Friday, November 6, 2015
ရခိုင့်တော်လှန်ရေးနိဒါန်း (ပထမပိုင်း)
(ရခိုင်ရာဇ၀င်သစ်ကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)
ကုန်းဘောင်မင်းဆက် မြန်မာဘုရင်ဘိုးတော်င၀ိုင်း၏သားတော် အိမ်ရှိငဥပရာဇာဦးစီး၍ ရာမရကန်ငတိုးလိုက်ပါသော မြန်မာကျူးကျော်သူနယ်ချဲ့တို့သည် လွတ်လပ်သော အချုပ်အချာအာဏာလက်နက်ပိုင် ရခိုင်နိုင်ငံတော်ကြီးအား ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၇) ရက် စနေနေ့ ခရာဇ်သက္ကရာဇ် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် မတရားကျူးကျော်သိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးရို့သည် ဗမာကိုလိုနီကျွန်ဘ၀သို့ ရောက်ခြင်းမလှရောက်ခဲ့ရသည်။
ရခိုင်နိုင်ငံတော်၏နောက်ဆုံးဘုရင်မဟာသမတရာဇာ (နံတော်စနေသား၊ သက်တော် ၄၂ နှစ်၊ နန်းစံ (၂) နှစ်အား) ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၁၅) ရက် တလင်္ဂနွေနေ့ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခု ဇန္န၀ါရီလတွင် ဗမာကျူးကျော်သူတို့သည် မတရားဖမ်းဆီးသံခြေချင်းခတ်၍ ဗမာပြည်သို့ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ကြပြီး အမရပူရမြို့တွင် ကွပ်မျက်စီရင်လိုက်သည်။
ဗမာကျူးကျော်သတို့သည် ရခိုင်နိုင်ငံတော်အားသိမ်းပိုက်ပြီးနောက် ရခိုင်နိုင်ငံတော်၏မြို့တော် မြောက်ဦးတွင် ဗမာနန္ဒငပကျန်အား မြို့ဝန်ထား၍အုပ်ချုပ်ခိုင်း၏။ သို့သော် ရခိုင်တို့သည် မြန်မာ့သူ့ကျွန်မခံဘဲ (၁၁၄၆) ခု တပေါင်းလမှစ၍ ဒါးပိုင်ကြီး၏ယောက်ဖတော်ကျော်ပုံ၏ဦးဆောင်မှုကိုခံယူခါဗမာကျူကျော်သူများအား စတင်တော်လှန်သည်။
တောင်မင်းကြီးကျော်ထွီး၊ ယင်း၏နောင်တော် မုဇုန္တတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့အမှုးပြုသော ရခိုင်တပ်များသည်လည်းဗမာကျူးသော်သူတို့အား
အနောက်အရပ်က တော်လှန်တိုက်ပွဲဝင်သည်။ဗမာာနန္ဒငပကျန်သည် ရခိုင်ရို့၏တော်လှန်မှုကိုအကြောင်းပြုပြီး အပြစ်မရှိသော ရခိုင်ပြည်သူတို့အား လက်နက်ချရန်ဟုအကြောင်းပြကာ ပေါင်းတုန်အရပ်၌၁၀၀၀ သရက်အုပ်အရပ်၌၁၀၀၀ စံကားတောင်အရပ်၌၂၀၀၀
မြို့တော်ပရိစ္ဆေဒ၌ ၃၇၀၀၀ ပုခက်တွင်းသားအသူငယ်တို့အား ဒါးကဇတ်သည်က၁၀၀၀၀
ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောက်အရပ်၊ ဂေါင်းပြိုတောင်အရပ်၊ ပုရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြည်အရပ်၊ လက်မဖက်အရပ်၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်အရပ်တို့၌ လူပေါင်း၁၈၄၀၀၀ကို ထိုနှစ်အတွင်းမှာပင် အဆုံးစီရင်လိုက်သည်။
ထို့အပြင် ဗမာနန္ဒငပကျန်သည် ဒါးပိုင်ကြီးကျော်ပုံ၏မယား ကောင်းကျော်ထင်မကိုလည်း ကာမပိုင်လင်ယောက်ကျားရှိနေသည်ကိုသိရဲ့နှင့်ဗလက္ကာယယုတ်မာရိုင်းပြစွာ စော်ကားခဲ့သည်။
တောင်မင်းကြီးကျော်ထွီးသည် စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ထံမှ စစ်ရေးအကူအညီရယူရန် ကြိုးစားသည်။ အင်္ဂလိပ်ဗိုလ်ချုပ်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒါးပြန်စီး၏သမက် သာမကောင်းစံရွှီကို ဘာသာပြန်ခိုင်းသည်။ သို့သော် မပြည်လည်သောကြောင့် မြို့သစ်ချောင်းညာဖက်သို့ခိုဝင်ကာ ဗမာကျူးကျော်သူများအား ရရာလက်နက်စွဲကိုင် တော်လှန်သည်။
အားမတန်သဖြင့် လက်ဝဲမြန်ကုန်းဖောင်သည်၊ မုဇုန္ဒာတ်ကြီးဘရွေး၊ ဒါးပြန်စီးတို့သည် အနောက်စစ်တကောင်းနယ်သို့ခိုဝင်ရောက်လာ၍ အင်္ဂလိပ်မြို့ဝန်က ကျွန်းရွာများပေးသနားထား၏။
(၁၁၄၆) ခု ကဆုန်လတွင် တောင်မင်းကြီးကျော်ထွီးသည် အနောက်စစ်တကောင်းအရပ်၌ တပ်စွဲ၍ ဗမာမာကျူးကျော်သူရို့အား ခုခံတော်လှန်ယင်း လက်နက်ထိမှန်ကျဆုံးသည်။
ဗမာနန္ဒငကျန်၏တပ်များသည် တောင်မင်းကြီးကျော်ထွီး တော်လှန်သည်ကိုအကြောင်းပြု၍ မြို့သစ်ချောင်းအရပ်မှ မိမ္မအသူငယ်ရို့အား ကြိုးတုတ်ချည်နှောင်ခါ မြစ်ဝတွင်ပစ်ချ၍ သတ်ဖြတ်လိုက်သည်။ အနောက်စစ်တကောင်းအရပ်မှ ရောက်လာသူ လူအပေါင်းတို့ကိုလည်း တောင်မင်းကြီးကျော်ထွီး၏လူဟုစွပ်စွဲကာ များစွာသတ်ဖြတ်လိုက်သည်။
ရခိုင်ပြည်တောင်ပိုင်း အနောက်ခုနှစ်ရိုင် တောင်စိုင်အရပ်၌ စနည်းရွာသားရို့သည်လည်း ဗမာ့သူ့ကျွန်မခံဘဲ ရမ်းပြည့်စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်လာခိုင်ရို့နှင့်ပေါင်းဖက်ကာ ဗမာကျူးကျော်သူရို့အား တော်လှန်တိုက်ပွဲဝင်သည်။ ဤသည်ကိုအကြောင်းပြု၍ သံတွဲမြို့ကို ကျူးကျော်သိမ်းပိုက်ထားသော မြန်မာရာဇငသင်္ကြန်သည် သူ၏စစ်ကဲငလှကို လွှတ်ကာ စနည်းရွာသူရွာသားများအားလုံးကို အစတုန်းခြီမှုန်းလိုက်သည်။
မြန်မာကျူးကျော်သူတို့သည် ၁၁၄၉ ခု တပေါင်းလတွင် ရခိုင်ပြည်မှ ဘုန်းကြီးရဟန်း၊ မင်းသားမင်းသမီးစုစုပေါင်း ၇၂၀၀ကို အမရပူရမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် သက္ကရာဇ် (၁၁၅၁) ခု နံယုန်လတွင် မြောက်ဦး၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့စသည်အရပ်ရို့က လူပေါင်း၆၀၀၀ကိုလည်း ယိုးဒယားသို့စစ်တိုက်ရန် ဖမ်းဆီးခေါ်ဆောင်သွား၏။
သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်း (၉) ရက်နိတွင် ဗမာအနောက်ဖက်ငတိုက်ဝန်သည် ရခိုင်နိုင်ငံတော်မြောက်ဦးမြို့သို့ ၀န်ပြုလာပြီး (၂) နှစ်ကြာလျှင် ရာထူးမှ ပြုတ်ကျ၏။ ဗမာပုသိမ်ငသခင်သည် ငသီဟဘွဲ့နာမည်ကိုခံလျှက် ၁၁၅၂ ခု တပေါင်းလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့၌ ၀န်ပြုလာပြန်၏။ တနှစ်ရှိလျှင် သေဆုံး၏။
ပုသိမ်ငသခင်စုတေ့ပြီးလျှင် ဗမာတိုင်းတာဝန်သည် အာကာကငကျော်ထင်ဟူသောနာမည်ကိုခံယူလျှက် ရခိုင်သက္ကရာဇ် (၁၁၅၃) ခု တန်းခူးလတွင် ရခိုင်နိုင်ငံမြောက်ဦးကို ၀န်ပြုလာပြန်၏။ ယင်း အာကာငကျော်ထင်သည်လည်း (၂) နှစ်ဟိလျှင် ရာထူးမှချောကျ၏။ အာကာငကျော်ထင်ရာထူးမှချောကျပြီးလျှင် မြန်မာငကျော်လှသည် ငလှရာဇာဘွဲ့ကိုခံယူ၍ ရခိုင်သက္ကရာဇ် ( ၁၁၅၅) ခု တပိုးထွဲလဆန်း (၉) ရက် စနေနေ့တွင် ရခိုင်နိုင်ငံမြောက်ဦးမြို့သို့ ၀န်လုပ်လာပြန်၏။
ငကျော်လှလက်ထက်တွင် ရမ်းပြည့်စားဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်တို့သည် အနောက်စစ်တကောင်းနယ်ကို ခြေကုတ်ယူကာ ဗမာကျူးကျော်သူများအား တော်လှန်တိုက်ပွဲဝင်ကြ၏။ နေမျိုးငကုန်ဒရာ၊ ငပေါတလီစသော မြန်မာတပ်မှုးတို့သည် အင်္ဂလိပ်စစ်တကောင်းမြို့ဝန်နှင့်ပေါင်းဖက်ပြီး ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်တို့အား ဖမ်းဆီးပေးရန်တောင်းဆို၏။
ဗမာသူယုတ်တို့သည် ရမ်းပြည့်၊ မာန်အောင်၊ မြောက်ဦး၊ လေးမြို့အရပ်အသီးသီးမှ လင်မယားအိမ်ထောင်စုံတအိမ်ကို ငွေဒင်္ဂါး (၅) ပြားစီကောက်ယူပြီးလျှင် စုစုပေါင်းငွေဒင်္ဂါး တသိန်းနှစ်သောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန်အား လဘ်ထိုး၏။ စစ်တကောင်းအင်္ဂလိပ်မြို့ဝန်သည်လည်း ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီး၍ (၁၁၅၆) ခု ပြာသိုလပြည့်ကျော် (၂) ရက် တလင်္ဂနွေနေ့တွင် ပင်းဝါ (ရာမူး) ရာဇဖက်အရပ်၌ှဗမာတပ်များအား လွှဲအပ်ပေးလိုက်၏။ အင်္ဂလိပ်မြို့ဝန်ကိုယ်တိုင် ကုလားဆင်ချောင်းဖျားတိုင်အောင် လိုက်ပို့ပေး၏။
သို့သော် ရခိုင့်ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ပက်လက်၊ ဗိုလ်ကိုးခွက်စား၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျက်တောင်ဖြူ၊ ဗိုလ်တိုင်းချစ်ပရံ၊ နတ်တောင်စားဗိုလ်ရွှေကျော်၊ ဗိုလ်ဆယ်ခင်းစီးစသော သွေးသောက်ရဲဗိုလ်ကိုးဦးတို့မှာ အင်္ဂလိပ်ရို့၏အဖမ်းအဆီးကိုတိမ်းရှောင်ခါဗမာကျူးကျော်သူများအား ဆက်လက်တော်လှန်တိုက်ပွဲဝင်ခဲ့ကြပါသည်။
ဤသည်မှာ ပထမအကြိမ် (ရခိုင့်တော်လှန်ရေးနိဒါန်း) ပင်ဖြစ်ပါသည်။,
ad
မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ
ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..
တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး
ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ်
အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ}
{ ရခိုင်သမိုင်း }
ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့
Followers
ဆက်သွယ်ဖို့
Labels
ရခိုင်သမိုင်း
ရခိုင်ရုပ်သံချေတိ
ကျား
ရခိုင် mp3
အေနိရခိုင်
မ
တကိုယ်တော်
ရခိုင်ဇမ်းကဗျာ
ဆောင်းပါး
ဘုရားသမိုင်း
နိုင်ငံရီး
အဖွဲ့လိုက်
ဦးမောင်သိန်း
တရားတော်
ရခိုင်အလှပုံတိ
အယင်ခေတ်ဓါတ်ပုံ
ဆရာတော် သီဝလိ
ဖတ်စရာတိ
ရခိုင်စာပီ
ရိုးယာချေတိ
ဝင်းနန္ဒာခိုင်
ရခိုင် ယဉ်ကျေးမှု
ရခိုင်ရိုးရာ
ဇော်ဇော်
ခိုင်မျိုးခန့်
ဒိုးကလေး
ဝင်းကိုခိုင်
ခမီလူမျိုး
စုံတွဲ
ညှာစိမ်းခိုင်
မိချော
ရေဒီယို
ဝတ္ထု
ဆရာတော် ဦးဥတ္တမ
ဆုမြတ်ထက်
မာန်အောင်
ရခိုင်စည်တော်
ရမ္မာဝတိရမ်းဗြဲ
တော်လှန်ရီး
မောင်ကိုကို
မြိုလူမျိုး
ကမန်လူမျိုး
ကိုကိုနိုင်
ကိုခိုင်ဇော်
ကိုညီညီ
ကျာ်စွာဝင်း
ခိုင်မိုး
ခိုင်ကျော်လင်း
ခိုင်ဇော်
ခိုင်ပြည်ကျော်
ခိုင်မြတ်မင်း
စစ်နိုင်
စစ်ငြိမ်းနိုင်
စိမ်းလဲ့လဲ့
စိုးဝင်းမြင့်
စံမော်
ထွန်းအေး
ဒိုးအ်ရီ
ဒွါရာဝတီ
ဘာသာရီး
ဘုန်းလျှံ
ရခိုင်ဖေါင့်
ရတနာမိုင်
ရမ္မာဝတီစံဝင်း
ရီလှိုင်းပြာ
ရဲလင်းအောင်
လုန်းချေ
လပြည့်အောင်
ဝတီစိုးမိုး
သာစိန်
သျှင်မြဝါ
သင်္ကြန်တေးခြင်း
သင်္ကြန်
အဂုရခိုင်ပုံချေတိ
အင်တာဗျူး
အမ်းမြို့
ဦးကျော်လှ
ကျောက်ဖြူ
စောနှင်းနွယ်
နေထက်လင်း
အောင်နိုင်ဆန်း
မြောက်ဦး
ငြိမ်းစန္ဒာ
မြခိုင်ကျော်
မြတ်ထွန်းခိုင်
ဝင်းအောင်
0 comments:
Post a Comment