Showing posts with label အေနိရခိုင်. Show all posts
Showing posts with label အေနိရခိုင်. Show all posts

Sunday, June 12, 2016

Monday, May 30, 2016

သီတာထွေးထိုးတဲ့ ခေါင်းလောင်းသံကို ဘယ်နှနှစ်ကြာကြာ မမေ့ဖို့ လိုတယ်


မသီတာထွေး အသတ်ခံရတာ ဒီကနေ့ လေးနှစ်ပြည့်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်က ၂၀၁၂-ခုနှစ် မေလ (၂၈) ရက်နေ့ ညနေငါးနာရီလောက်မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်ကျေးရွာသူ အသက် (၂၆) နှစ် အရွယ် ရခိုင်အမျိုးသမီးငယ် မသီတာထွေးဟာ စက်ချုပ်သွားသင်တဲ့ ကျောက်နီမော်ကျေးရွာကနေ မိမိနေထိုင်ရာ သပြေချောင်ကျေးရွာသို့ လမ်းလျှောက်ပြန်လာခဲ့တယ်။ အရင်နေ့တွေက အဖော်တွေပါနေကျပေမယ့် အဲသည်နေ့ အပြန်ဖော်မရှိလို့ တစ်ယောက်တည်းပြန်လာခဲ့ရာမှာ လူခြေပြတ်ရာ ပြန်လမ်းမှာ ရှိနေတဲ့ မူဆလင်လူငယ်သုံးဦးရဲ့ လုယက်မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။

နောက်တစ်နေ့ (၂၉-၀၅-၂၀၁၂) ရက်နေ့ မနက်ကိုးနာရီကျတော့မှ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မသီတာထွေးရဲ့အလောင်းကို ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က ကာရီဆည်ဘောင် အဟောင်းပေါ်မှာ တွေ့ကြရတယ်။

Saturday, May 21, 2016

ဆရာတော် သီဝလိ - ဟောကြားတော်မူသော မည်သူမပြုမိမိမှု ကိုယ်ပြုသည့်ကံကိုယ်သာခံ (a4)

ဆရာတော် သီဝလိ - ဟောကြားတော်မူသော မည်သူမပြုမိမိမှု ကိုယ်ပြုသည့်ကံကိုယ်သာခံ (a4)
 တင်ပီးသူ . Arakan Blood -....

ဆရာတော် သီဝလိ - ဟောကြားတော်မူသော မည်သူမပြုမိမိမှု ကိုယ်ပြုသည့်ကံကိုယ်သာခံ (a3)

ဆရာတော် သီဝလိ - ဟောကြားတော်မူသော မည်သူမပြုမိမိမှု ကိုယ်ပြုသည့်ကံကိုယ်သာခံ (a3)
 တင်ပီးသူ . Arakan Blood -

Thursday, May 12, 2016

ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း

ကုလသမဂ္ဂဌါနခွဲတခုဖြစ်တေ ယိုင်ကျေးမှုထိန်းသိမ်းရေ အေဂျင်စီ ယူနက်စကို (UNESCO) အဖွဲ့က ကမ္ဘာမှာ ပြောဆိုသုံးစွဲနီကတ်တေ ဘာသာစကားပေါင်း ခြောက်ထောင်ထဲက သုံးပုံတပုံစွာ မျိုးတုံးဆိတ်သုဉ်း ပျောက်ကွယ်လားဖို့ အန္တရာယ်နန့် ရင်ဆိုင်နီကတ်ရရေလို့ ထုတ်ဖော်ပြောဆိုလိုက်ပါရေ။ ဒေပိုင် အခြိမ်းခြောက်ခံနီရရေ ဘာသာစကားနှစ်ထောင်ကို မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ယှောက်ဖို့ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှုတိ ဟိဖို့လိုအပ်တေပိုင် လူတိကလည်း သူရို့ဘာသာစကားတည်တံ့ကျန်နီစီဖို့ “ကိုယ့်ရို့စကားကို ကိုယ်ရို့ပြောကတ်ခြင်း” ကို တန်ဖိုးထားဂုဏ်ယူကတ်ဖို့ အေယူနက်စကိုအဖွဲ့ချူပ်က တိုက်တွန်းလိုက်ပါရေ။
ဘာသာစကားတခုနိဂုံးချူပ်သီဆုံးလားတိုင်း တန်ဖိုးမဖြတ်နိုင်ရေ ဓလေ့ထုံးတမ်းစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိ မျိုးဆက်တိနန့်ရင်းပနာ စုဆောင်းထိန်းသိမ်းလာကတ်တေ အသိပညာ၊ ကဗျာစာပီဂီတ၊ သမိုင်းရိုးရာ၊ ဂန္ဓ၀င်အနုပညာ လက်ရာကောင်းတိအားလုံး

Monday, February 1, 2016

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်တွင် ရက္ခဘီလူး ကားတိုက်ခံရ၍ သေဆုံး

 31-1-2016 - Social Action for Women - SAW
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟက်ယိုင်မြို့ 29,01,2016, ရက်နေ့ည ၁၀ နာရီ
ကျော်အချိန်တွင် ရက္ခဘီလူး facebook အကောင့်အမည်ဖြင့် online မှာသုံးနေသူ ကိုကိုနိုင်(ခ)ခိုင်စိုး နှင့် သူငယ်ချင်းနှစ်ဦးစီးလာသည့် ဆိုင်ကယ်နောက်မှ ဆယ်ဘီးကား တစ်စီးမှ ဝင်တိုက်ခဲ့သဖြင့် ရက္ခဘီလူးအကောင့်ပိုင်ရှင်နှင့် Nyi Nyi (ကိုညီပု) တို့နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း Social Action for Women - SAW ဖေ့စ်ဘုတ်ထံမှ သိရပါတယ်။

ကျန်တယောက်မှာ အရေးပေါ် ဆေးရုံတက်နေရကြောင်း ဆိုပါတယ်။
ဆုံးသွားတဲ့ ကိုကိုနိုင်(ခ)ခိုင်စိုးနှင့် Nyi Nyi (ကိုညီပု)တို့ မိသားစုနှင့် ထပ်တူ ၀မ်းနည်း ရပါတယ်။
ခိုင်စိုးနှင့် ကိုညီပု ကောင်းရာသုဂတိလားပါစေ။
အရေးပေါ် ဆေးရုံတက်ရနေတဲ့ တစ်ယောက်လည်း အမြန်ဆုံး သက်သာရပါစေ။

Wednesday, January 27, 2016

ရခိုင်ရိုးရာ ခမောက်ကမ္ဘာ




ရခိုင်သား ရခိုင်သမချေတိမှာ စပါးစိုက်ဖို့ လားဂတ်ကေ အသုံးပြုရေ ခမောက် ပါ မက္ကလာနန့် ခမေါက် မတူ ကွဲပြားပါရေ......
အေဓာတ်ပုံကိုတဂိုးတကပို့ပီးလိုက်တေ ကျောက်ဖြူကဘော်ဒါကြီးကို အထူးကျေးဇူးတင်ပါရေ။ (အကြောင်းအမျိုးမျိုးကြောင်း နာမည်ကို ဖော်မပြပီးစွာကို အထူးကျေးဇူးတင်ပါရေ။) 

Monday, December 21, 2015

ပထွီးယုတ်လက်အောက်က ရခိုင်ပြည်



ဓါတ်ပုံ . အင်တာနက်
တင်ပြသူ ။..။ Arakan Research Centre
ရခိုင်ပြည်ပထွီးယုတ်လက်အောက်ကို ကျရောက်နီစွာ နှစ်ပေါင်း(231)နှစ် မကြာခင် ပြည့်ပါဖို့ယာထော။ ရခိုင် ပြည်ထဲမာ ဇာဇာဖြစ်ပျက်နီကတ်တေဆိုစွာကို မျက်စိနန့် တပ်အပ်မမြင်ရကေလေ့ နိစိုင်နန့်အမျှ နားနန့်ကြား နီကတ်ရရေ။ စာတိ၊ သတင်းတိ ဖတ်နီကတ်ရရေ။ ယင်းသတင်းတိကို ကြားလိုက်ရကေ ကောင်းရေသတင်းဆို လို့ တခုလေ့မဟိ။ အားလုံး အမင်္ဂလာသတင်းတိဂျေးယာ။ အမင်္ဂလာကောင်တိ အုပ်ချုပ်နီသမျှကာလပတ်လုံး တော့ အမင်္ဂလာ သတင်းကိုမကြားချင်ကေလေ့ ကြားနီကတ်ရပါဖို့ယာ။ လူ့စိတ်ဓါတ်၊ လူ့ကိုယ်ကျင့်သိက္ခာဆိုလို့ တပြားဖိုးလောက်လေ့မဟိရေ အာဏာရူးတိလက်အောက်မာ အကျွန်ရို့ရခိုင်ပြည်သူ၊ ပြည်သားတိ ဇာ လောက်ထိ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခံစားနီကတ်လီရဖို့လေ့ဆိုစွာကို စိုင်းစားကြည့်ဖို့ဆိုကေတောင် ဇာကစလို့ ဇာပိုင်စိုင်းစားရဖို့လေ့ မသိ။ရခိုင်ပြည်မာ အကျွန်ရို့အချေခါဘ၀တိကို တခါတရီအတွက်ခံစိုင်းစားမိပါရေ။

ထလော့ ရခိုင်.... ရခိုင် ထလော့

တင်ပြသူ ။..။ Arakan Research
ခိုင်လင်း (မေဃ၀တီ)
သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရကိစ္စက မပြီးပြတ်သီး။ ပြည်တွင်း ပြည်ပ ရခိုင်တိကတော့ခါ အင်အားတေိစုပြီး တွန်းလှန် နိန်ကတ်ဆဲဖြစ်တေ။ တနည်းအားဖြင့် ပြောရကေ ခုခံ ကာကွယ်နိန်ကတ်ဆဲဖြစ်တေ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတိ၊ လူမှုရေး အဖွဲ့အစည်းတိ စသည်ဖြင့်၊ တဖက်ကလည်း လက်မှတ်ထိုး တောင်းဆိုရေအလုပ်ကို လုပ်နိန်ကတ်ဆဲ။ ဘဇောင်ပိုင်ချောင်ဖြစ်ဖြစ် ပုံစံမျိုးစုံ အသွင်မျိုးစုံနန့် အလွှာပေါင်းစုံက ရခိုင်တိအနီနန့် ခုခံကာကွယ်ရေး အလုပ်တိကို သမိုင်း တာဝန်တရပ်အနီနန့် လုပ်ကတ်ရလိမ့်မေလို့ ယုံကြည်ပါရေ။ အမျိုးထိကေ မချိအောင် နာတတ်တေ ရခိုင်တိအတွက် စိန်ခေါ်မှု တရပ်လည်း ဖြစ်နိန်ပြန်ပါရေ။

တချို့ကလည်း မတရားရေ အမိန့်အာဏာ အောက်က မတရားဖမ်း အမှုစီရင်ခြင်းဆိုစွာ မမှန်မကန်ရေ အဖြေ (မတရားရေ ဆုံးဖြတ်)ချက်တိရာ ထွက်လာလိမ့်မယ်လို့ မျှော်လင်း စိုးရိမ်နီကတ်တေ။ အထူးသဖြင့် ဆရာတော်ကို ထောင်ထဲမှာ ရခိုင်သမိုင်းပညာသျှင် ပဏ္ဍိတ်ဦးဦးသာထွန်းကိုပိုင် သတ်ပစ်ကတ်ဖို့ကို ကကောင်းစိုးရိမ်ကတ်တေ။ တဖက်မှာလည်း အနာဂတ် ကြယ်ပွင့်ချေတိ၏ အနာဂတ်၊ ပြီးကေ ရခိုင့်ယဉ်ကျေးမှု သမိုင်းအမွီအနှစ်တိ။ ကျနော်တဦးတယောက်တည်း အထင်ပြောရကေ နအဖ စစ်အုပ်စုအနီနန့် အလွယ်ချေနန့် ကိုင်တွယ်လို့ရဖို့ ကိစ္စလို့မြင်ပုံရပါရေ။ တကယ့်တကယ် လက်တွိ့မှာတော့ခါ နအဖထင်ရေပိုင် လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရဖို့မဟုတ်ဘူး။ ယမ်းပုံ မီးကျဖို့ကိန်း ဖြစ်နိန်ရေ။ ထိရဲ ထိကြည့်ပါလို့ နအဖကို ပြန်လည်

Saturday, October 3, 2015

ရခိုင်စာသင်ရိုးဖတ်စာအုပ်က ဆရာတိအတွက်အမှာစာ



ရခိုင်စာကို မူလတန်း အောက်ဆင့် သူငယ်တန်း၊ ပထမတန်းနန့် ဒုတိယတန်း တိမာ လာဖို့ စာသင်နှစ် စလို့သင်ဖို့ အတွက်နန့် ကြားရရေ ခါကပင် ဝမ်းသာခရေ။ ရခိုင်စာကို ရခိုင်တိ သင်ခွင့်ရရေ အတွက်နန့် မျိုးဆက်သစ် အချေတိ အတွက် အားရစရာပါ။ ယေဇူးနန့် ပြည်နယ်အစိုးရက ရခိုင်ပြည်တဝှမ်းက ရခိုင်သမိုင်းသုတေသီ ပညာရှင် ဝါသနာရှင်တိနန့် ရခိုင်စာသင်ရိုးပြုစုရေးကော်မတီ ဖွဲ့စည်းပနာ ရခိုင်စာသင်ရိုး ဖတ်စာ အတွက် ပြင်ဆင်ကတ်တေ။ စိတ်ဝင်စားရေ အကျွန်ရို့က စောင့်ကြည့် နားထောင် ဖြစ်တေ။ ဂုဆိုကေ ရခိုင်စာ သင်ရိုးဖတ်စာ အချောသတ် ပြီးစီးလို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြပနာ ထုတ်ဖို့ရာ ကျန်ဗျယ်။ ပြီးပြည့်စုံရေ သင်ရိုး ဖတ်စာ မဖြစ်သေးကေလေ့ ပထမ ခြီလှမ်းအတွက်နန့် ကျေနပ် မိရေ။ Mail ပို့ပီးရေ လေ့လာခွင့်ပီးရေ ကော်မတီဝင် တဦးဖြစ်တေ ဆရာကြီးကိုလေ့ ကျေးဇူးတင်ပါရေ။

Wednesday, September 23, 2015

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ရွေးကောက်ပွဲတွင် ၃ ပုံ ၂ ပုံ အနိုင်ရနိုင်ဟုပြော

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ အလံ

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ အလံ
ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမတ်နေရာ ၁၉ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ  ယင်းအထဲမှ ၃ ပုံ ၂ ပုံ ခန့် အနိုင်ရနိုင်သည်ဟု ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံမြို့နယ်များ၌ ၀င်ရောက်အရွေးခံမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် အနိုင်ရနိုင်ခြေပိုများသည်ဟု သူကပြောသည်။

“ကျွန်တော်တို့က လွှတ်တော်အမတ်လောင်းတွေကို စိတ်တိုင်းကျမှပဲ တာဝန်ပေးတာဖြစ်ပါတယ်။ စိတ်တိုင်း မကျရင် တာဝန်မပေးပါဘူး။ အဲ့ဒါကြောင့် အသေအချာ ရွေးချယ်ပြီးမှ တာဝန်ပေးတာဖြစ်ပါတယ်”  ဟု ဦးညီညီကနိရဉ္စရာ သတင်းဌာနသို့ပြောသည်။

Thursday, May 7, 2015

မောင်တော ဒုချီးရားတန်း ကျေးရွာ ကြီးကြပ်ရေးမှူး အသတ်ခံရမှု ရဲမှူးက အတည်ပြုပြောကြား

Maungdaw-gate


မောင်တော မေ ၇
ရခိုင်ပြည်နယ်မှ ပြသနာများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ  မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဘင်္ဂလီ လူမျိုးများ အကြား အချင်းချင်း သတ်ဖြတ်မှု တစ်ခု ယခုလ နှစ်ရက်နေ့က  ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျေးရွာကြီးကြပ်ရေးမှူး တစ်ဦး အသတ်ခံခဲ့ရကြောင်း မောင်တောခရိုင် ရဲမှူးက အတည်ပြု ပြောကြားသည်။
“ ဖြစ်စဉ် မှန်ပါတယ်။ သူတို့အချင်းချင်း သတ်ဖြတ်ကြတာပါ။ ကျေးရွာကြီးကြပ်ရေးမှူး တာဝန်ခံ အသတ်ခံလိုက်ရပါတယ်” ဟု မောင်တောခရိုင် ရဲမှူးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
သတ်ဖြတ်ခံရသူမှာ ဒူချီးရားတန်း ကြီးကြပ်ရေးမှူး မာမတ်ဆုတန် ဖြစ်ပြီး သူ့အား သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

Wednesday, April 29, 2015

ရခိုင်ပြည်နယ် ငါးဌာန၌ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဆို

သံတွဲ ရွှေဆံတော်စေတီရင်ပြင်တွင် ရွှတ်ဖတ် ပူဇော်နေကြစဉ်။

သံတွဲ ရွှေဆံတော်စေတီရင်ပြင်တွင် ရွှတ်ဖတ် ပူဇော်နေကြစဉ်။

ဒေ၀ဗလသံတွဲ၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်မှာ သမိုင်းဝင် အရပ်ဌာန ငါးခုတွင် အန္တရာယ်ကင်း  ပရိတ်တရားတော်၊ ပဋ္ဌာန်းတရားတော်နှင့် ဥပ္ပါသန္တိကျမ်း ဂါထာတော်များကို သံဃာတော်များမှ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ စတင် ပြီး အသံမစဲ ရွတ်ဖတ် သရဇာယ် ပူဇော်နေကြပြီ ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် သံတွဲမြို့ (ဒွါရ၀တီမြို့) တွင် ရွှေဆံတော်ရင်ပြင် မြို့နယ် သံဃာ့ဝန်ဆောင် ဆရာတော် ၄၅ ပါးက အန္တရာယ်ကင်း ပရိတ်တော်၊ ပဋ္ဌာန်းတရာတော်နှင့် ဥပ္ပါတသန္တိကျမ်း ဂါထားများကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ စတင် ရွတ်ဆိုခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီးကျော်ဟန် မိန်းခွန်းပြောကြား...



Arakan Army မှ ဗိုလ်မှူးကြီးကျော်ဟန် မဲဆောက်ရခိုင်ရိုးရာ သင်္ကြန်မှာ ရောကိဟိနီဂတ်တေ ရခိုင်သူ/ ရခိုင်သားတိအား မိန်းခွန်းပြောကြား...

စစ်တွေအဖွဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအား ဆေးနှင့် စားနပ်ရိက္ခာများ ကူညီပေး

ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)

ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စံမောင်သန်း
စစ်တွေ၊ ဧပြီ ၂၈
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ (ယာယီ) မှ စစ်ဘေးဒုက္ခသည်များ နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာသို့ ဆေးနှင့် စားနပ်ရိက္ခာများကို ဧပြီလ ၂၆ ရက်နေ့က သွားရောက် ကူညီခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ကူညီရာတွင် အရေးပေါ်အသုံးပြုရန် ဆေးဝါးတချို့နှင့် ဆန် အိတ် ၅၀၊ ငါးခြောက် ၂၁၀ ပိဿာ၊ ငါးပိ၊ ဆားနှင့် ငရုပ်သီးခြောက်တို့ ပါဝင်ကြောင်း သိရသည်။

Saturday, January 24, 2015

နေစရာမဲ့ဖြစ်နေကြသော ရခိုင်ဒေသခံများ အိမ်ခြံမြေရရှိရေးတွက် ဆန္ဒဖေါ်ထုတ်

image-f848ddc4acdb579ff6a912d3b3af9f9fab157216bbef5b8331d506a3804ab3af-V

စံမောင်သန်းစစ်တွေ၊ ဇန်န၀ါရီ ၁၉

ရခိုင်မြေပေါ်တွင် မွေးဖွားကြီးပြင်းပြီး ရခိုင်မြေပေါ်တွင် နေစရာမဲ့နေကြသော သံတွဲမြို့နယ်မှ အိမ်ခြံမဲ့သူများသည်  ဇန်န၀ါရီလ ၁၉ ရက်နေ့က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ကာ အိမ်ခြံမြေ ရရှိရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။
သံတွဲမြို့နယ် ဂျိတ္တောကျေးရွာတွင် အိမ်ထောင်စု ၁၁၈၁ စု၊ စုစုပေါင်းလူဦးရေ ၆၀၀၀ ခန့်သည် နေစရာ မရှိဘဲ အိမ်ခြံမဲ့ဖြစ်နေကြရသည့်အတွက် နိုင်ငံတော် အကြီးအကဲများ သိရှိနိုင်အောင် ရည်ရွယ်ပြီး ဆန္ဒပြပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ပါဝင်ခဲ့သူ လူမှုအကျိုးဆောင်

သံတွဲ ငပလီမြို့တွင် ပထမအကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကျင်းပမည်

ငပလီမြို့တွင် ကျင်းပမည့် ရထားဆွဲပွဲ ကြော်ငြာထောင်ထားသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
နေဇော် (သံတွဲ)ဇန်န၀ါရီလ ၂၃ငပလီမြို့တွင် ကျင်းပမည့် ရထားဆွဲပွဲ ကြော်ငြာထောင်ထားသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ နာမည်ကျော် အပန်းဖြေ ပင်လယ်ကမ်းခြေရှိရာ ငပလီမြို့ တွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
“ ပထမဆုံး အကြိမ် သံတွဲခရိုင်ရဲ့ ပထမဆုံး အကြိမ် ရထားဆွဲပွဲကို ငပလီမြို့ အထက်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့တွင်

ရန်ကုန်မှ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်

( ၁၉၆၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က ကန်တော်မင် ပန်းခြံအား ဦးဥတ္တမပန်းခြံအမည်ဖြင့် ဖွင့်ပွဲအခမ်းအနားကို မဏ္ဍိုင်နေ့စဉ် သတင်းစာတွင် ဖေါ်ပြထားစဉ်။ )

ရန်ကုန်နိရဉ္စရာ၊ ဇန်န၀ါရီ ၂၄
( ၁၉၆၂ ခုနှစ် ဇန်န၀ါရီလ၁၇ရက်နေ့က ကန်တော်မင် ပန်းခြံအား ဦးဥတ္တမပန်းခြံအမည်ဖြင့် ဖွင့်ပွဲအခမ်းအနားကို မဏ္ဍိုင်နေ့စဉ်သတင်းစာတွင် ဖေါ်ပြထားစဉ်။ )
ရန်ကုန်မြို့ ရွှေတိဂုံတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် သတ်မှတ်ရန် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြှောက် ပုံမှန် အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

Thursday, January 15, 2015

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pbရန်ကုန်၊ ဇန်န်ဝါရီ ၁၃

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်