Showing posts with label ခမီလူမျိုး. Show all posts
Showing posts with label ခမီလူမျိုး. Show all posts

Sunday, January 22, 2017

ခြံစည်းရိုးကြားက ရင်ကွဲနာ (ဖြစ်ရပ်မှန် ၀တ္ထုတို)

ဓါတ်ပုံ - ခမီတိုင်းရင်းသူတဦးအလှပုံပါ

ဆူဆူဆိုစွာက ခမီးမချေတယောက်ဖြစ်ပါရေ။ အသက် (၁၇) နှစ်အရွယ် တရွာလုံးမှာ အလှဆုံးကွမ်းတောင်ကိုင်မချေပါ။ အသက်ကလည်းငယ် အသားကလည်းဖွေး ချစ်ဖို့ကောင်းလွန်းလို့ သူမကို တရွာလုံးလူပျိုချေတိ ၀ိုင်းပိုးကတ်ပါရေ။ သူမရို့ရန်အောင်မြင်ရွာစွာ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်နယ်ကျွန်းရွာဖြစ်တေ ကြိမ်ချောင်းနန့် မလှမ်းမကမ်းမှာဟိပါရေ။ ယင်းရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်လူမျိုးတိ ရောပြွမ်းနီထိုင်ကတ်ပြီးကေ အိမ်ခေါင်ပေါ် (၁၂၀) ကျော်ဟိပါရေ။ ရွာသားတိအားလုံး အဓိက လယ်လုပ်ကိုင်စားသောက်ကတ်ပါရေ။ ဆူဆူမိဖတိကလည်း တောင်ယာလုပ်ပါရေ။ ဆူဆူမှာ သူ့အထက်က အေးမတယောက်၊ မောင်တယောက်ဟိပါရေ။ သူမ စာလေးတန်းအထိ စာသင်ခပြီးကေ မူလတန်းပြီးစွာနန့် စာဆက်မသင်နိုင်ဘဲ ကျောင်းထွက်လို့ အိမ်မှုလုပ်ငန်းတိကို ကူညီလုပ်ကိုင်နီသူဖြစ်ပါရေ။



ဆူဆူရို့ရန်အောင်မြင်ရွာရေ အင်တန်လောက်ချောင်ကျလို့ ဖက်ခွက်စစ်သားတိ တခါတရီရောက်လာစွာကလွဲလို့ ရက်ကြာကြာ တည်းခိုနီထိုင်လေ့မဟိပါ။ ယင်းပိုင် ဖက်ခွက်တိ အရောက်အပေါက်နည်းလို့ တရွာလုံးမှာအလှဆုံးဆူဆူစွာ အပျိုဖော်ဝင်စမှာ မြန်မာစက်ကွင်းထဲက လွတ်နီခပါရေ။ ယေကေလည်း နောက်ပိုင်းမှာ ရမ္မက်သားဖက်ခွက်စက်ကွင်းကို ကောင်းကောင်းကြာကြာ မယှောင်နိုင်လိုက်ပါ။

---------------
တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးပါတ်ထဲက တနိဖြစ်ပါရေ။ ယင်းနိမှာ ဘီအီးလို့ခေါ်ရေ စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်းအတွက် ဆူဆူရို့ရန်အောင်မြင်ရွာကို ရောက်လာပါရေ။ မြန်မာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရီတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုရေ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နန့်ပြည့်စုံရေ ဆူဆူရို့အိမ်ဘေးနားက အိမ်ကြီးတဆောင်ကို သိမ်းလို့စခန်းချကတ်ပါရေ။ စခန်းချလို့ ကောင်းကောင်းမကြာလိုက် မြန်မာနည်းမြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးသနာ စစ်သားအုပ်စုတစု ဆူဆူရို့အိမ်သို့ ပေါက်ချလာလတ်ပါရေ။ ဆူဆူကိုမြင်စွာနန့် စစ်သားတိစွာ အကြောင်းမဟိအကြောင်းရှာပြီးကေ ဆူဆူအမိနန့်အဖကို ရရေနည်းနန့် ၀င်ရောကတ်ပါရေ။

Monday, November 30, 2015

ခမီအမျိုးသမီးတို့၏ဘိုးဘွားဓလေ့ရိုးရာ ရက်ကန်း အကြောင်း

ခမီအမျိုးသမီးတို့၏ဘိုးဘွားဓလေ့ရိုးရာရက်ကန်းလုပ်ငန်းရက်နေပုံ
================
ရက်ကန်းလုပ်ငန်းသည် ခမီအမျိုးသမီးတို့၏အိမ်တွင်းမှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ခမီအမျိုးသမီးတို့တတ်အပ်သည့်အတတ်ပညာတစ်ခုလည်းဖြစ်ပေသည် ရိုးရာဂျပ်ခုတ်စင်မှာ အမြဲတမ်းတစ်နေရာတည်းတွင် ထောင်၍ထားရသောစင်ကြီးမျိုးမဟုတ်ပေ တစ်နေရာမှတစ်နေရာသို့အလွယ်တကူရွှေ့ပြောင်းနိုင်ပါသည့် တိုင်မပါသောရက်ကန်းစင် အသေးစားဖြစ်သည်။ ဂျပ်ခုတ်စင်များကို အိမ်တံခါးဝအနီး အလင်းရောင်ရရှိသောနေရာ၌ထားလေရှိသည် ဂျပ်ခုတ်စင်အလျားမှာပုံသေမရှိပေ။ ရက်လ်ုသည့်အထည်အမျိုးအစားပေါ်မူတည်ပြီးအတိုအရှည်ကွာခြားသည် ဂျပ်ခုတ်စင်ကိုဆင်ရာ၌အလျားလိုက်အစွန်းထွက်နေသော ဝါးတိုင်တွင်ချိတ်၍စွပ်ထားပြီးတစ်ဘက်စွန်းကိုမူခါးတွင်ပတ်ထားသောခါးပတ်ကို ချိတ်တံနှင့်ဆက်၍ ချတ်ထားရသည် ဂျပ်ခုတ်ရက်သူအတွက်ခြေကန်ထားရန် သစ်သားတုံးငယ်တစ်ခုချထားသည်။ ဂျပ်ခုတ်ရာတွင် ဝါး၊သစ်သားများဖြင့်ပြုလုပ်ထားသော လွန်းတိုင်၊ ဖောက်တိုင်၊ ဂျပ်ခုတ်ယင်းသွားစသည့်ကိရိယာများကိုအသုံးပြုကြလေသည်။
ခမီအမျုးသမီးများသည် အပျိုဖော်ဝင်ချိန်မှစ၍ ဝါဆွတ်၊ ဝါဖန့်၊ ဗိုင်းငင်၊ ဂျပ်ခုတ်စသည့် ၇ိုးရာလက်မှုပညာရပ်များကို သင်ကြားတတ်မြောက်ထားကြရသည် ရှေးအခါက မိသားစုဝင်တို့၏အဝတ်အထည်များရက်လုပ်ရန် တောင်ယာစိုက်ပျိုးချိန်၌ ဝါများကိုထည့်သွင်းစိုက်ပျိုးကြသည်။ ဝါခူးချိန်တန်လျှင် ပလိုင်းငယ်များဖြင့်ဆွတ်ခူးကာ အိမ်ရှေးကွပ်ပျစ်ပေါ်တွင် နေလှန်းထားရသည် ဝါစေ့များကို ဝါဒလက်ဖြင့် မွှေကာထုတ်ယူရသည်။

ဝါစေ့ထုတ်ပြီးသောအခါ ဝါကိုချေရသည် ချေပြီးသားဝါများကို လက်တစ်ဘက်ကကိုင်ရင်းချည်မျှင်ထုတ်ကာလက်တစ်ဘက်ဖြင့်သစ်သားလွန်းဆံတွင် ရစ်ပတ်ရသည် တဖြည်းဖြည်းနှင့် ချည်ခင်များရလာသောအခါ ထမင်းရည်နှင့်ရော၍ပြုတ်ကာ နေလှန်းအခြောက်ခံရသည်။ လိုအပ်သော အရောင်များကို သဘာဝဆိုးဆေးများဖြင့်ဆေးဆိုးကြသည် ယင်းနောက် လိုအပ်သောအထည်များကိုရက်လုပ်ကြတော့သည်။

Thursday, November 26, 2015

ခမီလူမျိုး နှင့် မြို လူမျိုး၊ ပြသနာအပေါ် ချည်းကပ်ကြည့်ခြင်း




-----------------------------------------------------------
ရှေးယခင် ရခိုင်ဘုရင်များလက်ထက် မြို၊ ၊ ခမီ လူမျိုးများသည် များသောအားဖြင့် ဗုဒ္ဓ ဘာသာဝင်များသာ ဖြစ်ကြပါသည်။ နတ်ကိုးကွယ်မှု က အနည်းအကျဉ်းသာရှိကြသည်။
ရခိုင်ပြည်တွင် ခမီ၊ မြို၊ လူမျိုးစုများသည် မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပြီးနောက်ပိုင်း (1824 ) ခုနှစ်မှ ယနေ့ ထိ နှစ်ပေါင်းများစွာ တောတောင်ထဲတွင် ဆင်းရဲစွာ နေထိုင်ကြသော အသိဥာဏ် ဗဟုသုတ နည်းပါးသည့် ကျေးရွာများရှိ ( ခမီ) လူမျိုးများနှင့်( မြို )လူမျိုးစု များကို ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ စည်းရုံးခဲ့မှုကြောင့် (ခမီ) မျိုးနွယ်စု တစ်ချို့နှင့်( မြို ) မျိုးစုတစ်ချို့ သည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သွား ကြ သည်ကို တွေ့မြင်လာရ ပါသည်၊ ဘာသာကိုးကွယ်မှု ကွဲလာသည်နှင့်အမျှ ထိုမျိုးနွယ်စုများ အတွင်း ဗုဒ္ဓ ဘာသာဝင် နှင့် ခရစ်ယာန်ဘာသာဝင် လူမျိုးတူ များသည် တစ်ရွာနှင့်တစ်ရွာ တစ်အုပ်စုနှင့်တစ်အုပ်စု မသင့်မမြတ်ဖြစ်လာကြသည်။ ယနေ့သော် အဆိုးဆုံးက ထိုမျိုးနွယ်စု အွန်လိုင်းသုံး လူငယ်များတို့သည် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် မိမိမျိုးနွယ်စုအချင်းချင်း စကားနာထိုးကာ စိတ်ဝမ်း ကွဲမှု အမုန်းစကားများပြောလာကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင် လာရပါ သည်။ ဤသည်ကို သက်ဆိုင်ရာ မျိုးနွယ် စုခေါင်းဆောင်များ အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ အဖြေရှာသင့်ပါအကြံပြုလိုပါ သည်။ နောင်မျိုးဆက်သစ်လူငယ်များသို့ ဤပြသနာကို ဆိုးမွေအဖြစ် မကျန်ရစ်စေရန် ယနေ့မျိုနွယ်စုခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်ဟု ခံယူကာ အမြန်ဖြေရှင်း သင့်ပါသည်ဟု တိုက်တွန်းလိုပါသည်။
နောက်တစ်ခါ ရခိုင်မျိုးနွယ်စုများထဲတွင် ဘာသာကွဲသွားသည့် မြိုလူမျိုး နှင့် ခမီမျိုးနွယ်စုများ တွင် လူမျိုးအမည်ပြောင်းခြင်းပြသနာသည်လည်း တစ်စတစ်စ ကြီးထွားလာနေသည်ကိုတွေ့မြင်လာရပါသည်။ မိဖဘိုးဘွား မျိုးရိုးအဆက်ဆက် ခမီလူမျိုးဖြစ်ရဲ့သားနဲ့ ခမီးလူမျိုးထဲမှ တစ်ချို့သည် ခရစ်ယာန် ဓမ္မဆရာများ၏ စည်းရုံးမှုကြောင့်သော်၎င်း၊ နိုင်ငံရေးပါတီများ၏ စည်းရုံးမှု ကြောင့်သော်၎င်း ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ပြောင်းကာ လူမျိုးအမည်ကိုလည်း ခမီလူမျိုး အမည်မခံယူတော့ဘဲ မိမိတို့လူမျိုသည် မြိုလူမျိုးဖြစ်သည်ဟု အမည်ခံယူလာ ကြသည်ကို တွေ့ရပါသည်။ သိုသော် ထိုမြိုလူမျိုးအမည်ခံယူထားသောသူတို့၏ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများက သူတို့သည် မြိုလူမျိုးမဟုတ်ကြောင်း ခမီလူမျိုးသာဖြစ်ကြောင်း ပြောကြသည်ကိုလည်း ကြားခဲ့ရပါသည်။ မြိုလူမျိုးအစစ်တို့ကလည်း

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်