Monday, July 25, 2016

လေထဲမှာ ပေါက်တဲ့ ပူဖောင်း


(နည်းနည်းလေး ပေါက်ကွဲခွင့်ပြုပါ Facebook ကြီးရယ်)
ခင်ဗျားတို့ သိတဲ့ ရခိုင်ဆိုတာ ရွှေဂစ်ထွက်တယ်။ တိုက်တေနီယမ်သဲထွက်တယ်။ နေပူတာင်က ကျောက်ထွက်တယ်။
လေးမြို့မြစ်စီမံကိန်းတွေရှိတယ်။ စစ်တွေဆိပ်ကမ်းတည်ဆောက်နေတယ်။ ကုလားမြစ်စီမံကိန်းတွေ ရှိတယ်။ မြေပေါ်မြေအောက် သံယံဇာတတွေ ထွက်တယ်။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးဟာ ရခိုင်ပြည်သူအတွက် မဟုတ်ခဲ့ဘူး။ အဲဒါထက် ထူးဆန်းတာက
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဝါးတောကို ပိုင်ဆိုင်ထားတယ်။ စက္ကူစက်ရုံတွေကို ပဲခူးတိုင်းမှာ တည်ဆောက်ထားတယ်။ ဘင်္ဂလားပင်လယ်အော်ကို ပိုင်ဆိုင်ပေမယ့် ရေထွက်ပစ္စည်းအကုန်လုံး တရုတ်ကိုသွားတယ်။ တရုတ်နဲ့ ရခိုင် ၊ ရခိုင်နဲ့ တရုတ်။
ဒိုးယိုပေါက်။ တစ်ပြည်နယ်လုံးကို ပေါင်းလို့ ကျောက်တော်မြို့မှာ သကြားစက်ရုံးတစ်ရုံးတည်းသာရှိတယ်။ ဒါပေမယ့် သကြားမထွက်ဘူး အရက်ပဲ ထွက်တယ်။ သဘာဝဓာတ်ငွေ့တွေ အလျှံအပယ်ထွက်လို့ ပြည်ပတွေကို ရောင်းစားရတယ်။
နေပြည်တော်မှာ အိမ်တွေကမက သစ်ပင်တွေပါ မီးတွေပြောင်လို့။ ရခိုင်တွေ ကျော့ကုန်ခံပြီး ထွန်းထားခဲ့တယ်။ ဒါပေမယ့် ရခိုင်ပြည်သူ ဖယောင်းတိုင်ကို နှပ်မမှန်ခဲ့ဘူး။ လာတဲ့ မီးက တစ်ယူနစ်ကို ၄၆၀ ကျပ်ပေးဆောင်ရတယ်။ ဒီထက်မက ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် NGO, INGOs တွေ ၆၈ ခုရှိနေတယ်။ ဒါထက် ထူးခြားတာက ၁၅ ခုသာ အစိုးရနဲ့ နားလည်မှု စာချွန်လွှာ MoU ထိုးထားခဲ့တယ်။ သူတို့တွေကို ရခိုင်ပြည်သူက ကြည်ဖြူစွာပင် လက်ခံထားခဲ့တယ်။ ဒါပေမယ့် ဒေသခံကို ဘာမထီး ကားတစ်ဝီ၀ီနဲ့ ကောင်းပေ့အိမ်ကို တစ်လ သိန်း ၄၀ ကျပ်ပေးပြီး ဒေသခံတွေကို ကဲ့ရဲ့ခဲ့တယ်။ NGO, INGOs လာတော့ အလုပ်ပါမယ် မျှော်လိုက်ကြတာ။ ရခိုင်တွေအတွက် မဟုတ်ခဲ့ဘူး။ နင်းပြားတွေမှာ တစ်လကို ပိုက်ဆံ တစ်သိန်းတန်အိမ်ခန်းဆိုတာ
စိတ်တောင်မကူးဝံ့ခဲ့ဘူး။ ရခိုင်တွေမှာ မဟာဒုတ်နဲ့ သူတစ်ချီ ကိုယ်တစ်လှည့် လုံးပန်နေခဲ့ရတယ်။ လှူသမျှအလှူ လာသမျှအလှူဟာ အနောက်ဘက်က ခိုးဝင်သူတွေဆီကို ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြတယ်။


ဒေသခံတွေ မျှော်လင့်ခဲ့တာ
ပွင့်လင်းမှုပါ။ ပွင့်လင်းမှုကို တောင်းဆိုတာ အကြိမ်ကြိမ်ပဲ။ ဒေသခံတွေ အလှူငွေကို ငတ်ကြီးကျခဲ့တာ မဟုတ်ရပါဘူး။ လာသမျှ ကြည်ဖြူခဲ့တယ်။ သူတို့မပေးလည်းကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တာ ခုထိပဲ။ သူတို့မပေးလည်း အတိတ်မှာ သမိုင်းနဲ့ချီပြီး ရွှေထီးဆောင်းခဲ့တယ်။ အခုတော့ လူပေါင်းမှားခဲ့လေသလား။ နိုင်ငံတကာအမြင်မှာတော့ ရခိုင်ပြည်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး ငွေတံဆိပ်ကို ထိန်းသိမ်းထားတယ်။ သွားဟေ့ NGO, INGOs လွတ်လိုက်ကြတာ ရခိုင်တွေအတွက် မဟုတ်ခဲ့ဘူး။ ဒေသခံမှာ အလုပ်အကိုင်မရှိ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်၊ ကချင်၊ ရန်ကုန်၊ မန္တလေး -ကျွန်ဈေးကွက်ကို သွားလိုက်ကြတာ တပျော်တပါးကြီး။ တိုင်းပြည်မှာ လူတောင်မရှိတော့ဘူး။ NGO, INGOs တွေကြောင့် တိုင်းပြည်တိုးတက်တာ မှန်ပေမယ် ရခိုင်တွေအတွက် မဟုတ်ခဲ့ဘူး။ NGO, INGOs လာခဲ့ပါ။ ကြိုဆိုပါတယ်။ ခင်ဗျားတို့အကြောင်းတိုင်းပြည်တိုးတက်မယ်။
ခင်ဗျားတို့ဆီက နိုင်ငံတကာအတွေ့အကြုံတွေကို မျှော်လင့်ပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု နည်းနည်းလေးတော့
ဒေသခံတွေကို လေးစားမှုကလေးတော့ ပြခဲ့ပါ။ ရခိုင်ပြည်နယ်ရဲ့ အစိုးရအဖွဲ့မှာ ရခိုင်ဆိုတာ အရုပ်ကို ရေးပြရအောင် အာဏာပါဝါဆိုတာ ဒင်တို့လက်ထဲမှာသာ အသေဆုပ်ကိုင်ထားခဲ့တယ်။ ပြုတ်သမျှကို နူး၊ ပြုသမျှကို ခံ။ မှောက်ချင်ရင် မှောက်၊
လှန်ချင်ရင် လှန်။ ခံနေရတာ ဒေသခံတွေပါ။ ကိုယ်အိမ်မှာနေလို့ အစော်ကားခံရတာ ခင်ဗျားတို့ ကိုယ်ချင်စာကြည်ပါ။ ပညာတတ်တွေလို့ ပြောတဲ့ ရိုးမဟိုဖက်က ပညာရှိတွေက ရခိုင်ဆိုတာ သနားစရာသတ္တ၀ါမဟုတ်။ ရက်စက်တယ် ကြမ်းကြုတ်တယ်။
အလှူရှင်ကို မောင်းထုတ်တယ်တဲ့။ ရင်နာရလွန်လို့ မေးလိုက်ချင်ပါတယ်။ ဒင်တို့ ပညာမျက်စိနဲ့ ငါတို့ နေရာ ခဏကလေး ၀င်လာပြီး ကြည့်လှည့်ပါ။ အနောက်ဘက်မှာ မိုးညိုနေတယ်။ လူတိုင်းဟာ နေပူမှာ ကြိမ်ဒဏ်ရိုက်တာကို မခံချင်ဘူး။
အနောက်ရန်ကြောင့် အိပ်ကောင်းကောင်းမအိပ်ခဲ့ရ၊ စားကောင်းကောင်းမစားခဲ့ရတာ ကြာပြီ။ ပညာတတ်တွေ၊ ပညာရှိတွေ ဒါတွေကို မျက်လုံးဖွင့် ကြည့်လိုက်စမ်းပါ။ ငါတို့ဟာာ ဒေသခံတွေပါ။ ငါတို့တတွေဟာ ပြည်ထောင်စုသားတွေပါ။
ငါတို့တစ်တွေဟာလည်း လူတွေပါ။ လူ့အခွင့်အရေးကို နားလည်ပါတယ်။ လူ့အခွင့်အရေးထက် တိုင်းရင်းသားအခွင့်ရေးကို ပိုတန်းဖိုးထားပါတယ်။ ငါတို့တတွေ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကို ချခဲ့ကြတုန်းက တစ်သံတည်း တစ်မိန့်တည်း။ ၁၉၄၇ ပင်လုံမှာ
သွေးစည်းပြခဲ့ကြတယ်။ ၁၉၄၈ လွတ်လပ်ရေးကို အပြုံးတွေနဲ့ ယူခဲ့ကြတယ်။ ခိုးဝင်တွေ စည်းလုံးခဲ့တဲ့ ပင်လုံလား၊ ခိုးဝင်တွေ ယူခဲ့တဲ့ လွတ်လပ်ရေးလား။ ဒါဆိုရင်
ပြည်ထောင်စုကို ပြာချပစ်ခဲ့။ လက်ခံတယ်။ ဒေသခံထက် ခိုးဝင်ထိရင် နာတတ်တဲ့ ဒင်တို့ရဲ့ အကျင့်တွေကို ခဏလေးပြင်ပေးပါ။
ဒင်တို့ ဗဟိုချက်မမှာ စိတ်အေးလက်အေးနေရဖို့ ငါတို့ သွေးတွေ ၊ ချွေးတွေ၊ ဘ၀တွေနဲ့ ရိုးမကို ထမ်းပြီး ခြံစည်းရိုးကာထားတာကို မျက်ကွယ်ပြုလိုက်ရင်လည်း လက်တော့ခဲ့ပါ။ ဒီမြေ၊ ဒီရေ၊ ဒီလေဟာ ဟာ ငါတို့မြေ၊ ငါတို့သမိုင်း၊ ငါတို့ ဘ၀လို့ ဖက်တွယ်ပြီးနေခဲ့တာ အခုဆိုရင် မြေစောင့်သရဲတွေ ဖြစ်နေခဲ့ရပြီ။

ဝေဟင်အောင်
၈၊ ၄၊ ၂၀၁၄။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်