Showing posts with label ရခိုင်စည်တော်. Show all posts
Showing posts with label ရခိုင်စည်တော်. Show all posts

Monday, December 21, 2015

ရခိုင်ရိုးရာစည်တော် စတင်ပေါ်ပေါက်လာရခြင်း အကြောင်း

ရက္ခပူရတိုင်း ဓညဝတီရခိုင်ပြည်ကြီးတွင် တူရိယာအနီဖြင့် ရှိပဝေသဏီကာလ ဒွါရာဝတီ ဝါသုဒေဝမင်းလက်ထက်ကပင် စည်တော်တီးလျှက် သုခုမအနုပညာရိုးရာကို နန်းတွင်းယဉ်ကျေးမှုအဖြစ် စတင်တီထွင် ပေါ်ထွန်းလာခခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုး၊ ရခိုင်ပြည်ဟု စတင်တည်ထောင်ခသော ဥတ္တရမဓူရမြို့တော်သည် သာဂရမင်း၏ ညီတော် ဥဿပရမင်းသည်(ကံသမင်း)၏ သမီးတော် (ဒေဝဂမ္ဘာ)မင်းသမီးနှင့် ထီးနန်းစိုးစံစဉ် ထူးခြားသော ဘုန်းသမ္ဘာနှင့်ပြည့်စုံသော သားတော်တကျိပ်ရို့ကိုဖွားမြင်တော်မူသည်။ ၎င်းမင်းသားရို့သည် ဆင်ပြောင်ငါးစီးအားနှင့် ပြည့်စုံတော်မူကြ၏။

၎င်းမင်းသားရို့မှာါသုဒေဝမင်း၊ ဗလဒေဝမင်း၊ သူရိယဒေဝမင်း၊ စန္ဒာဒေဝမင်း၊ အဂ္ဂိဒေဝမင်း၊ မစ္စုဒဒေဝမင်း၊ ဝရုဏ္ဏဒေဝမင်း၊ ရောဟနေယျဒေဝမင်း၊ ပဋမပဏ္ဍိတဒေဝမင်း၊ အင်္ဂုရဒေဝမင်း ဟူ၍ သားတော်တကျိပ်နှင့် သမီးတော်အဉ္ဇနဒေဝီရို့ ဖြစ်ကြသည်။ ၎င်းဝါသုဒေဝညီနောင် တကျိပ်ရို့သည် ဒွါရာဝတီ(အာကာပျံဝဲမြို့သံတွဲ)ကို စောင့်ယှောက်သော မြို့စောင့်ဘီလူးမကြီးရန်အား နှိမ်နှင်းပြီးသော် သိမ်းပိုက်စိုးစံတော်မူကြလီသည်။

Thursday, November 12, 2015

ရခိုင်တို့၏ တူရိယာစည် တီးခတ်ခြင်း



အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာ သုခုမဂီတတို့ သည် ရခိုင်ပြည်နယ်သို့ နွှယ်ယှက်ဆက်ပွားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ဂီတများသည်လည်း ထိုမှဆက်နွှယ် ခြင်းကို ပညာရှင်တို့ လေ့လာသိရှိ နိုင်ခဲ့၏။

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် မ တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်