Monday, July 25, 2016

အမ်းမြို့နယ် သမိုင်း / ဖြစ်စဉ် အပိုင်း (၁)

12
ကျနို ဟာ အမ်းမြို့နယ် သားတစ်ယောက်ဖြစ်ပါတယ်။ ယခု ခေါင်းစဉ် နဲ့ အခုလိုရေး သားရခြင်းဟာ ဆရာကြီးလုပ် ကါ ငါတတ် ငါသိ ဟူ သော သဘောလုံးဝ မပါဝင်ပါကြောင်း မေတ္တာရပ်ခံပါရစေ။ မိမိမြို့နယ် အကြောင်း သိလိုအား ပြင်းပြကါ လေ့လာမိထားသော အရာများ အား ပြန်လည် ဖောက်သယ် ချခြင်း မျှ သာဖြစ်သောကြောင်း။ မိမိမြို့နယ် မိမိဒေသတိုးတက်ရေး အလို့ငှာ တတ်အားသမျှ ကြိုးစား နေပါကြောင်း ဦးစွာ ပဏါမ ပြောပါရစေ။
……………..ရခိုင်ပြည်နယ် မှာ အမ်းမြို့နယ် ဟာ ဂျောင်ကျပြီး တောထောင် ထူထပ်ခြင်း၊ အမ်းတောင်စဉ် အပြင် ကျွန်းများ လည်း ရှိတာကြောင့် လမ်းပန်း ဆက်သွယ် ရေးမှလွန်စွာ ခေတ်နောက်ကျ ကျန်ရစ်နေပါတယ်။ ၂၁ ရာစု ကဲ့သို့ Information and Communication Technology သတင်းအချက် အလက်နှင့် နည်းပညာ ခေတ်၊ globalization ကမ္ဘာ့ရွာ ပြု တဲ့ခေတ်မှာ အမ်းမြို့နယ်၏ လက်ရှိ အခြေအနေသည်ကါး စိတ်ဆင်းရဲစရာ ကောင်းလွန်းလှပါသေးသည်။ ကဲ အဲဒီအကြောင်းကို ခဏ ရပ်ကါ အမ်းမြို့နယ် သမိုင်း ကို ပြန်လှန်လှော ကြည့်ရအောင်ပါ …….
အမ်းမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်လှောက်ကပင်တည်ရှိ ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ရာဇ၀င်အရ ကစ္စပနဒီမြစ် ၏ လက်ဝဲကိုးဆယ် ကိုးမြို့၊ လက်ယာ ကိုးဆယ်ကိုးမြို့ မှာ လက်ယာကမ်း ကမ်း ၉၉ မြို့တွင် “ စောစစ်မိဖုရား “ တည်သောမြို့ ၁၆ မြို့ ကိုတွေ့ရှိရပါတယ်။ အဲဒီအထဲ မှာ “ နီလာပန်းတောင်း နှင့် တကွ အမ်းမြို့ တောင်ကုတ် မြို့ “ တို့ ကိုတွေ့ရှိ ရတာကြောင့် အမ်းမြို့ဟာ ထိုစဉ်က ပင် တည်ရှိခဲ့တယ်ဆိုတာ သက်သေ ထူနေပါတယ်။ ဒါပေမေ့ ထိုအချိန်ခါက အမ်းမြို့ ဆိုတာ ဘယ်နေရာ၊ ဘယ်ပုံစံနဲ့ ဘယ်ကဲ့သို့ တည်ထား သည်ကို မှတ်တမ်းမှတ်ရာ မတွေ့ရလို့ တိကျစွာ မပြောဆိုနိုင်ပါဘူး။ လွန်ခဲ့တဲ့ ၁၁၇၄ ခုနှစ်က ယခု ပြည်ကျောင်းတောင်ခြေရင်း သဖန်းဆိပ် ဟုခေါ်သောနေရာ မှာ ရွာတည်ရာမှ အမ်းချောင်း ကိုအစွဲ ပြု ကါ အမ်းမြို့ဟု ဖြစ်လာကြောင်း အချို့ရှေ့မှီ နောက်မှီ များက ဆိုကြပါတယ်။ ထို့အပြင် အမ်းမြို့နှင့် ပတ်သက် သော စကါးများမှာ “အမ်းနှင့် ဒလက် အသက်ထွက်” “အမ်းနှင့် ဒါးလက် မပျက် အိမ်ခြေ ကိုး ကုဋေ၊ အမ်းနှင့် ဒါလက် မပျက် အိမ်ခြေ ကိုးခုတည် “ စသဖြင့် ပြောဆို ရေးသားခဲ့ကြပါသေးတယ်။ ထို့အပြင် မူလ အမ်းမြို့ ဟာ စခန်းမော် အနီး တွင် သော်လည်းကောင်း၊ တပ်တောင် အထက် တွင်သော်လည်းကောင်း ရှိခဲ့သည် စသဖြင့်ပြော ဆိုခဲ့ကြပါတယ်။ အမ်းမြို့နယ် ကို တချိန်က နန္ဒာ မြို့ လို့ခေါ်ကြပါတယ် တဲ့။ ဒါ့အပြင် ရခိုင်ရာဇ၀င် တချို့မှာတော့ အမ်းချောင်း ကို အစွဲပြု ပြီး အမ်းမြို့လို့လဲ ခေါ်တယ် လို့ဆိုပါတယ်။ ဒွာရာဝတီ သံတွဲ မှ ကဉ္ဖနဒေ၀ီ နဲ့ ပုဏ္ဏား တို့ ပြေးလာ ကြတဲ့ အခါ အစစအရာရာ ၀မ်းနည်းဖွယ်ရာ တကါး လို့ ညုည်းတွားမိ လို့ ထိုနေရာ ကို နောင် အခါ စနဲ လို့ခေါ်ဆိုကြတယ် ဆိုပါတယ်။ ထိုမှဆက်ကါ မြောက်ဘက် သို့ခရီးဆက်လာခဲ့ကြရာ ရင်ဘတ်ကို ခတ်ပြီး ချီးမွန်းထောပနာ ပြု တာကြောင့် ထိုနေရာ၊ ထိုကျွန်းလေးကို ရင်ခတ်တိန် ကျွန်းလို့နောက်ပိုင်းမှာ ခေါ်ဆိုကြပါတယ်တဲ့။ ကဉ္ဖနဒေ၀ီ တို့ဟာ ဆက်လက်ခရီးဆက် ခဲ့ကြရာ တစ်ခုသော တောင် ကိုအရောက်တွင် မိမိဘ၀ အဖြစ်မှန် ကို ပြန်လည်စဉ်းစား မိကါ ၀မ်းနည်း ပူဆွေးရ်ျ လှူးလှိမ့် ငိုကြွေး သောကြောင့် နောင်သော့အခါ အဆိုပါတောင် ကို ပူလောင် တောင်၊ ပလောင် တောင် လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ကဉ္ဖနဒေ၀ီဟာ ထိုတောင်မှာ စေတီတစ်ဆူ တည်ထား ခဲ့တယ်လို့ဆိုပါတယ်။ အမ်းချောင်း ကိုရှေးက အကုင်္ရိမေရ ချောင်းလို့ခေါ်တွင်ခဲ့ကြတယ်လို့ဆိုပါတယ်။ သရက်သီး၊ ပိန္နွဲသီး စသည်တို့ ပေါများသောကြောင့် လည်း အမ္ဗ္ဗ နဒီလို့လဲ ခေါ်တွင်ခဲ့ကြတယလိုလဲ တွေ့ရှိရပါတယ်။ မင်းဘီလူး ၏ သားမင်းထီး ဟာ သက္ကရာဇ် ၆၄၅ မှာ နန်းတက်ပြီး ၆၅၆ မှာ အရှေ့မှ လူမျိုးများ လာရောက်တိုက်ခိုက်သောကြောင့် နှိမ်နှင်းလိုက်ရပါတယ်။ သက္ကရာဇ် ၆၉၅ မှာ အရှေ့မှ သက်မင်း သောင်းကျန်းတာကြောင့် ပြည်မြို့ အထိ သွားရောက်တိုက်ခိုက်ကါ သက်မင်းယဉ်စော ကိုဖမ်းဆီးခေါ် ဆောင် ပြီး သားတော်သုံးပါ၊ မိဖုရားသုံးပါး ၊ သမီးတော်နှစ်ပါးနှင့် သက်အိမ်ထောင် စု တစ်သောင်းကျော် ကို သိမ်းယူလာခဲ့ ကါ အမ်းချောင်း၊ ရူးချောင်း၊ ဒါးလက်ချောင်း နားတို့တွင် နေရာချထား နေထိုင်စေခဲ့ပြီး သမီးတော် အငယ် အား အမ်းစားအောင်သူ နှင့် ထိမ်းမြား ပေးခဲ့တယ်လို့ဆိုပါတယ်။ အထက်ပါ သက်လူမျိုး တွေဟာ နောက်ပိုင်းမှာ ချင်းလူ မျိုးလို့ အမည်တွင်လာခဲ့ပါတော့တယ်။ …အပိုင်း (၁) ပြီး၏ ………….
………………………….
ဆက်လက်တင်ပြပါမည်……….
………….
အဒူမင်းညို (အမ်းသားချေ)

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်