Friday, January 13, 2017

ရခိုင်လူမျိုးရို့၌ ခေတ်အဆက်ဆက် သီးခြားပိုင်ဆိုင်/ထိန်းသိမ်းလာကတ်တေ အမျိုးသားယိုင်ကျေးမှု ( ၅ ) ရပ်ကို အကျယ်တဝင့် ခွဲခြမ်းဖွင့်ဆိုချက်


အမျိုးသားယိုင်ကျေးမှုတစ်ရပ်ကို အင်္ဂါ (၅) ရပ်နန့် ထောက်ချင့်နိုင်ပါရေ ။ ယင်း (၅) ရပ်မာ - - -
၁ ။ ကိုးကွယ်မှုဆိုင်ရာယိုင်ကျေးမှု ။
၂ ။ ဘာသာစာပီဆိုင်ရာ ယိုင်ကျေးမှု ။
 ။ သုခုမအနုပညာဆိုင်ရာ ယိုင်ကျေးမှု ။
၎ ။ ဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာယိုင်ကျေးမှု ။
၅ ။ ဗိသုကာဆိုင်ရာ ယိုင်ကျေးမှု ပင်ဖြစ်တေ ။
၁ ။ ကိုးကွယ်မှုဆိုင်ရာ ယိုင်ကျေးမှု
    ရခိုင်လူမှုအဖွဲ့အစည်း အားလုံးလိုလိုပင် ဗုဒ္ဓဘာသာဝင်များဖြစ်ကတ်တေ ။ ခရစ်ယန်ဘာသာဝင်လေ့ အချို့ဟိရေ ။ အစ္စလာမ်ဘာသာဝင်များ အချို့ဟိရေ။ ရိုးရာနတ် ကိုးကွယ်မှုလေ့ဟိရေ ။ ရခိုင်ရာဇဝင်မှတ်တမ်း များအရ ဗုဒ္ဓဘာသာရေ ရခိုင်ပြည်တို့ မဇ္ဈိမဒေသက ဗုဒ္ဓလက်ထက်တော်အခါကပင် ရောက်ဟိလာရေလို့ သိရရေ။ ရခိုင်ပြည်မာ ဗုဒ္ဓဘာသာထေရဝါဒ ထွန်းကားရေ ။ရဟန်းတော်များမာ ဧကစာရဂိုဏ်း နန့် ဗဟုစာဂိုဏ်း ရို့ နှစ်ဂိုဏ်းဟိရေ ။အယူအဆကွဲလို့ ဂိုဏ်းကွဲနီစွာမဟုတ်။ အရညဝသီတောမှီရေ ရဟန်းတော်များကို ဧကစာရီ လို့ခေါ်ရေ ။ ယင်းရဟန်းတော်အစုကို ဧကစာရဂိုဏ်း လို့ ခေါ်ရေ ။ မြို့တိ ရွာတိမှာ သီတင်းသုံးရေ ရဟန်းတော် တိကို ဂါမဝါသီ (ဝါ) ဗဟုစာရီ လို့ခေါ်ရေ ။ ယင်းရဟန်းတော်များအစုကို ဗဟုစာရဂိုဏ်းလို့ ခေါ်ရေ ။ အဂုခိုက်မာ ကံဂိုဏ်း ၊ ဒွါရဂိုဏ်း လို့ ကွဲပြားနီရေ ။ ကံဂိုဏ်းလို့ခေါ်ဝေါ်နီကတ်တေ ဂိုဏ်းမာ စင်စစ် ဗမာပြည်ကလာရေ ကံဂိုဏ်း မဟုတ် ။ အယင်က ရခိုင်ရဟန်းတော်များ၏ ဂိုဏ်းဆက်ဂိုဏ်းနွယ်များရာ ဖြစ်တေ ။
ရခိုင်ဆရာတော် ကြီးအချို့မာ ဗမာဆရာတော်ကြီးအချို့နန့် ဒွါရဂိုဏ်းကိုထူထောင်လိုက်ကတ်တေအခါ ရခိုင်ရဟန်းတော်များ လောကမာလေ့ ဒွါရဂိုဏ်းပေါ်ပေါက်လာရေ ။
ရခိုင်ပိဋကတ်တော်များ ၊ ဘုရားမြတ်စွာ၏ အဂ္ဂသာဝကဖြစ်တော်မူရေ အရှင်ဗာကုလမထေရ်နန့် မဟာစန္ဒသူရိယမင်းကြီးရို့ ရခိုင်ရာဇဝင်မှတ်တမ်းများမာ တွိရရေ ။ယင်းနောက် သီဟိုဠ် စတုတ္ထသံဃာယနာမူ နန့် မင်းအဆက်ဆက်တိုက်ဆိုင် တည်းဖြတ်ထားခကတ်တေ ။ ရခိုင်ပြည် ဗုဒ္ဓသာသနာတော်မာ မဟာမုနိ ကိုယ်စား တော်လေ့ အထွဋ်အထိပ်ဖြစ်တေ ။ မဇ္ဈိမဒေသ ၊ သြရိသ ၊ သီဟို ၊ မွန် ၊ ဗမာ ၊ ထိုင်း ၊ သျှမ်း ၊ ရခိုင်ရို့မာ သာသနာရေးအရ သမိုင်းနန့်ချီပြီးကေ ကောင်းကောင်းရင်းနှီးကတ်တေ နိုင်ငံများဖြစ်တေ ။
ရိုးရာနတ်ကိုးကွယ်မှုမာ ရှိဟောင်းခေတ်က ကျောက်တုံး ကျောက်တောင်ကြီးများကို ကိုးကွယ်ခြင်း ၊ တောစိုးသစ်ပင်ကြီးများကို ကိုးကွယ်ခြင်း ၊ ချောင်းမြောင်း ၊ မြစ်ကြီး ၊ မြစ်ငယ်များကို ကိုးကွယ်ခြင်းရို့က မြစ်ဖျား ခံလာစွာ ဖြစ်တေ ။ ရိုးရာ နတ်ကိုးကွယ်ရာမာ ရခိုင် ၊ မြို ၊ သက် ၊ ဒိုင်းနက် ၊ မရမာကြီး ၊ ချင်း စရေ တိုင်းရင်းသား အားလုံးရို့မာ ကောင်းကောင်း ဆင်တူမှုဟိရေ ။ ယေပြီးကေ ရခိုင်အာဇာနီများကို ပြည်ရှင် ၊ ပြည်ရှင်မ အဖြစ် တင်မြှောက်ကတ်တေ ။
ယင်းကြောင့် ရိုးမတောင်စွယ်အဆုံး မော်တင်စွန်း ၊ ရမ်းဗြဲ့တောင်ရိုးတောင်စွယ် အဆုံး ၊ တောင်နီ တောင်ရိုးတောင်စွယ်အဆုံး ၊ ကျန်းတောင်တန်းတောင်ရိုးတောင်စွယ် အဆုံး ၊ သြရမတောင်တန်း တောင်ရိုး တောင်စွယ်အဆုံး ၊ မယူတောင်တန်း တောင်ရိုးတောင်စွယ် အဆုံး ၊ ချောင်းဖျား မြစ်ဖျားအဆုံးရို့မာ နတ်ရုံ နတ်ကွန်း ၊ အကြီးအငယ် ဆောက်လုပ်ပြီး ပူဇော်ပသတုန်းဖြစ်တေ ။
နတ်ရုံ နတ်ကွန်းရို့နန့် နယ်ခြား ၊ နယ်နမိတ်မျဉ်းကြောင်းရို့ကို သတ်မှတ်ထားခစွာလေ့ ဟိရေ ။ ရခိုင်ရိုးရာ နတ်ကိုးကွယ်မှုမာ ပြည်ချစ်စိတ် မျိုးချစ်စိတ်ရို့ကို ဖော်ညွှန်း ဖွဲ့စည်းစွာရို့ကိုလေ့ တွိရရေ ။
၂ ။ ဘာသာစာပီဆိုင်ရာ ယိုင်ကျေးမှု
 ရခိုင်အက္ခရာမာ သီဟို၊ ဗမာ ၊ မွန် ၊ထိုင်း ၊ လော ၊ ကမ္ဘောဒီယား ၊ သျှမ်းအမျိုးသားရို့၏ အက္ခရာများပိုင် အန္ဒိယမြောက်ပိုင်း ဗြဟ္မီအက္ခရာက ဆင်းသက်လာရေ ။ ဝေသာလီခေတ် ( အေဒီ ၃၂၀ - ၉၅၇ ) အတိုးအတွင်းမာ ရက္ခဝဏ္ဏအက္ခရာ ဆန်းသစ်တိုးတက် ဖြစ်ထွန်းလာရေ ။
ရခိုင်စာပီလောကမာ (၁) စကားပြေ ၊ (၂) လင်္ကာစကားပြေ ၂ ထွေရော ၊ (၃) အရွေ့အဖွင့် လို့ ၃ မျိုး ၃ စားကွဲပြားစွာကို တွိ့ရရေ ။ ဓမ္မသတ် ၊ လျှောက်ထုံး ၊ ဖြတ်ထုံး ၊ နိပါတ်ပုံပြင် ၊ ရာဇဝင်မှတ်တမ်း ၊ မှတ်စု စရေစွာရို့ကို စကားပြေနန့် အရွီးများရေ ။ တစ်ခါတစ်ခါ လင်္ကာ စကားပြေ ၂ ထွေရောနန့် ဖွဲ့နွဲ့ရေ လင်္ကာ ၊ အရွေ့အမျိုးမျိုးပါဝင်ရေ ။
စာပီလောကကို ကဗျာကျမ်း ၊ သဒ္ဒါကျမ်း ၊ အဘိဓာန်ကျမ်း ရို့က ထိန်းရေ ။ ရခိုင်စာပီလောကကို ရခိုင် ကဗျာကျမ်း ၊ ရခိုင်သဒ္ဒါကျမ်း ၊ ရခိုင်အဘိဓာန်ကျမ်းရို့်က ထိန်းရေ ။ ရခိုင်စာပီလောကမာ သုတဗောဓဆန်းကျမ်း (ဝေသာလီခေတ် မြန်မာပြန် ) ကဗျာဆန်းကျမ်း ၊ ကဝိကန္ဓပါသဆန်းကျမ်း ( မြောက်ဦးခေတ် ) ပေါ်ပေါက် ခရေ ။ သဒ္ဒါကျမ်းများ အဘိဓာန်ကျမ်းများရို့လေ့ ပေါ်ပေါက်ခရေ ။ ယင်းနန့်ဇု ငါရို့တာဝန်တစ်ရပ်မာ ခေတ်မီအမျိုးသား စာပီတစ်ရပ်ကို ခိုင်ခိုင်နောင်းနောင်း ၊ ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ရဖို့ပင်ဖြစ်တေ ။
၃ ။ အနုသုခုမဆိုင်ရာ ယိုင်ကျေးမှု
ရခိုင်သုခုမအနုပညာမှာ နက်နည်းသိမ်မွေ့ရေ ။ ဆန်းကြယ်ရေ ၊ သဘာဝအသံကိုလိုက်လို့ ဂီတတေး သွား အမျိုးမျိုးထွင်ပြီးကေ သီဆိုတီးမှုတ်ကတ်တေ ။ ဂုဏ် ရသမြောက်မှုကို အဓိကထားကတ်တေ ။ အရှိတိုင်း ဆန်ဆန်ပင် စည်းဝါးညီညွတ်မှု ( Harmony ) ထက် ဂုဏ်ရသမြောက်သာယာမှု ( Melody ) ကို ဦးစားပီး ကတ်တေ ။ စစ်နန့်ဆိုင်လာကေ စစ်သွီးစစ်မာန်မြောက်လာအောင် မြှောက်တီးရရေ ။ လူထုပွဲကြီး ကျလာလတ် ကေ သံချပ်ထိုးလို့ အိုးစည် ၊ ဗုံမောင်း တီးကတ်တေ ။ ရိုးရာနတ်ပွဲမာ ပတ်တီးရေ ။ ထိမ်းမြားမင်္ဂလာပွဲမာ ပန်းတျား တီးကတ်ရရေ ။
ရှင်ပြုပွဲသမက်တက်ပွဲမာ မင်္ဂလာစည်တီးရေ ။ ဘုရားတက် ကျောင်းတက်တေခါ ကောင်းမှု စည်ကိုတီးရေ ။ ကျင်ပွဲမာ ကျင်စည်ကိုတီးရရေ ။ မသာ ၊ အသုဘမာ ဒုံးစည်တီးရရေ ။
အငြိမ့်တီးဝိုင်းမျိုးမာ ပလီ အမျိုးမျိုး ၊ တူရိယာအမျိုးမျိုးရို့ကို အခြားတူရိယာရို့နန့် တွဲပြီးကေ ငြိမ့်ညောင်း သာယာစွာ ချိုတသိမ့်သိမ့် ချမ်းတငြိမ့်ငြိမ့် တီးမှုတ်ကတ်ရရေ ။ တီးပုံတီးဟန်နန့်ပက်သက်လို့ အကြမ်းတီး ၊အနုတီး၊ အနွဲ့အပျောင်းတီး ၊ အလွမ်းတီး ၊ အသောတီးလို့ ရသအရ ခွဲခြားတီးမှုတ်ကတ်ရရေပိုင် အကြမ်း ၊ အငြိမ့် ၊ အနု ၊ အနွဲ့ ၊ အပျောင်း ၊ အလွမ်း ၊ အသောလို့ ခွဲခြားသီဆိုကတ်ရရေ ။
ခွဲခြားကခုန်ကတ်ရရေ ။ ကဟန်မာ လက်ချောင်းအယူအငင် ၊ မျက်နှာအမူအရာရေ ကကောင်းအရီးကြီးရေ ။ ညာခြီညာလက် ၊ ဘယ်ခြီဘယ်လက်မာ ရခိုင်၏ အဓိက ကကွက်ဖြစ်တေ။ ယင်းရို့ရေ အက၏ သရုပ်ကိုဆောင်ရေ ။ အက၏ ဂုဏ်သရေကိုဆောင်ရေ။
ရခိုင်အမျိုးသားသုခုမ အနုပညာမာ ရာစုနှစ်များစွာကပင် ကိုယ့်မူကိုယ့်ဟန်နန့် ပြည့်ပြည့်ဝဝ ဆင်းသက် လာလို့ ကမ္ဘာ့အလယ်မာ ထည်ထည်ဝါဝါ တမူတဟန် တသီးတခြား ရပ်တည်လို့ ဟိနီရေ ။
၎ ။ ဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာ ယဉ်ကျေးမှု
ရခိုင်အမျိုးသားဝတ်စုံမာ ခေတ်အလိုက် တိုးတက်ပြောင်းလဲမှုဟိရေ ။ အယင့်အယင်ခါက ယောက်ျား မိန်းမအားလုံး ဆံထုံး ထုံးကတ်တေ ၊ ပုတီး ၊ နားဒေါင်း ၊ လက်ကျပ် ၊ လက်ကောက် ၊ ခြီချင်းဝတ်ကတ်တေ။ အမျိုးသမီးရို့မာ ဆံထုံးကို အဆန်းတခြယ် အလှပထုံးလိဟိကတ်တေ ။ အမျိုးသားလူကြီးရို့မာ ခေါင်းပေါင်း ထီးထီး ပေါင်းလေ့ဟိကတ်တေ ။ အင်္ကျီထိုင်မသိမ်း ၊ ပုဆိုးဆောင်ရှေရို့ကို ခန့်ခန့်နားနား ဝတ်ဆင်ကတ်တေ။
အရွယ်ရောက်တေအမျိုးသမီးရို့မာ ရင်တင်ပါတ်လေထမိန်ကို ရှိစထားလို့ ဝတ်ကတ်ရရေ ။ အိမ်ထောင်သျှင်မ ရို့မာ ပတ်လေထမိန်ကို နောက်စထားလို့ဝတ်ဆင်ကတ်ရရေ ။ ခါးကြိုးဒွါရာမာ ရခိုင်အမျိုသမီးရို့၏ တင့်တယ်ရေ အဆင်တစ်ခုဖြစ်ပါတေ ။
ရခိုင်ရိုးရာဝတ်စုံကို အစုံအလိုက် ၊ အလွှာအလိုက် ၊ ပွဲလမ်းသဘင်အလိုက် ၊ တသီးတသန့်စီ သတ်မှတ် ထားပါရေ ။ အမျိုးသားဝတ်စုံရေ အမျိုးသား(Nation) တရပ်၏ အမျိုးသားကျက်သရေဆောင်ဖြစ်တေပိုင် ၊ အမျိုးသားဝတ်စုံလေ့ ရခိုင်အမျိုးသားဝတ်စုံ၏ အမျိုးသားကျက်သရေဆောင်ပင်ဖြစ်တေ ။
၅ ။ ဗိသုကာဆိုင်ရာ ယိုင်ကျေးမှု
အင်ဒိုအယ်ရိယန်ရို့၏ ယိုင်ကျေးမှုအငွိအသက်ကို ဝေသာလီခေတ် အဆောက်အဦးရို့မာ တွိရရေ ။ လေးမြို့ခေတ် ၊ မြောက်ဦးခေတ်ရို့မာကား ရခိုင်မူ ရခိုင်ဟန်ပါပါ ဗိသုကာပညာရပ် ထွန်းကားခရေ ။ အထူးသ ဖြင့် မြောက်ဦးခေတ် လက်ရာရို့မာ ကောင်းကောင်းပြောင်မြောက်ရေ ။ သျှစ်သောင်းသိမ်တော်ကြီး ၊ ကိုးသောင်း သိမ်ကြီး ၊ ထုတ်ကန်သိမ်ကြီး ၊ လေးမျက်နှာဘုရား ၊ မြောက်တန်ဆောင်း ၊ မြတန်ဆောင်း ၊ အံတော်သိမ် ၊ ရတနာပုံ ၊ လောင်ပွန်းပြောက်စေတီ ၊ ကူတောင်ဘုရား ၊ ကျောက်တစ်လုံးဘုရား ၊ ကူဝဘုရား ၊ မာန်ငါးပါး ဇာတီတော်များ၊ ဦးရာဇ်တောင်ဇာတီတော်များနှင့် ဗျာဒိတ်ဝင်ဇာတီတော်များ ၊ ယင်းအပြင် မဟာမုနိကုန်းတော် ၊ ဝေသာလီကျောက်လှီကား ၊ ပုရိမ်နန်းရာတော်၊ မြောက်ဦးနန်းရာကုန်းတော် ၊ သံတွဲနန်းရာကုန်းတော်ရို့မာ ရှိဟောင်းရခိုင်လက်ရာဗိသုကာပညာတိ ထွန်းပြောင်ချက်ကို ညွန်ပြလို့ ဟိနီကတ်တေ ။
 [ #စံကျော်ထွန်း ( မဟာဝိဇ္ဇာ ) ရွီးသားပြုစုရေ ‘ငါရို့ဇာလုပ်ကတ်ဖို့လဲ’ စာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည် ]
မြတ် ခွါ ညို Photo - Credit 

Date – 19.12.2016
Time : 17:00:18:00
D J   - Zin Myo
Ref: 
ဘုရင် ကပ္ပီလဝပ်ပြည့်ရှင်

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်