ရှေးရခိုင်တို့ နယ်မြေ “မြောက်ဦး” သည် လေ့လာစရာ များလှ၏
မြောက်ဦးမြို့ကို မြို့ဟောင်းမြို့ ဟုလည်း ခေါ်ကြသည်။ ဤသို့ ခေါ်ကြသည့် အကြောင်းမှာ မြောက်ဦးမြို့သည် ရှေးရခိုင်မင်းများ နန်းစိုက်ရာ အရပ် အဖြစ် နှစ်ပေါင်း များစွာ ကတည်းက ရှိခဲ့သော ရှေးဟောင်းမြို့၊ သမိုင်းဝင်မြို့ ဖြစ်သောကြောင့် ဤသို့ `မြို့ဟောင်း´ ဟု အမည်တွင်ကာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။၁၉၉၅ခုနှစ်က တွေ့ခဲ့ရသော ရတနာပုံစေတီ ၊
ယခုပြန်လည်ပြုပြင်ပြီးဖြစ်၏။
ရတနာပုံစေတီမှ မြောက်ဦးဘုရင် မင်းခမောင်းနှင့်
မိဖုရားသျှင်ထွေးတို့က အေဒီ ၁၆၁၂ တွင်တည်ထားခဲ့သည်။ မြောက်ဦးမြို့ နေရာတွင် ခရစ်နှစ် အေဒီ ၇၇၆ မှ ၇၉၂ ခုထိ ပဲဖြူမင်း လက်ထက်၌ မြို့တော် အဖြစ် နန်းစိုက်ခဲ့ဖူးကြောင်း အစဉ်အလာ မှတ်တမ်းများ အရ လက်ခံထားကြသည်။ ရခိုင် ရာဇ၀င်တွင် ပထမ ဓည၀တီ(ဘီစီ ၃၀၀၀)၊ ကန်သုံးဆင့်(ဘီစီ ၁၆၀၀)၊ နီလာပန်းတောင်း(ဘီစီ ၁၆၀၀)၊ ကျောက်ပန်းတောင်း(ဘီစီ ၁၅၃၁-၁၅၀၇)၊ ဒုတိယ ဓည၀တီ(ဘီစီ ၁၅၀၇-၅၈၀)၊ တတိယ ဓည၀တီ (ဘီစီ ၅၈၀-၃၂၆x၊ ဝေသာလီ(အေဒီ ၃၂၇-၇၇၆) ၊ မြောက်ဦး(အေဒီ ၇၇၆-၇၉၂)၊ ပထမ ဓမ္ဘ၀က်(အေဒီ ၇၉၄- ၈၁၈)၊ ပဉ္စာ(အေဒီ ၈၁၈-၁၁၀၃)၊ ပထမ လောင်းကြက်(အေဒီ ၁၁၀၃)၊ ပထမ ပုရိန်(အေဒီ ၁၁၀၃-၁၁၂၃)၊ ဒုတိယ ပုရိန်(အေဒီ ၁၁၂၃-၁၁၄၂)၊ ဒြိပ် (အေဒီ ၁၁၄၂-၁၁၅၄)၊ ဒုတိယ ဓမ္ဘ၀က်(အေဒီ ၁၁၅၅-၁၁၆၃)၊ မြို့ဟောင်းတောင်သူ(အေဒီ ၁၁၆၃-၁၂၅၀)၊ ဒုတိယ လောင်းကြက်(အေဒီ