ငါဗေဒင်ဟော၍ တောခြုံတွင်းမှပြန်ရရှိခဲ့သဖြင့် ဝမ်းသာအားရကာ နောင်ဖြစ်ရာဘဝဆက်တိုင်းတွင် အတူတစ်ကွဖြစ်ရပါစေဟု ဆုတောင်းချက်တို့ကြောင့် ခုသင်နဲ့ငါကား တွေ့ကြပြီဖြစ်သည်။ပြီးနောက် ဗုဒ္ဓမြတ်စွာမှ"စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊ စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊ စန္ဒသူရိယ အသင် ဘုရင်မင်းမြတ်၊"ဟု သုံးကြိမ်တိုင်တိုင်ခေါ်ဆိုလေရာ ဘုရင်ကြီးသည် ဗုဒ္ဓမြတ်စွာဘုရားအား ကြည်ညိုမူလွန်စွာဖြစ်ကာ "ဘုရား၊ဘုရား၊ဘုရား"ဟူ၍ သုံးကြိမ်တိုင်တိုင်ပြန်လည်ထူးခဲ့သည်။
ဘုရင်စန္ဒသူရီယမင်းကြီးသည်တိုင်းသူပြည်သားအားလုံးကိုအမည်ခေါ်လျှင်''ဘုရားထူးစေ''ဟုမိန့်တော်ထုပ်ခဲ့သည်။
ထိုအခါမှစ၍ ဘုရင်ကြီးနှင့် ဗုဒ္ဓဘုရားရှင်၏ ဦးစွာမေးမြန်းခေါ်ဆိုမှု မူလပထမကို စောင့်ထိန်းသောအားဖြင့် ရခိုင်လူမျိုးအားလုံးတို့သည် မည်သူပင်ခေါ်ခေါ် "ဘုရား"ဟုထူးသည့် အစဉ်အလာသည် ဤမှစတင်ခဲ့ရသည်။
ကိုးကား။ ။ သေလာဂီရိမောရပမဗ္ဗတနှင့် ကျောက်ဆစ်တော်ဓာတ် စေတီမြတ်သမိုင်း(သူမြတ်၊မဟာအောင်မြေ)
0 comments:
Post a Comment