Wednesday, April 29, 2015

ရခိုင်ပြည်နယ် ငါးဌာန၌ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဆို

သံတွဲ ရွှေဆံတော်စေတီရင်ပြင်တွင် ရွှတ်ဖတ် ပူဇော်နေကြစဉ်။

သံတွဲ ရွှေဆံတော်စေတီရင်ပြင်တွင် ရွှတ်ဖတ် ပူဇော်နေကြစဉ်။

ဒေ၀ဗလသံတွဲ၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်မှာ သမိုင်းဝင် အရပ်ဌာန ငါးခုတွင် အန္တရာယ်ကင်း  ပရိတ်တရားတော်၊ ပဋ္ဌာန်းတရားတော်နှင့် ဥပ္ပါသန္တိကျမ်း ဂါထာတော်များကို သံဃာတော်များမှ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ စတင် ပြီး အသံမစဲ ရွတ်ဖတ် သရဇာယ် ပူဇော်နေကြပြီ ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် သံတွဲမြို့ (ဒွါရ၀တီမြို့) တွင် ရွှေဆံတော်ရင်ပြင် မြို့နယ် သံဃာ့ဝန်ဆောင် ဆရာတော် ၄၅ ပါးက အန္တရာယ်ကင်း ပရိတ်တော်၊ ပဋ္ဌာန်းတရာတော်နှင့် ဥပ္ပါတသန္တိကျမ်း ဂါထားများကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ စတင် ရွတ်ဆိုခဲ့သည်ဟု သိရသည်။
“ ဒီအစီအစဉ်က ရခိုင်ပြည်နယ်အတွင်း ကျရောက်ဆဲ ကျရောက် လတံ့သော လူမျိုးများခြား၊ ဘာသာခြားတို့ရဲ့ တိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးပြီး ရခိုင်တစ်ပြည်နယ်လုံး ကုသိုလ်ကံပွင့်၊ ဘုန်းကံမြင့် ကြကုန်လျှက် လုပ်ဆောင်မှုမှန်သမျှ အောင်မြင်ပြီးမြောက် ခရီးရောက်ကြစေရန် ရည်ရွယ် လုပ်ဆောင်တာပါ” ဟု ဆရာတော်တစ်ပါး မိန့်ကြားသည်။

ရန်ကုန်မြို့တွင် သီတင်းသုံးနေထိုင်တော်မှုကြသော ရခိုင်နွယ်ဖွား သံဃာ့တော်များမှ ဧပြီလ ၁၇ ရက်နေ့က အစည်းအဝေးထိုင်ပြီး ကျရောက်ဆဲ ကျရောက် လတံ့သော ဘေးအန္တာရာယ် အပေါင်းမှ လွတ်မြောက်ရန် ရခိုင်ပြည်နယ် အတွင်း ၀တီလေးရပ် လေးဌာနနှင့် မဟာမုနိ ရင်ပြင်တော်အား ဗဟိုဌာန အဖြစ် သတ်မှတ်ပြီး ဌာန (၅) ခုတွင် အသံမစဲ ရွတ်ဖတ် သရဇယ် ပူဇော်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
“ ဗုဒမြတ်စွာကိုယ်တော်တိုင် ကြွရောက်တော်မူခဲ့တဲ့ ကျောက်တော်မြို့နယ် မဟာမုနိ သီရိဂုတ် ကုန်းတော်ပေါ် သိမ်တော်ရင်ပြင်ကို ဗဟိုဌာန ထားပြီး (၄ ) ဌာန ၀ိုင်းရံပြီး ရွတ်ဖတ် ပူဇော်နေကြတယ်။ အမျိုးဘာသာသနာ အကျိုးရည်မျှော်ပြီး ရွတ်ဆိုနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မဟာမုနိကုန်းတော် သိမ်တော်ရင်ပြင်ကို ဗဟိုထားပြီး ရွတ်ဆိုနေကြသော နေရာများမှာ သံတွဲ (ဒွါရာဝတီ)တွင် ရွှေဆံတော်ရင်ပြင်၊ မာန်အောင် (မေဃ၀တီ)တွင် မြေနီတောင်ဘုရားကြီးကုန်းပေါ်၊ ရမ္မာဝတီ (ကျောက်ဖြူမြို့) တွင် ကံ့ကော်တောင်ဘုရားကြီး ကုန်းပေါ်နှင့် ဓည၀တီ (စစ်တွေမြို့) ဘုရားကြီး ရင်ပြင်တော်တို့တွင် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်