******************************************
Brave Heart
တခါက မောင်တောက ကျောင်းဆရာ မောင်ဖြူချေ တယောက် ငါးခူရ ရွာတွင်
ကျောင်းဆရာဘဝနှင့် တာဝန်ကျလျှက် ဟိသည်။
တရက်နိတွင် ရန်ကုန်က မြန်မာကျောင်းနီဖက် သူငယ်ချင်းတယောက်
မောင်တော မြို့ သို့ အစိုးရ ဝန်ထမ်း တာဝန်နှင့် ပြောင်းလာ ရမည် ဖြစ်ကြောင်း
သတင်းရသည် ။ သို့ဖြင့် သူငယ်ချင်းအား မောင်တော မြို့ သို့ ရောက်လျှင်
မိမိ တာဝန် ကျလျှက် ဟိရာ ငါးခူရ ရွာသို့ လာလည်ရန် ဖိတ်ကြားလိုက်သည်။
သူငယ်ချင်းလည်း စနီ တနလင်္လဂုနီ ယုံးပိတ် ရက်တွင် သူ့ သူငယ်ချင်း
ကျောင်းဆရာ ဟိရာ ငါးခူရ ရွာသို့ လည်ဇောင် ရောက်လာသည်။
ရွာကို ရောက်၍ ကျောင်းဆရာ မောင်ဖြူချေ အိမ်ကို မီးကြည့်ရာ ကန်ဘောင်နား
က သံဖြူ မိုး၍ အိမ်ဖြစ်ကြောင်း လမ်းညွန်ပီးလိုက် ကတ်သည် ။ အိမ်သို့
ရောက်သော အခါ သူငယ်ချင်း မောင်ဖြူ ချေ မှာ အိမ်၌မဟိ ပုဇွန်ကန်သို့
ရောက်လျှက် ဟိသည် ။ သို့ဖြင့် သူငယ်ချင်း မယားသည်ကို
" အမ စားပြီ ပြီလား ဘာဟင်းနဲ့ စားသလဲ " ဟု လောကဝတ် စကား
မီးစမ်း ကြည့်ရာ သူငယ်ချင်း မယားသည်၏ အဖြေစကားကြောင့်
မြန်မာ သူငယ်ချင်းမှာ အိမ်က ချက်ချင်း ထွက်ပြီးရ လီ ပါတော့သည်။
သူငယ်ချင်း မယားသည်၏ အဖြေ စကားမှာ ------
" မပြောဘူး မလာနဲ့ " ဟူ၍ဖြစ်သည် ။
အိမ်ချင် မောင်ဖြူ ချေ တယောက်အိမ်ပြန် ရောက်၍ မယားသည်ကို
လှထွီးဖြူ မိ အေနိ မောင်တောက မြန်မာသူငယ်ချင်း အလည်ရောက်ဖို့
ပြောစွာ ရောက်မလား ။ လူလည်း မတွိကာ --- ဟုမီးကြည့်ရာ
မယားသည်က ငါလည်းမသိယာ လှထွီးဖြူ ဖ ။ သူက ငါကို
ထမင်း စားပြီးယာလား ---? ဇာဟင်းနန့် စားရေလဲ " လို့ မီးရေ ။
အကျွန်က " နပျိုး ဖူး နန့် မလာနန့် " လို့ ဖြေလိုက်တေမှာ ချက်ချင်း
အိမ်က ထွက်ပြီးလားခရေကာ ။
" နပျိုးဖူးနန့် မလာနန့် " ဆိုသည်မှာ မြန်မာဘာသာအားဖြင့်
" ငှက်ပျော ဖူးနဲ့ မူလာ ဥ နဲ့ " ဟူ၍ ဖြစ်သည် ။ ရခိုင်ပြည်သို့ ရောက်ခါစ
မြန်မာ သူငယ်ချင်းမှာ ရခိုင်စကားများ နားမလည် သိမ့်သဖြင့်
" နပျိုးဖူးနန့် မလာနန့် " ဟုဖြေသည်ကို -----
" မပြောဘူး မလာနဲ့ " နားလည်လားသဖြင့် အိမ်က ချက်ချင်း ထွက်ပြီးလား
ရခြင်းဖြစ်ပါသည် ။
( ရခိုင်ပေါက်တူး သာလှဦး )
သူငယ်ချင်း အားလုံး ပျော်ရွှင်ကတ်ပါစီနှန့်
ဆုတောင်းလျှက် ( Brave Heart )

0 comments:
Post a Comment