ရခိုင် မျိုးနွယ်စုတွေဖြစ်ကြတဲ့ မြိုတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် ပုံရိပ်တချို့တွေပါ
-----------------------------------------------------------
ရှေးယခင် ရခိုင်ဘုရင်များလက်ထက် မြို၊ ၊ ခမီ လူမျိုးများသည် များသောအားဖြင့် ဗုဒ္ဓ ဘာသာဝင်များသာ ဖြစ်ကြပါသည်။
နတ်ကိုးကွယ်မှု က အနည်းအကျဉ်းသာရှိကြသည်။
ရခိုင်ပြည်တွင်
ခမီ၊ မြို၊ လူမျိုးစုများသည် မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပြီးနောက်ပိုင်း (1824 ) ခုနှစ်မှ ယနေ့ ထိ နှစ်ပေါင်းများစွာ တောတောင်ထဲတွင် ဆင်းရဲစွာ နေထိုင်ကြသော အသိဥာဏ် ဗဟုသုတ နည်းပါးသည့် ကျေးရွာများရှိ ( ခမီ) လူမျိုးများနှင့်( မြို
)လူမျိုးစု များကို ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ စည်းရုံးခဲ့မှုကြောင့် (ခမီ) မျိုးနွယ်စု တစ်ချို့နှင့်( မြို ) မျိုးစုတစ်ချို့ သည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သွား ကြ သည်ကို တွေ့မြင်လာရ ပါသည်၊
ဘာသာကိုးကွယ်မှု ကွဲလာသည်နှင့်အမျှ ထိုမျိုးနွယ်စုများ
အတွင်း ဗုဒ္ဓ ဘာသာဝင် နှင့် ခရစ်ယာန်ဘာသာဝင် လူမျိုးတူ များသည် တစ်ရွာနှင့်တစ်ရွာ တစ်အုပ်စုနှင့်တစ်အုပ်စု မသင့်မမြတ်ဖြစ်လာကြသည်။ ယနေ့သော်
အဆိုးဆုံးက ထိုမျိုးနွယ်စု အွန်လိုင်းသုံး
လူငယ်များတို့သည် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် မိမိမျိုးနွယ်စုအချင်းချင်း စကားနာထိုးကာ စိတ်ဝမ်း ကွဲမှု အမုန်းစကားများပြောလာကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်
လာရပါ သည်။ ဤသည်ကို သက်ဆိုင်ရာ မျိုးနွယ် စုခေါင်းဆောင်များ
အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ
အဖြေရှာသင့်ပါအကြံပြုလိုပါ သည်။ နောင်မျိုးဆက်သစ်လူငယ်များသို့ ဤပြသနာကို ဆိုးမွေအဖြစ် မကျန်ရစ်စေရန် ယနေ့မျိုနွယ်စုခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်ဟု ခံယူကာ
အမြန်ဖြေရှင်း သင့်ပါသည်ဟု တိုက်တွန်းလိုပါသည်။
နောက်တစ်ခါ ရခိုင်မျိုးနွယ်စုများထဲတွင် ဘာသာကွဲသွားသည့် မြိုလူမျိုး နှင့် ခမီမျိုးနွယ်စုများ တွင် လူမျိုးအမည်ပြောင်းခြင်းပြသနာသည်လည်း တစ်စတစ်စ ကြီးထွားလာနေသည်ကိုတွေ့မြင်လာရပါသည်။ မိဖဘိုးဘွား
မျိုးရိုးအဆက်ဆက် ခမီလူမျိုးဖြစ်ရဲ့သားနဲ့ ခမီးလူမျိုးထဲမှ
တစ်ချို့သည် ခရစ်ယာန် ဓမ္မဆရာများ၏ စည်းရုံးမှုကြောင့်သော်၎င်း၊ နိုင်ငံရေးပါတီများ၏ စည်းရုံးမှု ကြောင့်သော်၎င်း ဗုဒ္ဓဘာသာမှ
ခရစ်ယာန်ဘာသာသို့ပြောင်းကာ လူမျိုးအမည်ကိုလည်း ခမီလူမျိုး အမည်မခံယူတော့ဘဲ မိမိတို့လူမျိုသည် မြိုလူမျိုးဖြစ်သည်ဟု အမည်ခံယူလာ ကြသည်ကို တွေ့ရပါသည်။ သိုသော် ထိုမြိုလူမျိုးအမည်ခံယူထားသောသူတို့၏
မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများက သူတို့သည် မြိုလူမျိုးမဟုတ်ကြောင်း ခမီလူမျိုးသာဖြစ်ကြောင်း ပြောကြသည်ကိုလည်း ကြားခဲ့ရပါသည်။ မြိုလူမျိုးအစစ်တို့ကလည်း