မဟာသက္ကရာဇ် ( ၁၂၃ ) ခုနှစ်, ဓညဝတီပြည်ရှင် စန္ဒသူရိယမင်းမြတ်၏ မနောအဓိဋ္ဌာန်ဖြင့်, ပင့်လျှောက် ချက်အရ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ရက္ခပူရတိုင်း ရခိုင်ပြည်သို့ ကောင်ကင်ခရီးမှ ကြွတော်မူလာပြီး သီရိ ဂုတ္တကုန်းတော်တွင် ကိုယ်စားတော် မဟာမုနိရုပ်ရှင် တော်မြတ်ကို သွန်းလုပ်ခွင့်ပြု ခဲ့သည်။မြတ်စွာဘုရားရှင်သည် ဓညဝတီပြည်မှ, မဇ္ဈိမဒေသ သို့အပြန် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ဂစ္ဆပနဒီ မြစ်အဆုံး သမုဒ္ဒရာပေါ်အရောက်တွင် ရေပြင်သည်
လှိုင်းတံပိုးတို့ဖြင့် ဆူပွတ်ခဲ့ပြီး အရပ်ရှစ်မျ က်နှာလုံး လရောင်ဖြင့် လင်းလက်လာခဲ့သည်။
ထိုအခြင်းအရာကို နဂါးမင်း ( ၈ ) ဦးတို့ကမြင်လေရာ မြတ်စွာဘုရားကြွချီလာကြောင်း တွေ့ရှိ၍ပင့်ဖိတ်ကာ ဆွမ်းကပ်လှူ ဒါန်းကြလေသည်။ မြတ်စွာဘုရားရှင်က နဂါးမင်းတို့အား ဆံတော်နှစ်ဆူ ကို ပေးသနားချီးမြှင့်ပြီး ( ဤဒေသ၌ ဗုဒ္ဓသာသနာ တော် အရှည်ထွန်းကား တည်လတ္တံ့  ) ဟု ဗျာဒိတ်စ ကားပေးတော်မူကာ ဆက်လက်ကြွချီတော်မူခဲ့လေသည်။
နဂါးအပေါင်းတို့သည် ဗုဒ္ဓ၏ ဆံတော်မြတ်များကိုယူ ကာ ဌာပနာတော်မူလျက် စေတီတော်မြတ်တစ်ဆူ
ကို မြေငူကျွန်း နီလာပဗ္ဗတတောင်ထိပ်တွင် တည်ထားကိုးကွယ်ခဲ့ကြလေသည်။
စန္ဒသူရိယမင်းသည် ဆံတော်ရှင် စေတီတော်အား လာရောက်ဖူးမြော်လေရာ နဂါးတို့တည်သောစေတီ
တော်မှာ လူတို့တည်သော စေတီနှင့်မတူသည်ဖြစ် ၍ မူလစေတီကို ငုံပြီးလျှင် မိမိ၏မကိုဋ်တော်နှင့်တူ
အောင် စေတီတော်ကို ပြန်လည်ပြုပြင် တည်ထား တော်မူခဲ့ပါသည်။
ထို့ကြောင့် ဆံတော်ရှင်ဘုရားသမိုင်း လင်္ကာထဲတွင် ( လူနှင့်နဂါး၊ တည်တုံငြားသည်၊ ဘုရားဆံတော်ရှင်၊ မြတ်ရှင်ပင် ) ဟု ဖွဲ့နွဲ့စပ်ဆိုထားပါသည်။ ထိုနောက် ရခိုင်မင်းအဆက်ဆက်တို့နှင့် ရခိုင်ပြည် သူ ရခိုင်ပြည်သား အဆက်ဆက်တို့သည် ဆံတော် ရှင် စေတီတော်မြတ်ကြီးကို မွမ်းမံပြု ပြင် ထိန်းသိမ်းကိုးကွယ်လာခဲ့ကြပါသည်။
ဤဘုရားသည် ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်
မြေငူကျွန်း၌ တည်ရှိပါသည်။
ဖူးတွေ့ရသူတိုင်း, အပူကင်းသော ဘဝကို, ပိုင်ဆိုင်
နိုင်ကြပါစေလို့ ဆုတောင်လျှက်ပါ။
သမိုင်းများမှ ဖော်ပြသည်. ဓါတ်ပုံ . အင်တာနက်
0 comments:
Post a Comment