Showing posts with label ဖတ်စရာတိ. Show all posts
Showing posts with label ဖတ်စရာတိ. Show all posts

Wednesday, June 14, 2017

လူမျိုးခြားကို လက်ငါးချောင်းမပီးလီကဲ့

ဓါတ်ပုံ - ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး (AGYO)
ဒေဟင့်က အကျွန်တော် (၂၀၀၁) နှစ် ဧပြီလက ရန်ကုန်သို့လာဖို့ခါ အဘောင်သျှင်မှာလိုက်တေ စကားတခွန်းပါ။ အကျွန်တော် ရန်ကုန်သို့လားဖို့အတွက် ရွာကနီပနာ စစ်တွေသို့ မထွက်ခင် မိုးထက်ဘက်မှာ အဘောင်သျှင်က ကျွန်တော့ကိုခေါ်ပြီးကေ ငါ့မြီးချေ ငါ့မြီးချေအတွက် အဘောင်သျှင် လူကြီးသူမတိ လက်ဆင့်ကမ်းခရေ စကားတခွန်းကို မှာလိုက်ချင်ရေဆိုပနာ ဒေစကားကိုပြောလိုက်စွာပါ။ အဘောင်သျှင်က ဇာပြောလဲဆိုကေ “လူတိုင်းလူပြည်မှာ ဘ၀ကြီးပွါးရေးအတွက် လားရောက်နီထိုင်ရကေလည်းသော့ လူမျိုးခြားကို လက်ငါးချောင်း မပီးလီကဲ့” လို့ အဘောင်သျှင်က ပြောပါရေ။
ကျွန်တော်လည်း အဘောင်သျှင်ပြောစွာကို နားမလည်လို့ လက်ငါးချောင်းကို မပီးလီကဲ့ဆိုစွာ ဇာအဓိပ္ပါယ်ပါလဲလို့ ပြန်မီးကြည့်လိုက်တေ။ ယေခါ အဘောင်သျှင်က ကွမ်းတစ်ယာယာပနာ အကျွန်တော့ကို ယှင်းပြပါရေ။ ငါ့မြီးချေ လူ့ဘ၀မှာ တိုးတက်အောင်မြင်ဖို့အတွက် အရိုအသေပီးသင့်ရေလူကို အရိုအသေပီးရဖို့။ ယင်းပိုင် အရိုအသေပီးရေခါ ငါ့မြီးချေ လက်ဆယ်ချောင်းကို အသုံးပြုလို့ အရိုအသေပီးလီ။ ငါ့မြီးချေ တိုးတက်အောင်မြင်လိမ့်မေ။
လူတယောက်မှာ လက်ချောင်းချေ ဆယ်ခုစီပါရေမလား၊ လူကြီးသူမတိကို အရိုအသေပြုရေခါ ဆယ်ချောင်းလုံးကို အသုံးပြုရရေ။ လူ့သဘာအရ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ယာသားပြုရေခါ သမက်တက်ပွဲမှာ ယောက်ျားဘက်က လက်ငါးချောင်းနန့် မမဘက်က လက်ငါးချောင်းကို ပေါင်းစပ်ပီးကတ်တေ။ ယင်းချင့်ကို အိမ်ထောင်ပြုရေလို့ ခေါ်ရေ။ ယင်းပိုင် အိမ်ထောင်ပြုရေခါ ငါ့မြီးချေရေ ရခိုင်မဟုတ်တေ လူမျိုးခြားနန့် အိမ်ထောင်မပြုလီကဲ့လို့ အဘောင်သျှင်က ပြောချင်စွာ။
လူမျိုးခြားကို လက်ငါးချောင်းပီးလိုက်ကေ ကိုယ့်ဘ၀နစ်နာရေ။ ကိုယ့်လူမျိုး၊ ကိုယ့်ယိုင်ကျေးမှု၊ ကိုယ့်အစိုင်အလာတိ ဆုံးယှုံးတက်တေ။ ငါ့မြီးချေကို အဘောင်သျှင်ရို့ ထိန်းသိမ်းခရေ အမွီအနှစ်တိကို ဆက်လက်ထိမ်းသိမ်းစီချင်ရေ။ အဘောင်သျှင်က ယင်းပိုင်ပြောပနာ အဆုံးသတ်လိုက်ပါရေ။ အကျွန်တော်လည်း အဘောင်သျှင်နားမှာ တနားထိုင်ပျာ ရှိသုံးကြိမ်ခိုးပနာ ပြန်ထပါလတ်တေ။
အကျွန်တော့် အဘောင်သျှင်စကားကို ရခိုင်သူ၊ ရခိုင်သားရို့အားလုံး စောင့်ထိန်းနိုင်ပါစီ။
(ရန်နိုင်စိုး)

Tuesday, January 19, 2016

မပြောဘူး မလာနဲ့ = ရခိုင်ပေါက်တူး သာလှဦး


******************************************
Brave Heart
တခါက မောင်တောက ကျောင်းဆရာ မောင်ဖြူချေ တယောက် ငါးခူရ ရွာတွင်
ကျောင်းဆရာဘဝနှင့် တာဝန်ကျလျှက် ဟိသည်။
တရက်နိတွင် ရန်ကုန်က မြန်မာကျောင်းနီဖက် သူငယ်ချင်းတယောက်
မောင်တော မြို့ သို့ အစိုးရ ဝန်ထမ်း တာဝန်နှင့် ပြောင်းလာ ရမည် ဖြစ်ကြောင်း
သတင်းရသည် ။ သို့ဖြင့် သူငယ်ချင်းအား မောင်တော မြို့ သို့ ရောက်လျှင်
မိမိ တာဝန် ကျလျှက် ဟိရာ ငါးခူရ ရွာသို့ လာလည်ရန် ဖိတ်ကြားလိုက်သည်။
သူငယ်ချင်းလည်း စနီ တနလင်္လဂုနီ ယုံးပိတ် ရက်တွင် သူ့ သူငယ်ချင်း
ကျောင်းဆရာ ဟိရာ ငါးခူရ ရွာသို့ လည်ဇောင် ရောက်လာသည်။
ရွာကို ရောက်၍ ကျောင်းဆရာ မောင်ဖြူချေ အိမ်ကို မီးကြည့်ရာ ကန်ဘောင်နား
က သံဖြူ မိုး၍ အိမ်ဖြစ်ကြောင်း လမ်းညွန်ပီးလိုက် ကတ်သည် ။ အိမ်သို့
ရောက်သော အခါ သူငယ်ချင်း မောင်ဖြူ ချေ မှာ အိမ်၌မဟိ ပုဇွန်ကန်သို့
ရောက်လျှက် ဟိသည် ။ သို့ဖြင့် သူငယ်ချင်း မယားသည်ကို

Saturday, October 3, 2015

ရခိုင်စာသင်ရိုးဖတ်စာအုပ်က ဆရာတိအတွက်အမှာစာ



ရခိုင်စာကို မူလတန်း အောက်ဆင့် သူငယ်တန်း၊ ပထမတန်းနန့် ဒုတိယတန်း တိမာ လာဖို့ စာသင်နှစ် စလို့သင်ဖို့ အတွက်နန့် ကြားရရေ ခါကပင် ဝမ်းသာခရေ။ ရခိုင်စာကို ရခိုင်တိ သင်ခွင့်ရရေ အတွက်နန့် မျိုးဆက်သစ် အချေတိ အတွက် အားရစရာပါ။ ယေဇူးနန့် ပြည်နယ်အစိုးရက ရခိုင်ပြည်တဝှမ်းက ရခိုင်သမိုင်းသုတေသီ ပညာရှင် ဝါသနာရှင်တိနန့် ရခိုင်စာသင်ရိုးပြုစုရေးကော်မတီ ဖွဲ့စည်းပနာ ရခိုင်စာသင်ရိုး ဖတ်စာ အတွက် ပြင်ဆင်ကတ်တေ။ စိတ်ဝင်စားရေ အကျွန်ရို့က စောင့်ကြည့် နားထောင် ဖြစ်တေ။ ဂုဆိုကေ ရခိုင်စာ သင်ရိုးဖတ်စာ အချောသတ် ပြီးစီးလို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြပနာ ထုတ်ဖို့ရာ ကျန်ဗျယ်။ ပြီးပြည့်စုံရေ သင်ရိုး ဖတ်စာ မဖြစ်သေးကေလေ့ ပထမ ခြီလှမ်းအတွက်နန့် ကျေနပ် မိရေ။ Mail ပို့ပီးရေ လေ့လာခွင့်ပီးရေ ကော်မတီဝင် တဦးဖြစ်တေ ဆရာကြီးကိုလေ့ ကျေးဇူးတင်ပါရေ။

Sunday, July 12, 2015

အဓိပ္ပါယ်မဲ့ အကြောင်းအရာတစ်ခုကို အဆုံးသတ်ပီးခြင်း

ရခိုင်သားတိုင်း ငြင်းဖူးကတ်၊ ပြောနီကတ်တုန်းဖြစ်တေ အဓိပ္ပါယ်မဲ့ အကြောင်းအရာတစ်ခုကို အဆုံးသတ်ပီးခြင်း” တနိ့က ကျွန်တော့်အစ်ကိုမာ လုပ်ဖေါ်ကိုင်ဖက်တတိုင်နန့် စစ်တွေကမ်းယောင်က စားသောက်ဆိုင်တစ်ဆိုင်မာ တွိကတ်လီရေ။ အစ်ကိုဘော်ဒါဆိုကေလေ့ ကျွန်တော်နန့်က ကြီးပေါင်းဆိုခါ တစ်ယောက်နန့်တစ်ယောက် အားနာဗယ။ ကျွန်တော်ရောက်တေအချိန်မာ စကားဝိုင်းက အင်တန်ချေပြင်းထန်နီယာယ်။ ငြင်းနီကတ်တေ အကြောင်းအရာက ရခိုင်သားတိုင်းအားလုံးနီးပါး ငြင်းခုန်ဖူးကတ်တေ (ဘုရာစင် နန့် ဘုရားကျောင်း)အသုံးအနှုန်း ပြသနာ။ ကျွန်တော်လေ့ အေကိစ္စကို တောက်ချီးခါနီစွာ ကောင်းကြာယာယ်။ ယေဇူးနန့် စကားဝိုင်းထဲကို ခြီဆင်းမပျိုးဘဲ လုံးပေါက်စကားတစ်ခွန်းနန့် ခုန်ဝင်လိုက်တေ။ “(ငါရို့မာ ဘုရားကိုစင်နန့်မထား ကျောင်းနန့်ရာထားရေ) ဆိုစွာအကြောင်းကို ဂိုးဂို အယင်စိုင်းစားမိစွာလာ၊ ဆိုလိုစွာက အေကိစ္စအတွက် Pioneer သည် ဂိုးဂိုလာ” “ဟုတ်တေ ကျွန်တော်လွန်ခရေ တစ်နှစ်လောက်ကပင် စိုင်းစားမိလို့၊ အေချင့်တစ်ခု ပြောင်းသင့်ရေဆိုဗျာလ် ငြင်းနီကတ်စွာ” “ဘုရားစင်လို့ သုံးမိခီစွာနန့် ပြသနာရှာရေ ((မင်းရို့မာ ဘုရားကို စင်နန့်ထားလာ၊ ငါရို့မာက ကျောင်းနန့်ထားရေ ))

Wednesday, May 27, 2015

ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်



အေ အြော့င်းရာချေကို ဆုံးအောင် ဖတ်ကပါ အမျိုးရို့လေ ဖြစ်ရပ်မှန်ချေပါ
”အမိ ကျောင်းမှာအာစရိယပူဇော်ပွဲလုပ်ဖို့ ဖေသာ ၃၀၀ စီထည့်ရဖို့”
လေးတန်းကျောင်းသားချေ အောင်မြတ်ထွန်း ကျောင်းကအပြန်အိမ်ကို ရောက်ရောက်ချင်း လွယ်အိတ်ကို ဝေးချပနာ အမိနားကပ်ပြောလိုက်တေ။ မိစောနု သက်ပြင်းတချက် ချလိုက်မိရေ။ လင်ယောင်္ကျားသီလားစွာ ၄ နှစ်ပြည့်ဖို့ဗျာယ်။ လင်သည်သက်ဟိထင်ရှားဟိနီခါ ဒေကိစ္စတိကို မပူခရ။ ချစ်လင် မြတ်ထွန်းဦးက မြန်မာ့ဆိပ်ကမ်းက အစိုးရဝန်ထမ်းတယောက်ပါ။ တတောက်ပပြောင်မဟိကေလည်း ဒေကိစ္စချေတိကိုမပူခရ။ သူမအလုပ်က အိမ်တွင်းရီးကိစ္စ။ အချေတိကိုအိမ်တွင်းကနီ လိုအပ်စွာတိ အားလုံးလုပ်ပီးရေ။ သူမမှာ သမီးနှစ်ယောက်။ သားတယောက်။ အကြီးဆုံးသမီး ဦးသိန်းနုက လွန်ခရေနှစ်က ဆယ်တန်းအောင်လားပြီးဗျာယ်။ သားချေအောင်မြတ်ထွန်းက ဒေနှစ်လေးတန်း။ သမီးထွီး နုသဲဖြူက သုံးတန်း။ သမီးကြီးက ဆယ်တန်းအောင်ဗျာယ်ဆိုခါ အိမ်တွင်းရီးကိစ္စ စိတ်မပူရ။ သူမ ဈီးထွက်ရောင်းတိုင်း အစစအရာရာကို သမီးကြီးက ဒိုင်ခံလုပ်ပီးရေ။ အဖမဟိရေနောက်ပိုင်း မောင်ချေနန့် နှမချေကို အစရာရာပြုစု ဂရုစိုက်ပီးရေ။ ဖေသာမတတ်နိုင်လို့ အချေတိညကျောင်း မထားနိုင်ကေလည်း သမီးကြီးက သူရို့နှစ်ယောက်ကို စာပြပီးရေ။ လိမ္မာရီးခြားဟိရေသမီး၊ သမီးကြီးအမိအရာဆိုရေအတိုင်း၊ အမိနန့် လောင်းကူလှော်ဖက်ရရေ။

အဘာလေး မွန်းရေ မွန်းရေ......

ဟုတ်ကဲ့ ခင်ဗျား
အမေ ယခိုင်
အဖေ မျန်မာပါ
ကျူပ် ယခိုင်ပျည်ဂျီးကို
ချစ်ပါဒေ...။
(
အီးယောင်လေး)
ဟုတ်ကဲ့ ချိန့်
အမေ ယခိုင်
အဖေ ယခိုင်...ပါ
ယန်ကုန်မှာ ကျီးဒါပါ
ယခိုင်လိုဒေါ့ မပျောတက်ဗူး
ယခိုင်ပျည်ကို
မယောက်ဖူးဗူး...။
(
ဘားဘာလေး)
ဟုတ်ပါယင့်
အမိ ရခိုင်

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် မ တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်