မာန်အောင် ကိုရဲ
မြန်မာနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ရှိသည်။ဓည၀တီ (စစ်တွေခရိုင်)၊ ရမ္မ၀တီ (ကျောက်ဖြူခရိုင်)၊ မေဃ၀တီ (မာန်အောင်ခရိုင်) စသည့် ၀တီလေးရပ်ဖြင့် ပေါင်းစည်းအပ်သော ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ဝေသာလီခေတ် မြောက်ဦးခေတ် ဟူ၍ခေတ်လေးခေတ် ထွန်းကားခဲ့သသည်။ ရခိုင်သမိုင်းမှတ်တမ်းများအရ ဓည၀တီခေတ်သည် ဘီစီ ၃၂၅မှ အေဒီ ၃၂၇ အထိကြာရှည်ခဲ့သည်။အထောက်အထားအဖြစ် ဓည၀တီမြို့ဟောင်း၏ မြို့ရိုးများ ၊နန်းရာများကို ယနေ့နိုင် တူးဖော်တွေ့ရှိနေရခြင်းဖြစ်သည်။ဓည၀တီသည် ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင်နန်းတတ်သော စန္စသူရိယမင်းသည် တတိယ ဓည၀တီကို တည်ထောင်၍မြို့တော်ကို တောက်တင်းခိုင်မာအောင် ပြုလုပ်ပြီး သူရိယ မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဓည၀တီမြို့သည် အေဒီ ၃၂၇ အထိ မြို့တော်အဖြစ်ဆက်လက်တည်ရှိခဲ့ရာ နောက်ဆုံးမင်းမှာ
သူရိယကေတု ဖြစ်သည်။ထိုးမင်းလက်ထက်တွင် ဝေသာလီ အရပ်သို့ပြောင်းရွှေ့ခဲ့ရသည်။

ဗုဒ္ဓဘာသာဘာသာထွန်းကားမှူကို ဒုတိယ ဓည၀တီနိုင်ငံ တည်ထောင်ပြီးနောက် စနသူရိယ လက်ထက်တွင် မဟာမုနိသွန်းလုပ်မှူက သက်သေတည်ခဲ့သည်။ဝေသာလီကေိာက်လှေကား မြို့တွင် မဟာစန္စြမင်း လက်ထက် သီလဂုဏ် ရှိသော မထေရ်ကြီးများ သောင်းသိန်းမကရှိခဲ့သည်။သာတော် သူရိယစန္စြးမင်းလက်ထက်တွင် မဟာမုနိတွင် သိမ်ဆောက်လှူပွဲတွင် သိရိလကာနိုင်ငံမှ သံဃာများ ပင့်ဖိတ်လှူဒါန်းခဲ့ခြင်းကြောင့် ဝေသာလီတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားခဲ့သည့်ကို လေ့လာတွေ့ရှိရသည်။
0 comments:
Post a Comment