Showing posts with label ရခိုင်စာပီ. Show all posts
Showing posts with label ရခိုင်စာပီ. Show all posts

Sunday, January 14, 2018

Friday, January 13, 2017

ရက္ခိုင်ပြက္ခဒိန်

ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိ ရ သည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။
ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေ သေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍ လည်း ရေး ထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။

Wednesday, August 10, 2016

ရခိုင့် နွားလားဥဿဘ

ရခိုင်ပြည်နေရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်များကို သမိုင်းရုပ်ကြွင်းများအဖြစ် တွေ့ရသည်။ ဓည၀ တီ ခေတ်မှသည် မြောက်ဦးခေတ်အထိ နွားလားဥဿဘရုပ်များကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ များတွင်လည်းကောင်း၊ ဗုဒ္ဓ၀င်အုတ်ခွက် ကျောက်ခွက်များတွင်လည်းကောင်း၊ ငွေဒင်္ဂါးများတွင် လည်းကောင်း၊ ပုရပိုက်မော်ကွန်းများတွင် လည်းကောင်း၊ ၁၂-လရာသီ စက် လက္ခဏါများတွင် လည်းကောင်း၊ ထွင်း ထု သွန်းလုပ်ခဲ့ကြသည်များကို တွေ့ရသည်။
အချို့သော သုတေသီများက နွားလားဥဿဘသည် သီဝဘုရားသခင်နှင့် ကြိချတော်ဘုရားသခင်တို့၏ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကြသည်။ ရခိုင်မှ နွားလား ဥဿဘရုပ်များသည် အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း ဖြစ်မည်။ ရှေးခေတ် ရခိုင်တို့သည်လည်း နွားလား ဥဿဘရုပ်များကို ကိုးကွယ် ကြသည်။ ဟိန္ဒူ ဘာသာဝင်များသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည်။

ဤသို့ယူဆခြင်းမှာ တစိတ်တဒေသအားဖြင့် မှန်ကန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ရှေးခေတ်ရခိုင် ပြည်၌ ရာဇာဌာနီမင်းနေပြည်များ ထွန်းကားခဲ့သဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ မှီတင်းနေထိုင် ခဲ့ကြ ပေမည်။ ယင်းအထဲတွင် ဟိန္ဒူဘာသာဝင် နန္ဒိနွားလားကို ကိုးကွယ် ခဲ့ကြသူများလည်း ရှိကောင်း ရှိပေလိမ့် မည်။

Wednesday, June 29, 2016

ရခိုင်စာပီလှုပ်ယှားမှုကို အရှိန်မြှင့်တင်လားကတ်ပါမေ


လူမျိုးတမျိုးမှာ ဘာသာစကားစာပီပျောက်ကွယ်လားနိန်ခြင်းရေ ယင်းလူမျိုး နိဂုံးချူပ်ဇာတ်သိမ်းမျိုးပြုန်းမျိုးတုံးလားဖို့ အတွက် သီဒဏ်အချခံထားရစွာနန့် တူနိန်ရေ။ ဘာသာစကားစာပီပျောက်စွာနန့်  လူမျိုးတမျိုးဖြစ်ပေါ်လာရေ ယိုင်ကျေးမှု လေ့ ရပ်လားတတ်တေ။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ၊ သမိုင်း၊ ဆီးပညာ တိ အားလုံးစွာ ဘာသာစကားစာပီမှာ အခြီခံထားစွာ ဖြစ်လို့  ဘာသာစကားစာပီစွာ လူ့ အဖွဲ့ အစည်းတိုင်းပြည်နိုင်ငံတိ၏အသက်လို့  ကမ္ဘာ့နိုင်ငံရေးသိပ္ပံပညာသျှင်တိ အားလုံးက လက်ခံထားကတ်တေ။
ရခိုင်ပြည်မှာ ၀တီလေးရပ်ဟိစွာကို ရခိုင်သားတိုင်းသိကတ်တေ။ ဒေ လေးဝတီမှာ နိန်ထိုင်ကတ်တေ ရခိုင်သားတိ စကားပြောကတ်တေခါ လီသံကွဲကတ်စွာကိုလေ့ ရခိုင်သားရခိုင်သမတိုင်းက သိရေ။ ယေကေလေ့ ရခိုင်ရို့ သမိုင်းမှာ တရားဝင်ရခိုင်နိုင်ငံသုံးဘာသာစကားစွာ တခုတည်းရာ ဟိခရေ။ အေ တမျိုးတည်းကို ရခိုင်ပြည်သားအားလုံးက နားလည်ရေ လက်ခံကျင့်သုံးခကတ်တေ။ အဂုလေ့ ကျင့်သုံးနိန်ကတ်တေ။
နိန်ရာဒေသနန့် လိုက်ပနာ လီသံ (ဒေသန်တရဘာသာစကား) ကွဲခြင်းရေ ကမ္ဘာ့နိုင်ငံတိုင်းပြည်တိုင်းမှာ တွိကတ်ရရေ။ အင်္ဂလန်မှာ လန်ဒန်က အင်္ဂလိပ်တိစကားပြောစွာနန့်  လီဗာပူးက အင်္ဂလိပ်တိစကားပြောစွာ လီသံမတူကတ်ပါ။ ဂျာမဏီနိုင်ငံမှာလေ့ ယင်းပိုင်ဗျာယ်။ BMW ကားထုတ်တေ ဘိုင်ယန် (ဘီဘရီယာန်) ပြည်နယ်က ဂျာမန်တိ

Wednesday, May 11, 2016

ရခိုင် ဆိုစွာ

ရခိုင်ဆိုစွာ..
တယောက်တည်းထိုင် လဒမှိုင်လို့ ပျင်းရေဆိုပနာ အဖော်ရှာရေ --။
ရခိုင်ဆိုစွာ..
တယောက်က နှစ်ယောက် စုပြီးအဖော် ရပြီးသော်ကား ပျော်ရေဆိုပနာ ပုလင်းကိုင်လို့ ဇာတိနာကို ထုတ်ပြရေ -
ရခိုင်ဆိုစွာ..
အယစ်ရည်ဖတ် ကိုယ့်ခြီထောက်ကို ကိုယ့်မနိုင်ခါ
“ငါ့ဝေး…ရခိုင်” ပုလင်းကိုင်းယင်း အမျိုးချစ်ကြောင်း ဖင်ဟောင်းလောင်းနန့် ခတောင်းမပါ လူတိရှိမှာ ရူးခြင်းပေါ်ရေ --။

Friday, February 19, 2016

ရခိုင် ကဗျာ အစီစိုင် - သောက်ခါမပြောကောင်း



မောင်္ဂလာပါ
MAP Radio FM 102.50 MHz ရခိုင်တိုင်းရင်းသားဘာသာ အစီးစိုင်ကို အားပီးနားထောင်နီဂေတ်တေ ရခိုင်သူ ရခိုင်သားအပေါင်းရို့ကိုအေနိမှာတော့ ရခိုင်ကဗျာ ချေတိကို ထုတ်လွှင့်လားဖို့ဖြိုက်ပါရေ.. အေနိမှာ ထုတ်လွှင့်လားဖို့ ကဗျာချေတိ သောက်ခါမပြောကောင်း ၊ရခိုင်စာ ၊ရခိုင်ပြည်က ဖုန်း နဲ့ ဖောက်ပြန်နိန်သော သတ်ပုံတခု ဆိုရေ ကဗျာချေတိပင် ဖြိုက်ဂတ်ပါရေ.. ဒေအပါတ်မှာတော့ အွန်လိုင်း Recoder ပျက်နီလို့ အသံဖိုင်ကို မတင်ဖြိုက်လိုက်ပါရာ... စာသားကိုပဲ တင်ပီးလိုက်ပါရေ..
Date . 15.2.2015
Time: 17:00:18:00
DJ . Zin Myo

သောက်ခါမပြောကောင်း -
-------------------------
အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီး မင်းဘာ ဝေသာလီ သျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
ဒေးဝန်းကြီးအကြောင်း သျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအောင်အကြောင်း ဦးရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မေသေမေ၀ါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း

Saturday, January 30, 2016

အသားဖြူချင်ရေ ရခိုင်သမ ညီမချေတိသို့

အခုနောက်ပိုင်း (အလှပြင်ပစ္စည်း) တိမှာ Mercury လို့ခေါ်ရေ လူ့အသားအရီမှာ ကင်ဆာဖြစ်နိုင်လောက်တေ ဓာတ်တိပါဝင်ရေ အသားဖြူလိမ်ဆီး ဆိုရေ(lotion) တိ ကကောင်းခေတ်စားလာစွာနှင့်ပတ်သက်ပြီးကေ ရင်ထဲမှာ ကျိတ် မနိုင်ခဲမရ ဖြစ်လာလို့ အေဆောင်းပါးကို မျှဝီပီးလိုက်ရခြင်းဖြစ်ပါရေ။
ရခိုင်ပြည်၊ မြန်မာပြည်နှင့် အာသျှပိုင်းဒေသနိုင်ငံတိမှာ “အသားဖြူမှ တော်ဝင်ရေ ထက်မြက်လှပရေ” ဆိုရေအယူအဆ ဇာပိုင်ပေါ်ထွန်းလာရေလဲလို့ ပြန်ကောက်ဖို့ဆိုကေ ထိုးလွန်ခရေနှစ်ပေါင်းရာကျော်က ကိုလိုနီခေတ်ကို ပြန်ပြီးကြည့်ဖို့လိုပါရေ။အနောက်နိုင်ငံသားတိ (အထူးသဖြင့် ဥရောပသားတိ) စွာ ကိုလိုနီခေတ်တလျှောက်လုံးမှာ အဖြူရောင်အသား၊ ရွှေဝါရောင်ဆံပင်၊ နှာတံချွှန်ရေ ရုပ်ရည်ပိုင်သျှင်တိမှ ထက်မြက်တေ ထူးချွှန်မြင့်မြတ်တေဆိုရေ အတွေးအခေါ်ကို အာသျှ၊ အာဖရိကနှင့် အမေရိကရို့မှာ နောင်းနောင်းရိုက်သွင်းပစ်ခပနာ လူဖြူတိ၏ profile ကိုမြှင့်တင်ရာမှာ ကကောင်းအောင်မြင်ခကတ်တေ။

Tuesday, January 19, 2016

ရခိုင်ပေါက်တူး သာလှဦး

သာလှဦးအကြောင်း
သာလှဦးဆိုသည်မှာ နာမည်နှင့်လိုက်အောင် သာလည်းသာ လှလည်းလှ ဦးလည်းဦးသူဖြစ်သည်။ သူသည် သူ့ကိုသူ ရခိုင်စာပီသုတေသီကြီးအဖြစ် အလှပလှ ဘ၀င်မြင့်လျှက်ဟိသည်။ ရခိုင်စာပီနှင့်ပါတ်သက်၍ ဆောင်းပါးများစွာ စာအုပ်များစွာ ရွီးသားထုတ်ဝီပြီးဖြစ်သဖြင့် ပရိသာတ်ထောက်ခံမှုအား အပြည့်အ၀ရဟိထားသူဖြင့်သဖြင့် မိမိကိုယ်ကို ကောင်းကောင်း ကြေနပ်အားရဖြစ်လျှက်ဟိသည်။ သို့သော် သူ၏စိတ်ထဲမှာ တခုခု ဘ၀င်မကျဖြစ်လျှက်ဟိသည်။ တခြားသော ရခိုင်စာပီပညာသျှင်များမှာက သတ်ပုံတယောက်တလုံးကျစီ ပိုင်ပိုင်နိုင်နိုင်ဖျက်ဆီးနိုင်လိုက်ပြီးဖြစ်သည်။ ဖျက်ဆီးဖို့ သတ်ပုံမကျန်လိုက်ပျာဖြစ်လို့ သူ့ခမျာ အကြံမရအကျပ်ရိုက်နီသည်။ တခါတရီ (ဤ) ကို (ကျွဲ) ပြောင်းကေကောင်းဖို့လား စဉ်းစားကြည့်သည်။ ပြောင်းခါနီးဆဲဆဲ နာမည်ကြီးစကားပုံကို လားပြောင်းခီကေ လူသိပြီးသား နာမည်မရ ကော်နှက်ခံရဖို့ ဆိုပျာ နောက်ဆုတ်လိုက်သည်။ (၏) လည်း မကျန်လိုက်ပျာ။ (မှာ) လည်း မကျန်လိုက်ပျာ။ ပြောင်းဖို့ကျန်ရေအလုံးက (ဤ) နှင့် (၍) (၌) အေသုံးလုံးရာကျန်ပျာ။ တခါတခါ (ဤ) ကို (ဣေ) ပြောင်းကြည့်ကေ ကောင်းဖို့လား စိတ်ကူးရသည်။ ဖြစ်တန်ခြေဟိသည်။ (၌) ကို (နှိုက်) လို့ ပြောင်းခီပြန်ကေလည်း အယင်ခေတ်က ခေတ်ဟောင်းစာပီတိမှာ ဟိခပြီးသား။ မသိနားမလည်ရေ အချေတိပါးမှာ မျက်နှာရကေလည်း စာပီဗဟုသုတ အနည်းအကျဉ်းဟိရေ လူတိပါးမှာ အဆဲကျဖို့ နောက်ဆုတ်လိုက်သည်။ (၍) ကို ကျခါ ငါးဂဏန်းကို ပွတ်တင်လိုက်ကေ (၅ိ) ဖြစ်တေ။ အရာတယောက်လည်း မလုပ်သိမ့်။ လူမလုပ်သိမ့်ရေ အလုပ်ကို လုပ်မှ ပါရဂူဖြစ်ဖို့ မဟုတ်ကေ နောက်လိုက်ကျည်း ရက်ပြတ်ဖြစ်နီဖို့။ ရခိုင်စာပီလောကမှာ သတ်ပုံမဖျက်ရ မချင်း

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်