Saturday, January 24, 2015

သံတွဲ ငပလီမြို့တွင် ပထမအကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကျင်းပမည်

ငပလီမြို့တွင် ကျင်းပမည့် ရထားဆွဲပွဲ ကြော်ငြာထောင်ထားသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
နေဇော် (သံတွဲ)ဇန်န၀ါရီလ ၂၃ငပလီမြို့တွင် ကျင်းပမည့် ရထားဆွဲပွဲ ကြော်ငြာထောင်ထားသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ နာမည်ကျော် အပန်းဖြေ ပင်လယ်ကမ်းခြေရှိရာ ငပလီမြို့ တွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
“ ပထမဆုံး အကြိမ် သံတွဲခရိုင်ရဲ့ ပထမဆုံး အကြိမ် ရထားဆွဲပွဲကို ငပလီမြို့ အထက်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့တွင်
ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ဌေးဝင်းမှ ပြောကြားသည်။ငပလီမြို့တွင် ကျင်းပမည့် ရထားဆွဲပွဲ ကြော်ငြာထောင်ထားသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ငပလီမြို့တွင် ရခိုင်ရိုးရာ ရထားဆွဲပွဲကို လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမှု အသင်းမှ ဦးဆောင်ကျင်းပသွားမည်ဟု သိရသည်။
“ ငပလီမြို့မှာ ကျင်းပမယ့် ရထားဆွဲပွဲကို ရပ်ကွက် ၅ ခု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ သံတွဲ၊ စစ်တွေ၊ တောင်ကုတ်၊ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့တွေက အဖွဲ့တွေလာပြိုင်မယ်လို့ သတင်းရထားပါတယ်။ ပြိုင်ပွဲဝင်မယ့် အသင်းတွေ စာရင်းတွေကို ဇန်န၀ါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံနေပါတယ်” ဟု လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမှုအသင်း (ငပလီ) ပြောရေး တာဝန်ခံ ကိုစိန်ချစ်က ပြောသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲနှင့် ပတ်သက်ပြီး ဆရာတော် ဥူးကောသလ္လ (ဂဝေသီ) ရခိုင်သမိုင်းသုတေသီက နိရဉ္စရာသို့ ယခုလို မိန့်ကြားခဲ့သည်။
“ ရခိုင်ရိုးရာ ရထားဆွဲပွဲက စာဆိုရှင် ဥက္ကာပျံ ရေးစပ် ဖွဲ့ဆိုရာမှာ ထည့်သွင်းစပ်ဆိုခဲ့တာကိုထောက်ပြီး ရခိုင်သက္ကရာဇ် ၉၆၀ မတိုင်မီခင်ကဘဲ ကျင်းပတဲ့ ပွဲတစ်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်ကို တပို့တွဲလဆန်း ၁၄ ရက်၊ တပို့တွဲ လပြည့်နေ့၊ လပြည့်ကျော်နေ့တွေမှာ ကျင်းပတယ် အစီအစဉ်လာရှိပါတယ်။ ဒီအချိန် လယ်ယာလုပ်ငန်းတွေ ရိတ်သိမ်းပြီး အားလပ်တဲ့ အချိန် ဖြစ်တာကတကြောင်း၊ ချမ်းအေးတဲ့ ရာသီ ဖြစ်တာက တကြောင်း၊ အားကစားပွဲ တစ်ခုလို့ အစဉ်အလာအရ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။
ငပလီမြို့သူ မသန်းသန်းမြင့်ကလည်း တစ်ခါမှ မမြင်ဖူးသည့် ပွဲတော် ဖြစ်သဖြင့် အထူးစိတ်ဝင်စားမိကြောင်း ပြောသည်။
“ ကုန်ရာသီ တပို့တွဲ ရထားပွဲလားကတ်မယ်ဆိုတဲ့ သီချင်းကိုသာ ကြားဖူးတာပါ။ ပွဲတော်ကိုတစ်ခါမှ မမြင်ဖူးဘူး။ အခု ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျွန်မတို့ မြို့မှာ ပြုလုပ်မယ်ဆိုတဲ့ အရမ်းဝမ်းသာသလို၊ စိတ်လည်း ၀င်စားမိပါတယ်” ဟု ပြောသည်။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်