မောင်ကြီး…..မောင်ကြီးရို့
နီကောင်းကတ်တေမနား ရပ်ဝီးရပ်ခြားမှာ ရောက်နိန်ရေ မောင်ကြီးရို့အတွက်လေ မေထွီးရို့ ရက်ပြတ်
ကြောင့်ကြနိန်ရေသိလာ….။ အလုပ်အကိုင်တိက အဆင်ပြေကတ်တေမနား….။ မောင်ကြီးရို့ ရောက်နိန်ရေ
နီရာတိက တိုးတက်တေ အဆင်မြင့်ရေဆိုကေလေ့….. မေထွီးရို့ ရွာကို မမိန့်လီကေ့နန်း….။ မေထွီးရို့
မောင်ကြီးရို့အတွက် ဒေရွာချေစော် အနွီးထွီးဆုံးပါ မောင်ကြီး..။ ရွာမှာလေ ဘုရားပွဲဖြစ်ဖြစ်
ဇာပွဲပင် ကျကျ မောင်ကြီးရို့ကို ကောင်းအတွက်ပေါ်ရေ။ မင်းကြီးရို့ရာ စစုံလလင်းဟိဖို့ကေ
လေဇာလောက်ပျော်ဖို့ ကောင်းမယ်မသိ။ မောင်ကြီးရို့နန့် မှိုဟင်းခူးစောင်လားကတ်စော်တိကိုလေ့
ရက်ပြတ် အတွက်ပေါ်ရေကာ မောင်ကြီး။ ကောင်းပျော်ဖို့ ကောင်းခရေ အချိန်တိက မေထွီးရို့ ရင်ထဲမှာ
အဂုထိ ပုံရိပ်ထင်နိန်တုန်းပါ မောင်ကြီး။ ယကေလေ့သော့မောင်ကြီး မေထွီးရို့ ရွာမှာလေ အယင်ပိုင်
ပျော်ဖို့မကောင်း ဗျာယ်။ ရွာမှာ လူဆန်းတိလေ့ ကန်ကမကန်အဂု…အဖြူ၊ အမဲ စုံနိန်ရေ မောင်ကြီး။
ပြဿနာတိလေ့ တခုပြီးကေ တခု ကောင်းစိတ်ပင်ပန်းရရေ မောင်ကြီး။ စိတ်ပင်ပန်းရရေ ဆိုစော်ထက်
ရွာအစွန်ပိုင်းက လူတိဆိုကေလေ ရင်တထိတ် ထိတ်နန့် နိနန့် ညဥ့်ကို ဖြတ်သန်းနိန်ကတ်ရရေ။
ရွာမှာ အယင်ကပိုင် စစည်းပပင်မဟိ၊ လူတိလေ့ စစုံလလင် မဟိဗျာယ်ဆိုခါလေ ဇာက ဇာက လူတိမှန်းမသိ
ဝင်ချင်ပိုင်ဝင် ထွက်ချင်ပိုင်ထွက် အားမနာလုပ် ကတ်တေ။ ထိုတလောကဆိုကေလေ ယင်းလူတိ ဓါးမြရဝင်
တိုက်တေ ရွာကို။ ရွာအစွန်ပိုင်းမှာ ဆိုကေ အဆိုးဆုံးဗျာယ်။ ယင်းတွက် ရွာစွန်ပိုင်းကလူ
ရင်တထိတ် ထိတ်နန့် အသက်ရှင်နိန် ကတ်ရရေယေ မောင်ကြီး….။ ဒေအဖြစ်တိကို ဝါ မောင်ကြီးရို့
ကြားကတ် တေမနား။ မောင်ကြီးရို့ ရင်ထဲမှာလေ့ ဒေါသတိ ပေါက်ကွဲနိန်ဖို့လို့ မေထွီး ယုံရေသိလာ။
အော် နောက်တခု ပြောရဖို့သိ။ ရွာတောင်ပိုင်းက မောင်ကြီးရို့ မေထွီးရို့ ပပျော်ရရွင်
နိန်ခတေ နေရာကိုသိရေ မနား…။ ပြောရဖို့ဆိုကေ ယင်းနီရာစော် မောင်ကြီးရို့ မေထွီးရို့
ရွာသားတိအတွက် အသက်သွီး ကြောဗျာယ်မနား။ ရွာက လူတိလေ့ ယင်းမှာ ယာခင်းလုပ်၊ တောင်ယာလုပ်၊
ပြီးကေ ရွာသားတိ အတွက် အချက်အချာ ကျရေနီရာလေ။ အဂုဆိုကေက မောင်ကြီး ပြောပြဖို့တောင်
မတတ်လိုက် ဗျာယ်မောင်ကြီး…….။ ပြောယင်းနန့် မေထွီး ငိုတောင် ငိုချင်လာဗျာယ်မောင်ကြီး။
အဂု ယင်းနေရာမှာ မြို့က လူတတိုင်နောက်နိန်ကတေ။ ယင်းနီရာက အပင်တိကို ခွပ်ပနာ အဂု သူရို့
မြို့ကို ပို့ဖို့လုပ်နိန်ရေ။ မေထွီးဘာဘာရို့ ရွာကဘကြီးရို့ လုပ်ကိုင်စားသောက်နိန်ကတ်တေ
ယာခင်းတိလေ့ မရလိုက်ဗျာယ်။ ယင်းမြို့က လူတိ ဝါးဒရံ ကာပနာ ဇာတိ လုပ်နိန်ကတ်မှန်းမသိမောင်ကြီး။
မေထွီးရွာလေ အယင်ပိုင်မဟုတ်ဗျာယ်။ ယင်းချင့်တိ မောင်ကြီးသိယင့်လား။ အဆုံး ရွှာက လူတိ
ဟိုးအယင်ကပင် သုံးလာရေ ရတွင်း(ရီတွင်း)တောင် မရလိုက်ဗျာယ်။ ယင်းမြို့က လူတိ စက်ပစ္စည်းတိ
တတ်ပနာ ဇာတိ လုပ်နိန်မှန်းမသိ။ ရွာကလူတိ ရတွင်းနားကိုတောင် မကပ်ရ။ ရွာမှာသုံးဖို့ ရစက်(ရီစက်(သို့)
တွင်ကီ) တလုံး တပ်ပီးထားရေ။ ဇာပိုင်ပျင်လို့ ယင်း ရစက်တလုံးနန့် ရွာသားတိ သုံးလို့ရဖို့လဲ။
ယင်းချင့်နန့် မပြီးယင်း ရစက်တလုံး တတ်ပီး စော်ကို ပြောလို့ မကျီဗျာယ်။ သူရို့ လုပ်ပီးထားကြောင်းဂျေးဗျာယ်
ပြောနိန်ရေ။ ရတွင်း တတွင်းလုံး သိမ်းထားပနာ။ မေထွီး ပြောယင်းနန့် ဒေါသလေ့ ထွက်လာရေပိုင်
မျက်ရည်တိလေ့ ကျပါလတ်ဗျာယ် မောင်ကြီး။ မောင်ကြီး….တနားချေနန်း….. မေထွီး လက်ကိုင်ပဝါ
တခေါက်ယူလိုက်မေ…………………………။ မျက်ရည်တိ ထိန်းမရနိုင်ဗျာယ်မောင်ကြီး…..။ ပြောရဖို့ဆိုကေ
ရွာမှာ ဖြစ်ပျက်နိန်စော်တိက ဒေလောက်တည်း မဟုတ်မောင်ကြီး…. ပြောဖို့ဆိုကေ ဆုံးဖို့ မဟုတ်ဗျာယ်။
မောင်ကြီးရို့ရာ လာလို့ ကြည့်ခလိုက်ကတ်ဖိ။ အဂုဆိုကေ ရွာမှာ မောင်ကြီးရို့ ပိုင် အားကောင်းမောင်းသန်
ယောက်ျားဆိုလို့ မဟိဗျာယ်။ မေထွီးရို့ပိုင် မမတိက လွဲကေ နို့သောက်နန့် ဒုတ်ထောက်တိဗျာယ်ကာ
မောင်ကြီး။ ယင်းပိုင် ဆက်လားဖို့ ဆိုကေ ရွာကို အသူက အားနာဖို့လဲနန်း။ မေထွီးလေ ရင်ထဲမှာ
ဆို့ပနာ ခံစားရရေမောင်ကြီး။ မောင်ကြီးရို့ ဇာခါပြန်လာ ကတ်ဖို့လဲ။ ရွာနန့် မေထွီးရို့ကို
မိန့်မထားပါကေ့။ မေထွီးရို့ ရက်ပြတ် မောင်ကြီးရို့ အလာကို စောင့်နိန်စော်ပါ။ မောင်ကြီးရို့
အယင်လာလတ်ကတ်နန်း။ ဒေစာချေကို ဖတ်နိန်ယင်း မောင်ကြီးမျက်လုံးထဲမှာ ဒေရွာချေကို မြင်မိကေ
မောင်ကြီးရို့ အယင်ပြန်လာကတ်နန်း……။ တော်ဗျာယ်မောင်ကြီး….မေထွီး ဆက်မရွီးချင် ဗျာယ်……
မေထွီးရင်ထဲမှာ ဆို့လို့ အသွီးအသားတိ တုန်ပါလတ်တေ…………။
မောင်ကြီးရို့
လက်ဆောင်လှနန့် အိမ်ပြန်နိုင်ကတ်ပါစီ။
မေထွီး
ရွီးသားသူ
- မင်းဝသုန်
၃၁ မေ ၂၀၁၃
0 comments:
Post a Comment