Sunday, January 4, 2015
ရက္ခဝဏ္ဏအက္ခရာ(ခေါ်) ရခိုင်စာ
မာန်အောင် ကိုရဲ
အက္ခရာဝဏ္ဏစာလုံးရို့ကို ပြုပျင်ထားရသည်ဟု ဆိုလိုသည်။ လူမျိုးကိုသော် လည်းကောင်း၊ တိုင်းပြည် ကိုသော် လည်းကောင်း အစွဲပြု၍ စာပီများ ဖြစ်ပေါ်သည့်နည်းတူ ရက္ခိုင်တွင်လည်း ရက္ခသဒ္ဒါကို အစွဲပြု၍ ရက္ခ=ရခိုင်+၀ဏ္ဏ=အက္ခရာစာလုံး။ ရခိုင့်အက္ခရာစာလုံး ဖြစ်လာသည်ဟု ဆိုပါသည်။ ဆက်နွယ် ဆင်းသက်လာပုံကို စာရှည်မည်ဖြစ်၍ မဖော်ပြလိုတော့ပါ။ ဝေသာလီခေတ်သည် အေဒီ ၃၂၇-၉၅၇ ဖြစ်ပါသည်။ အေဒီ ၆-ရာစုတွင် သိန်ကန်မိန် ရွှန်းလိုက်ရတုကို သုဝဏ္ဏဒေ၀ီခေါ် စောပြည့်ညိုသည် ရခိုင်စာဖြင့် ရီးဖွဲ့ခပါသည်။ ယင်းရတုနန့် ပတ်သတ်၍ ဦးအောင်သာဦး မှတ်ချက်ပီးထားသည်မာ အထက်ပါ ရွှန်းလိုက်ရတုသည် ရာဇ၀င် အထောက်အထား အဖို့သာမဟုတ်။ ရခိုင်စာပီ အထောက်အထားအဖို့လည်း အလွန်အရေးပါသော ရတုဖြစ်သည်။ ဤရတုသည် သက်ဆိုင်နီသော အိမ်ရှိမင်းသား အဖို့ကိုထားဦး၊ မသက်ဆိုင်သူ အပြင် လူများဧ့ စိတ်ကိုပင် ညွတ်နူးအောင် ဆွဲဆောင်ထား၏။ သိမ်မွိ့သော အနက်အဓိပ္ပါယ်၊ ယဉ်ကျေးသော စကားလုံးအသုံးအနှုန်းတိကို မြင့်မြတ်သော စိတ်ထားနန့် ရီးထားကြောင်း တွိရ၏။ သို့ဖြစ်၍ ထိုခေတ် ထိုအချိန်မာ ရခိုင့်စာပီအဆင့်အတန်း မည်သည်လောက် မြင့်နီပြီးဖြစ်ကြောင်း သတိချပ်အပ်သည်။ ဧလောက် အဆင့်အတန်းမြင့်သော ကဗျာဖြစ်အောင် ရီးထားခသော ရခိုင်စာပီသည် ရှီး ဇာခေတ် ဇာအချိန်ကပင် ပေါ်ပေါက်နီလိမည်ကို သီဟိုခေတ် စတုတ္ထအကြိမ် ပီထက်အက္ခရာဖြင့် သင်္ဂါယနာ တင်နိုင်သော စာပီအဆင့်တန်းနန့် နှိုင်းယှဉ်၍ စဉ်းစားကတ်စီလိုသည်ဟု ဖော်ပြထားသည်။ (၈)ရာစု အစောပိုင်းတွင် ပေါ်ထွန်းသော သိန်ကန်မိန်ရတုသည် အစောဆုံး ရက္ခ၀ဏ္ဏအက္ခရာ စာပီဖြစ်သည်ဟု မြန်မာစာ ညွန့်ပေါင်းကျမ်း(ပထမတွဲ)မာ ဖော်ပြထားပါသည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် ပီအမှတ် ၁၄၇၉၄-ရာဇသံနန့် စောပြည့်ညိုရတု (ပီမူ)(ရခိုင့်မူ)ဟု မှတ်တမ်းပြုထားသည်။ (မှတ်ချက်-စာဖတ်သူအမျာစုရို့ တွိနီရသော သိန်ကန်မိန်ရတုသည် မြန်မာမူ ဖြစ်နီသည်ကို သတိထားသင့်သည်။ ရခိုင်စာနန့် ရခိုင်မူ ဟိပါသည်။) မေဓပညာမော်ကွန်းလင်္ကာ(ပီမူ)ကို အေဒီ ၆၇၈-၆၉၄၃ အတွင်းတွင် ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရီးစပ်ခပါသည်။ ဗျည်း ၃၃ လုံးလှီတော်သံ(ဓမ္မဇေယျအမတ်ကြီး)၊ စန္ဒြားမင်းဘွဲ့ရို့ ကိုလည်း ဝေသာလီခေတ်တွင် ရခိုင်စာပီဖြင့် ရီးစပ်ခပါသည်။ လေးမြို့ခေတ် (အေဒီ ၉၅၇-၁၄၃၀)နန့် ပုဂံခေတ် (အေဒီ ၁၀၄၄-၁၂၈၇)ရို့သည် ခေတ်ပြိုင်ဖြစ်သည်။ ပုဂံခေတ်တွင် မြန်မာ့အက္ခရာနန့် အယင်ဆုံးတွိရသော မြ၀တီကျောက်စာ (ခေါ်)ရာဇကုမာရကျောက်စာ(၄၇၄-ခု)ထက် လေးမြို့ခေတ် မင်းရင်ဖြူဆင်းတုဓမ္မခဏ်စာ( ၂၀၉-ခု)က ၂၆၅-နှစ် ယင်ပါသည်။ ထိုကျောက်စာကို ထောက်၍ ဦးရွှေဇံက ရက္ခ၀ဏ္ဏအက္ခရာမာ ထိုအချိန်ကပင် ပီပီပြင်ပြင် ဟိနီပြီးဖြစ်သည်ဟု ဆိုပါသည်။ နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (၄၅၁-ခု)က နှစ်ပေါင်း (၂၃)နှစ်ယင်ပါသည်။ ဘူးကွဲတောင်ဘုရားကျောက်စာ(၄၅၂-ခု)က (၂၂)နှစ်ယင်ပါသည်။ မြစေတီ ကျောက်စာ ရီးထိုးပြီးမှ ရီးထိုးသော ရခိုင့်စာပီရို့ကို မဖော်ပြလိုပါ။ လေးမြို့ခေတ် ကျောက်စာနန့် ပုဂံခေတ် ကျောက်စာရို့ကို နှိုင်းယှဉ်ကာ သုတေသီ မေစ္စတာတေလာက ရခိုင်စကားသည် မြန်မာစကားနန့် အသံထွက်များစွာ ခြားနားမှုဟိကြောင်း၊ ရခိုင် စကားက ပိုရှိကျပြီး စကားသံနန့် စာလုံးပေါင်းရို့ ပိုလို့ဆီလျော်မှုဟိကြောင်း ဆိုပါသည်။ ဦးအောင်သာဦးက ရှီးခေတ် မြန်မာ့ ကျောက်စာများ၌ ရခိုင့်စာလုံးပေါင်း များစွာပါဟိကြောင်း တွိရ၏။ ထို့ကြောင့် ရခိုင်စာပီသည် မြန်မာစာထက် ရှီးကျသောစာ ဖြစ်သည်ဟု တင်ပြထားသည်။ ဦးဦးသာထွန်းသည် ပီမူမှ မူရင်းအတိုင်း ၁၁၉၂-ခုနှစ်တွင် ရခိုင်စာ သတ်ပုံကျမ်းကို ရီးကူးခပါသည်။ ရှီးခေတ် ပညာသျှင်ရို့သည် ရခိုင်စာကို ထိန်းကွပ်ရန် သတ်ပုံစာကျမ်း ပြုစုခခြင်း ဖြစ်တန်ပါသည်။ မိဘုရားသျှင်ထွီး အလယ်စေတီကျောက်စာ ကြောင်းရီ(၂၄)တွင် အပ်နဖားရှိ ခံတွင်းဟိသော ပြိတ္တာဟု ပါဟိသည်။ အပ်နဖားပေါက်နန့် အရှိရှိ (ထပ်တူထပ်မျှ) ခံတွင်းဟိသော ပြိတ္တာဟု ဆိုလိုသည်။ ယင်းစာကြောင်းသည် ရခိုင်စာ ရီးထုံးရီးနည်း အစအနချေတစ်ခု ဖြစ်ပါသည်။ ဇယန္တဗောဓိက ရီးနည်း(၂၀)ကျော် ပြုစုထားပြီး ဖြစ်သည်ဟု ဆိုပါသည်။ ရခိုင်စာနန့် မြန်မာစာသည် ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသည့် ရင်ချင်းဆက် အမွှာစာပီ (၀ါ) မျိုးတူသံကွဲစာပီတိ ဖြစ်ကတ်ပါသည်။ ရခိုင်စာကို ရခိုင်ရို့ ထိန်းသိမ်းရပါမည်။ လူမျိုးခြားရို့ ထိန်းသိမ်းပီးမည်မဟုတ်။ ရခိုင်စာ ဟိ၊ မဟိကို ရခိုင်သားရို့ လိလာရမည်။ ရခိုင်စာဧ့ သဘောသဘာဝကို ရခိုင်သားရို့ သိထိုက်သည်။ ပန်မလာဂတ်မန်မှစ၍ အခြားစာပီပညာသျှင်ရို့သည် ရခိုင်စာပီကို အထူးပြုလိလာခပါသည်။ အရှိတိုင်း၊ အနောက်တိုင်း ပညာဟိရို့ဧ့ လေးစားမှုကို အစဉ်ပိုင်စိုးသော ရခိုင်စာသည် ခါးနာရာမှ တဖန် မြန်းလာလတ်ပါသည်။ မြန်းထက်မြန်းလာအောင် အာရက္ခရို့ မပြုစုသင့်ပါလား။ ဒေါင်တာသန်းထွန်းက ရခိုင်ရို့သည် အေဒီ ၆-ရာစုမတိုင်ခင်ကပင် စာရီးစာဖတ်တတ်ပနာ ယဉ်ကျေးမှု ထွန်းကားပြီးဟု ဆိုပါသည်။
0 comments:
Post a Comment
ad
မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ
ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..
တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး
ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့
Followers
ဆက်သွယ်ဖို့
Name
Email *
Message *
Labels
ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်