သတင်းတိမ်ဖျား
ဘုံးဆင့်မြင့်အောက်
အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က
ရွှေထီးဆောင်းချိန်
လူမဖြစ်တေ ငါရခိုင်သူ
အမိအပါး ကဗျာရတု
သခြင်းတေးဖွဲ့ စာလက်ဆောင်ကို
သီကုံးဖွဲ့လို့ ဆက်သရေသူ
ငါ မဖြစ်ခ -----!!!!!!
တိမ်ညိုဖုံလို့
လရောင်ကွယ်ပျောက်
ရာဟုမျိုကေ အမိငိုသံ
မြို့ ရှိ မြို့ နောက်
ရင်စည်တီးဗျာလ်
လိုင်စင်းခံချိန်
ဓါးရင်းကို ကိုင်
အမိရှိက ရပ်စောက်မတ်မတ်
ငါ မဟိခ ------!!!!!
ဂုဏ်သိမ်ညိုးနွမ်း မျက်နှာမွဲမ
အမိပါးမှာ အမှူးအကျွေး
ခြီဆုပ်လက်နှယ် ဦးဂေါင်းကချွေး
ခြီမကျအောင် ငါမဆောင်ခ ။
သမိုင်းဆိုရေ
ကျောက်ဖြစ်ရုပ်ကြွင်း
စာမျက်နှာထက်
ကျွန်မ အဖြစ်
အမိဘဝ ဆံဖြူ ဖားလား
ရုပ်အိုကြွင်းက မာန်ကုန်ယွင်းလို့
လှဲပြို ကျချိန် အမိအပါး
ငါ မဟိခ ------!!!!!
ဖေးကူအမှီ ကျောက်တိုင်အဖြစ်
အစိုင်စစ်ကို တည့်ကူမတ်သူ
အမွီဆက်ဖို့ ငါရခိုင်ဟု
တော်လှန်ရေးသူ
ငါ မဖြစ်ခ ------!!!!!
သမုဒ္ဒရာ ဝမ်းတထွာအောက်
လက်ပစ်ကူးလို့ ကျွန်စာတတ်ပြီး
ကြီးလာပြင်းလာ ဤရခိုင်သူ
အမိရုပ်ကြွင်း အုတ်ဂူဟောင်းကို
မရောက်ဖူးသူ အိမ်ပြိုအောက်က
အနင်းဖက်ခံ သမီးမွဲမှာ
ပညာယုတ်လတ် နန်းသစ်မြန်းကို
အမိအတွက် အိမ်မက်နန့်ပင်
မဆောက်နိုင်ခ -----!!!!
ဒေသမီးချေ ဘုမေကြီးလေ
အမိဝတ်ဖို့ ကြိုးကြီးချိတ်ကို
ရက်လို့ထားမယ် အမိစားဖို့
ဖွယ်ရာမျိုးစုံ ချက်လို့ထားမည်
အမိအတွက် နန်းရင်ပြင်မှာ
ပန်းစုံပန်းလှ ပန်းဥယာဉ်ကို
ကိုယ်တိုင်စိုက်လို့ထားပါမည် ။
အို အမိသျှင် အချိန်နှောင်းမှာ
လူဖြစ်လာရေ ဒေအမိုက်မ
ရခိုင်သူချေ ကျောက်ပုံကြားက
မြစ်ဖျားချေမှာ အမိကိုတ
အမိပြန်လာ လွမ်းစာဖွဲ့လို့
ငိုခြင်းစီဗျာလ် ငိုခြင်းရွီးကေ
အမိဝိညာဉ် နန်းရာဒေါင့်က
လိပ်ပြာပြန်ကပ် ကုန်းရုန်းထဗျာလ်
အမိအသက် သွီးကြောတိုင်းမှာ
ဗြန်းဗြန်းကြီးတုန် နှလုံးခုန်ကေ
အမိပြန်ထနိုင်ပါစီ ----။
စောစစ် ( ဒေဝီ )
0 comments:
Post a Comment