Sunday, January 22, 2017

ဇိနမာရ်​​အောင်​​စေတီ

📖📖📖📖📖📖📖📖📖
 (သက္ကရာဇ်​ ၁၁၂၀နှစ်​၊ ခရာဇ်​နှစ်​ ၁၆၅၈)
ဇိနမာရ်​​အောင်​​စေတီ​တော်​မှာ နန်း​တော်​ကုန်း​တောင်​ဖက်​ မိုင်​ဝက်​ခန့်​ အကွာ ပန်းတိမ်​​တောင်​​ပေါ်တွင်​ တည်​ရှိပါသည်​။ စန္ဒသုစမ္မရာဇာ မင်း သည်​​မြောက်​ဦးထီးနန်းကို သက္ကရာဇ်​ ၁၀၁၄-ခုတွင်​အုပ်​စိုးခဲ့ပါသည်​။
ထိုမင်းသည်​ ​ရှေ့ဦးစွာနန်းတက်​စတွင်​ ​စေတီ​တော်​တစ်​ဆုကို တည်​ထား ကိုးကွယ်​ခဲ့ပါသည်​။ ထိုအခါ သူငယ်​တို့သည်​"စံသူဘုရင်​၊ အရှင်​​ကောင်းမှု၊ ပန်းတိမ်​​တောင်​ဘုရားပြု၊ သာဓုမ​ခေါ်​လောက်​"ဟု ​အော်​ဟစ်​ကြ​လေသည်​။  ဤအ​ကြောင်းကို ဘုရင်​မင်းကြီးကြား​တော်​မူ​လေ​သော်​ ပညာရှိမှူးမတ်​တို့အား ​မေးမြန်း​ရာ မှူးမတ်​ညာရှိတို့က အရှင်​မင်းကြီးသည်​ဘုန်းတန်​ခိုးကြီး​တော်​မူ​သော ဘုရင်​ဖြစ်​ပြီး ကုသိုလ်​​ကောင်းမှု့ပြုရာတွင်​မ​ပြောပ​လောက်​၊ ​သေးငယ်​​သော ​စေတီကိုသာတည်​ထား​တော်​မူသဖြင့်​နတ်​တို့က သူငယ်
တို့အား ဘုရင်​မင်းကြီးသတိရ​စေရန်​ ​ပြောဆိုခြင်းဖြစ်​နိုင်​ပါသည်​ဟု ​လျောက်​ထားကြ​လေသည်​။ထိုအခါဘုရင်​ကြီးသည်​ အရှက်​​တော်​ရ၍တည်​ထားပြီး​သော​စေတီအနီးတွင်​ ​ကျောက်​​စေတီ​တော်​ကြီးကို သက္ကရာဇ်​ ၁၀၂၀ခု၊ ခရာဇ်​နှစ်​ ၁၆၅၈ တွင်​တည်​​စေသည်​။ ဘုရားတည်​ခြင်းကို ​ပေါင်​မြင်​​သောအထိမ်းအမှတ်​အဖြစ်​ ​စေတီ​တော်​ကြီးကို ဇိနမာရ်​​အောင်​ ဟု​ခေါ်တွင်​​စေခဲ့သည်​။စေတီ​တော်​၏ လုံးပတ်​​ပေ ၃၂၀ရှိပြီး၊ ဥာဏ်​​တော်​အမြင့်​​ပေ ၁၂၀ခန့်​ရှိပါသည်​။ ​စေတီ​တော်​​အောက်​​ခြေမှာ (၈)​မြောင့်​ပုံဖြစ်​ပြီး ​ထောင့်​ချိုးများတွင်​ ဦး​ခေါင်းတစ်​လုံးနှင့်​ ကိုယ်​နှစ်​ခုပါ​သော ပူးအရုပ်​များရှိပါသည်​။ရှေ့ဘက်​၌ ဂန္ဓကုဋီတိုက်​သို့ဝင်​ရန်​ ဂူ​ပေါက်​တစ်​ခုရှိသည်​။ ​ရှေးအခါကဂန္ဓကုဋီတိုက်​တွင်​ ​ကြေးဆင်းတု​တော်​ရှိခဲ့သည်​။ြ​ဗိတိသျှစစ်​တပ်​ ယူသွားသဖြင့်​ ယခုအခါ အုတ်​ဖြင့်​ပြုလုပ်​ထား​သော ဆင်းတု​တော်​တစ်​ဆူရှိပါသည်​။ ဝင်​လမ်းဂူအထက်​​တွင်​ မုခ်​ (၅)ဆင့်​ရှိပြီး ပစ္စယံ၏ဒုတိယအဆင့်​​ထောင့်​များ၌ ပူးရုပ်​များထုလုပ်​ထားရှိပါသည်​။ရက္ခိုင်​ပြည်​ ​မြောက်​ဦးမြို့​တော်​သို့ ဘုရားဖူးအလည်​လာကြပါရန်​ဖိတ်​​ခေါ်အပ်​ပါသည်​။ ​ရှေးကျ​သော သမိုင်းဝင်​ ဘုရား၊ ​စေတီ​တော်​များနှင့်​သာယာလှပတဲ့ ​တောင်​တန်းကြီးများကိုလည်း မြင်​​တွေ့ကြရမှာဖြစ်​ပါသည်​။ ​တောင်​ထွတ်​​တောင်​ဖျား​တွေဆီမှာ ​စေတီဥာဏ်​​တော်​ အကြီး၊အငယ်​ ​မြောက်​မြားစွာတည်​ရှိကိုးကွယ်​ထားပါသည်​။မြောက်​ဦးမြို့​နော်​ကြီးကို ​စေတီပုထိုးမြို့​တော်​(Golden City)ဟု ​ပေါ်တူဂီ တို့က​ခေါ်တွင်​အမည်​သတ်​မှတ်​ထားပါသည်​။မာရ်​ငါးပါးဟု ထင်​ရှားလှပါ​သော ဇိနမာရ်​​အောင်​ ​စေတီ​တော်​ ​လောကမာရ်​​အောင်​ ​စေတီ​တော်​ရတနာ့မာရ်​​အောင်​​ ​စေတီ​တော်​ သကျမာရ်​​အောင်​ ​စေတီ​တော်​ မင်္ဂလာမာရ်​​အောင်​ ​စေတီ​တော်​ ဖြစ်ပါသည်။
ရခိုင်​မင်းသား​ကြီးစာ​ပေ(ရခိုင်​လှမြင့်​)မှ ကူးယူမျှ​ဝေခြင်းဖြစ်​ပေသည်​။

ရခိုင်​မင်းသား​ကြီးစာ​ပေ(ရခိုင်​လှမြင့်​)မှ ကူးယူမျှ​ဝေခြင်းဖြစ်​ပေသည်​။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် မ တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်