါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် နဝ ကိုးမျိုးသော. ရူပ ရုပ်အင်္ဂါ ခန္ဒာ ဗျာလ လတ်လာဘတ် ကောင်းသောဆိုပြီးတော့ လည်းခေါ်သည်။ အဆိုပါ နဝ ရူပ ဗျာလရုပ်တွင် ပါရှိသည့် သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်း တို့ကို အနည်းငယ် ရှင်းပြပါမယ် -
၁. ဆင်နှာမောင်း
၂. သမင်မျက်လုံး
၃. ကြံ့ချို
၎. ကြက်တူရွေးလျှာ
၅. ငါးကြင်းကွက်
၆. ဒေါင်းအမြီး
၇. မြင်းနားရွက်
၈. ကျားအစွယ်
၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။


အဲသလို ထူးခြားသော စွမ်းအင်ရှိသည့် အစိတ်အပိုင်းတွေကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တဝါ ၏ ထူးခြားမှုကို ရည်ညွှန်းထားတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဗျာလတွင် ပါရှိသည့် အစိတ်အပိုင်းများ အနက် ကြက်တူရွေးလျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ စကား ပရိယာယ် ကြွယ်ဝခြင်း ဆိုတာက ရခိုင်လူမျိုးတို့ဟာ လိမ်လည်ခြင်း မဟုတ်မှန်သောစကားများပြောခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။ သူတပါးအပေါ်မှာ မမှန်သောစကားမဆိုရ နဲ့ အဲမှာပါတဲ့ ဒေါင်းအမြီးဟာ လှပ တင့်တယ် ခြင်းကို လည်းကောင်း လှပတင့်တယ်ခြင်းဆိုတာက မိန်းကလေးတွေ ယောင်္ကျားလေးတွေ လူရုပ်တွေ လှပတယ်ပြောတာ မဟုတ်ပါ မနော ဆိုတဲ့ စိတ်သဘောထား ဖြူစင်ခြင်းကို ဆိုလိုပါတယ်။တချို့သော ရခိုင်တွေက  စိတ်ထား ဖြူစင်းတာ လွန်ကဲပြီးတော့ နုံတယ် “အ” အဆင့်ကိုတောင် ရောက်ရှိသွားကြပါတယ်။အဲသလိုပါပဲ  မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါတယ်
အဆိုပါ သတဝါ ကိုးမျိုး တိုရဲ့ အစိတ်အပိုင်းနဲ့ တန်ဆာ ဆင်ထားတဲ့ သတ္တဝါကို ထားရှိ ခြင်းအားဖြင့် အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စေတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စေတတ်၏ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွေ့ ရှိရတယ်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ မင်္ဂလာ အခမ်းအနားများ ၌ သုံးစွဲသော အသုံး အဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရှိရပါသည်။ ရခိုင်လူမျိုး တို့၏ ရှေးဟောင်း အထိမ်းအမှတ် တခုဖြစ်သော နဝ ရူပ ဗျာလကို ကျောင်းကန် ၊စေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသော အစောင့် အရှောက် သတ္တဝါ အဖြစ် ထားလေ့ရှိပါသည်။
တက်ထွန်းနီ(မြောက်ဦး)၏ ရခိုင်ဗျာလ် မှကောက်နုတ်ထား။


နဝရူပ ဗျာလ ခေါ် ဗျာလ် 

အိမ်တွင်ဆောင်ထားကြသော ဗျာလ် ရုပ်

အိမ်တွင်ဆောင်ထားကြသော ဗျာလ် ရုပ်

ရခိုင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် ရှိဗျာလရုပ်

ဗျာလ ရုပ်များ


0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်