၁။
သျှစ်သောင်းဘုရားပုထိုးတော်ကြီးသမိုင်း
သျှစ်သောင်းဘုရားကြီးမှာ
မြန်မာနိုင်ငံတစ်ဝှမ်း အလွန်ကျော်ကြားဆုံးသောဘုရားတစ်ဆူလည်း ဖြစ်ပါသည်။
ဤဘုရားကြီးအား တည်ထားခဲ့သောရှင်ဘုရင်မှာမြောက်ဦးဒုတိယခေတ်ကိုစတင်တည်ထောင်ခဲ့သော
(မင်ဗာဘုရင်)ဖြစ်သည်။ ထိုမင်းသည် ကောဇာသက်္ကရာဇ် (၈၉၄) ခုနှစ်၊ ခရစ်နှစ်အေဒီ(၁၅၃၁)ခုနှစ်တွင်
ထီးနန်းစတင်စိုးစံသည်။
မင်းဗာဘုရင်မြတ်၏ ခံယူထားသောဘွဲ့အပြည့်အစုံမှာ (သီရိသူရိယစန္ဒ မဟာဓမ္မရာဇာ) အိန်္ဒိယမှ ပေးအပ်သောဘွဲ့ကား (ဇော့ဘော့ချားလ်) ဘွဲ့တော်များဖြစ်သည်။ မိဖုရားကြီးကား (ဖွားစောမင်း ဒေ၀ီ)ဖြစ်သည်။
ဆရာကြီးဦမြ၀ါ၏အစီအစဉ်ဖြင့်နန်းတော်
မင်းဗာဘုရင်မြတ်၏ ခံယူထားသောဘွဲ့အပြည့်အစုံမှာ (သီရိသူရိယစန္ဒ မဟာဓမ္မရာဇာ) အိန်္ဒိယမှ ပေးအပ်သောဘွဲ့ကား (ဇော့ဘော့ချားလ်) ဘွဲ့တော်များဖြစ်သည်။ မိဖုရားကြီးကား (ဖွားစောမင်း ဒေ၀ီ)ဖြစ်သည်။
ဆရာကြီးဦမြ၀ါ၏အစီအစဉ်ဖြင့်နန်းတော်
မြောက်ဘက်ဖိုးခေါင်တောင်ကိုတစ်ဝက်ဖြိုလျက်အလယ်၌
ခိုင်ခံ့ကြီး ကျယ်သသော မြေတလင်းဝယ် ကောဇာသက်္ကရာဇ် (၈၉၇) ခုနှစ်၊ ခရစ်အေဒီ(၁၅၃၄) ခုနှစ်တွင်
(ရန်အောင်ဇေယျသျှစ်သောင်းပုထိုးတော်ကြီး)ဟုအမည်ထားကာ တည်ထားခဲ့လေသည်။
သျှစ်သောင်းဘုရားကြီးကိုတည်ဆောက်မှုအဓိကမှာ စစ်အောင်မြင်လာခဲ့မှုအထိမ်းအမှတ်အဖြစ် တည်ထားခြင်းဖြစ်သည်။ သျှစ်သောင်းဘုရား၏မြေအောက် ပထမဌာပနာတိုက်ဝယ်ဘေးလောင်းတော်၊ဘိုးလောင်းတော် စောမွန်မင်း(၁)ဆက်အရုပ်ကိုရွှေအတိသွန်းကာအဆောင်နှင့်တကွခြံရံထားကာ ပူဇော်ပသထားသည်။ ထို့နောက်ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမဘုရားလေးဆူပုံရွှေအတိသွန်းလျက် နောင်ပွင့်မည့် အရိမေတိယျဘုရားအဖြစ် အလယ်၌ကြာဖူးငုံသဏ္ဌာန် ထုကာ မင်ဗာကြီးပူဇော်နေပုံဖြစ်သည်။
ဘုရားရဟန်္တာဓာတ်တော်(၈၀၀၀၀) သျှစ်သောင်းကိုအစီအစဉ်ဖြင့် ကျောက်သံပတ်္တမြား ရွှေ၊ငွေ ကြုတ်တို့ဖြင့် ထည့်လျက်ပူဇော်ထားသည်။
ဌာပနာခန်းကိုကျောက်ဖျာဖုံးပြီးရတနာကိုးပါးဖြင့်သွန်းအပ်သောဆင်းတုတော်ငယ်(၂၀၀၀၀)
နှစ်သောင်းတိုက်ခန်းစီစဉ်ဖြင့် တည်ထားပြီးသော် ရတနာအမျိုးမျိုးဖြင့် သွန်းအပ်သောဆင်းတုတော်ငယ်ပေါင်း(၆၀၀၀၀)
ခြောက်သောင်းကို တိုက်ခန်းလိုက် စီစဉ်တည်ထာပြီးဌာပနာကိုကျောက်ဖျာဖုံးအုပ်
ပိတ်လေသည်။
မြေအပေါ်၌
ကျောက်ဂူလိုဏ်သဏ္ဌာန်လုပ်ကာဝင်္ကပါပုံသဏ္ဌာန် အကွေ့အကောက်စီမံလျက်
ကျောက်ဆင်းတုတော်များကိုတစ်ဖက်တစ်ချက်တည်ထားသည်။ ဤပုထိုးကို မဏ္ဍိုင်ငါးချက်ဖြင့်
အဓိကထားတည်တော်မူသည်။ ဂူပြင်ပတ်တွင်လည်း ဘုရားလောင်းတော် ဖြစ်ခဲ့သမျှဘ၀များကို (အစကြိုးကြာ၊ ဆယ့်ခြောက်ခါလျှင်၊
ဟင်္သာကိုးဖြစ်၊ခြောက်ဖြစ်ကားခို)ဆိုသည့်အတိုင်း ကြိုးကြာဘ၀တစ် ဆယ့်ခြောက်ရုပ်မှ
စပြီးငါးရာ့ငါးဆယ်နိပါတ်တော်လာ ဇာတ်တော်များကို ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာဖြင့်ထုလုပ်လျက်နံရံဝယ်
တပ်ဆင် ထားသည်။သျှစ်သောင်းဘုရားကြီးကိုတည်ဆောက်မှုအဓိကမှာ စစ်အောင်မြင်လာခဲ့မှုအထိမ်းအမှတ်အဖြစ် တည်ထားခြင်းဖြစ်သည်။ သျှစ်သောင်းဘုရား၏မြေအောက် ပထမဌာပနာတိုက်ဝယ်ဘေးလောင်းတော်၊ဘိုးလောင်းတော် စောမွန်မင်း(၁)ဆက်အရုပ်ကိုရွှေအတိသွန်းကာအဆောင်နှင့်တကွခြံရံထားကာ ပူဇော်ပသထားသည်။ ထို့နောက်ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမဘုရားလေးဆူပုံရွှေအတိသွန်းလျက် နောင်ပွင့်မည့် အရိမေတိယျဘုရားအဖြစ် အလယ်၌ကြာဖူးငုံသဏ္ဌာန် ထုကာ မင်ဗာကြီးပူဇော်နေပုံဖြစ်သည်။
ဘုရားရဟန်္တာဓာတ်တော်(၈၀၀၀၀) သျှစ်သောင်းကိုအစီအစဉ်ဖြင့် ကျောက်သံပတ်္တမြား ရွှေ၊ငွေ ကြုတ်တို့ဖြင့် ထည့်လျက်ပူဇော်ထားသည်။
ဘုရားအား ဆီမီးပူဇော်ရန်ခွက်ငယ်ထွင်းရာများပါ အဆင့်သုံးဆင့်လုံးတွင် ပတ်လည်ထွင်ထုထားသည်။အနောက်ဘက်မျက်နှာဝယ် ဘုရင်အဆက်ဆက် ရာဇဘိသေက ခံယူရန် အခန်းဆောင်မြတ်ကိုဖန်တီးထားသည်။ လှိုဏ်ပတ်လည်ဝယ် သူရဲခို၊ သူရဲပြေးတိမ်းရှောင်ထိန်းသိမ်းနိုင်ရေးအတွက်လည်း လုံခြုံရေးကို အဓိကထားကာတံတိုင်းအကွေ့အကောက် အကာအရံများဖြင့်တည်ဆောက်ထားသည်။
ကျောက်ဖြစ်ရုပ်ကြွင်းများမှာထွင်ထုပြီးနံရံတွင် အံဝင်ခွင်ကျ ထိုးချိတ်လျက် ဘုရားနံရံကိုပွတ်လုံးများဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပေသည်။
ဤဘုရားကြီး၏ အဓိကမဏ္ဍိုင်ငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သျှစ်သောင်းဂူတော်ရှိ ဘုရားကြီးမှာ။ အရှေ့ဘက်သို့(တနင်္လာဂြိုလ်မင်း)နေရာရှေ့ရှုလျက်၊ ဂန်္ဓာကုဋိ ခန်းဆောင်တွင် ရှိသည်။ ဗောဓိပင်နှင့်ရွှေပလ်္ထင်တွင် သဗ်္ဗညုတ ဥာဏ်တော်ရခဲ့သော ဘုရားရှင်အားရည်စူး၍ကိုးကွယ်ထားခြင်းဖြစ်ပေသည်။
(၂) သျှစ်သောင်းပြင်ပတ်အ၀င်အရှေ့တောင်ထောင့် (အင်္ဂါထောင့်၌) သုဒ်္ဓ၀ါသ ဗြဟ်္မာကြီးသည် ဤကမ်္ဘာအား အစ ပထမဘုရားမည်မျှ ပွင့်လာမည်ကိုဗုဒ်္ဓဂါယာ အိုင်သာယာ့၌ ကမ်္ဘာအစကကြာရုံပေါက်သောကြာတော၌ ကြာတစ်ပွင့်ဘုရားတစ်ဆူ အလိုက် သာရကမ်္ဘာ သာရမဏ္ဍကမ်္ဘာ၊ သဒ်္ဓ ကမ်္ဘာစသည်ဖြင့် ကမ်္ဘာအမည် မှည့်ခေါ်ထားလျက် ပဒုမ်္မာကြာပွင့် ကြီးတို့အားဆွတ်ခူးသိမ်းထားဗြဟ်္မာကြီးသည် သာသနာတော်အား စောင့်ပါစေဟု ဒုတိယမဏ္ဍိုင်အဖြစ်ထွင်းထုကိုးကွယ်ထားသည်။
(၃) ပြင်ပတ်မြောက်ဘက် အရှေ့မြောက်ထောင့် (တနင်္ဂနွေ) ထောင့်တွင် နတ်သမီး(၄)ပါး အခြံအရံဖြင့် ဧရာဝဏ်နတ်ဆင်စီးလာနေသောသိကြားမင်းသည်၊ သာသနာတော်အား စောင့်ပါစေဟု တတိယမဏ္ဍိုင်ဖြစ်ထွင်းထုတည်ထားသည်။
(၄) သျှစ်သောင်းပြင်ပတ် အနောက်မြောက်ထောင့် (စနေ)ထောင့်တွင် ဘုရားဒကာ မင်းဗာကြီးအရုပ်ဖြစ်သည်။ ဗြဟ်္မာမင်းအ၀တ်တန်ဆာဆငနယင်ကာလက်ရုံးတစ်ထောင် ဘုန်းတန်ခိုး ကြီးမားမှုသရုပ်ပြလျက် မိမိမွေးနံစနေထောင့်တွင် မိဖုရားများခြံရံကာ ဗုဒ်္ဓအားပူဇော်နေပုံ၊ ဆီမီးခွက်ပူဇော်ကကြဟန်များပါ ထုထားလျက်ဘုရားဒါယကာ မင်းဗာကြီး၏ အရုပ်ကို စတုတ်္တမဏ္ဍိုင်အဖြစ် ထွင်းထုတည်ထားခြင်းဖြစ်သည်။
(၅) ပြင်ပတ်အနောက်မြောက်ထောင့်အရပ် ရာဟုထောင့်တွင်(စတုလောကပါလနတ်မင်းကြီးအရုပ်)ကို ထွင်းထုထားသည်။နတ်မင်းကြီးများသည်သာသနာတော်ကိုအမြဲတစေ စောင့်ရှောက်ပါစေဟု အဓိဌာန်ပြုလျက်ပဉ်္စမ မဏ္ဍိုင်အဖြစ် တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီပုထိုးတော်၏ရှေ့တွင်လည်းသိမ်တော်ကြီးကို ခမ်းနားကြီးကျယ်စွာတည်ဆောက်ထားလေသည်။ဘုရားပုထိုးတော်ကြီး၏ခေါင်မိုးတွင်လည်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန်အတွက်နက်္ခက်ကြေအဖြစ်(သတ်္တဗိသစေတီ) ပုထိုးတော်ကြီးတစ်ခုလုံးကိုဝိုင်းရံကာစေတီပုထိုး ပေါင်း(၂၆) ဆူ၊စေတီကြီးပါဆိုလျှင်(၂၇)ဆူလုံးဓာတ်လုံးစေတီ(သတ်္တဗိသ)ကိုတည်ထားတော်မူခဲ့ပြန်သည်။
သျှစ်သောင်းဘုရားဟု ခေါ်ရခြင်းမှာအပေါ်တွင် ဖူးတွေ့ရသော ဘုရားများနှင့် မသက်ဆိုင်ချေ။ ဌာပနာခန်းတွင်ဓာတ်တော်ရှစ်သောင်းရှိသဖြင့် လည်းကောင်း၊ ဘုရားဆင်းတုတော်ငယ်ရှစ်သောင်းရှိသဖြင့် လည်းကောင်း ရည်ရွယ်၍ခေါ်ခြင်းသာဖြစ်သည်။ပေါ်တူကီတို့၏စစ်ဘေးရန်နှင့် ကုလားစစ်ကိုအောင်မြင်တော်
မူလေသောအဓိက အထိမ်းအမှတ်အဖြစ် (ရန်အောင်ဇေယျသျှစ်သောင်းဘုရားပုထိုးတော်ကြီး)ဟူ၍အမည် ထားခြင်းဖြစ်ခဲ့ပါသတည်း။
၂။ အံတော်သိမ်ပုထိုးတော်ကြီးသမိုင်း
ဤအံတော်သိမ်ဘုရားပုထိုးတော်ကြီးမှာသျှစ်သောင်းဘုရား ၏တနင်္ဂနွေထောင့် အနီးကပ်ဆုံးတွင် တည်ထား လျက်ရှိသည်။ဖိုးခေါင်တောင်တန်းအဆုံးမြောက်ဘက်မျက်နှာ၌ပင်ဖြစ်သည်။ ဤအံတော်သိမ်ပုထိုးတော်ကြီး အား ပထမမြောက်ဦးခေတ်(မင်းလှရာဇာစောမွန်မင်း)သည်ကောရာသက်္ကရာဇ်(၈၈၃) ခုနှစ် ခရစ်နှစ်အေဒီ(၁၅၂၁)ခုနှစ် တွင်စတင်တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထိုနောက် ဒုတိယမြောက်ဦးခေတ်ကိုစတင်တည်ထောင်ခဲ့သော မင်းမဖြစ်မီ အိမ်ရှေ့စံမင်းသားအဖြစ် ဒွါရာဝတီမြို့သံတွဲ၌စိုးစံခဲ့သော(ဖစောသီရိမင်းဗာဘုရင်)သည် ဒွါရာဝတီဝယ်(ပါသုရတောင်)၌ဌာပနာ ထားသော ဗုဒ်္ဓအံတော်မြတ်အား ပင့်ဆောင်ယူခဲ့ကာမင်းလှရာဇာကောင်းမှုစေတီနှင့် သိမ်ကိုပြန်လည်ပြုပြင်စီမံလျက် အံတော်မြတ်ကိုကလပ်ပေါ်၌ကိန်းအောင်းစပ်္ပာယ် ပူဖော်ထားလေသည်။ ထိုအချိန်မှစ၍၄င်းစေတီသိမ်တော်အား အံတော်သိမ် ဟူ၍ခေါ်ဆိုကြလေသည်။
ဤအံတော်သိမ်တွင်လည်းဂူအသွင်လိုဏ်နှစ်ထပ်တည်ရှိသည်။ ကြာပန်း၊ ကြာနွယ်များဖြင့်ယှက်သန်းကာဘုရားပလ်္တင်တစ်ခုနှင့်တစ်ခုသို့ဆက်သွယ်ကူးပြောင်းထားပုံ၊ဘီလူးဂုမ်္ဘန်နတ်များရုပ်လုံးဖော်ပြီးပန်းခက်ပန်းနွယ်ဆင်ယင်ထားပုံ၊ဂူနှင့်ပလ်္တင်တော်ကိုတစ်ဆက်တည်းသရုပ်ဖော်ထားပုံ၊အပေါ်တွင်ဗုဒ်္ဓညဏ်တော်ငယ်များကိန်းဝပ်ရန်ဂူငယ်များတည်ဆောက်ထာပုံအစရှိသည့်ကျောက်ဆစ်လက်ရာများမှာ ယနေ့တိုင်တွေ့မြင် နိုင်ပါသည်။
အထူးပြောင်မြောက်သောလက်ရာများပင်ဖြစ်ချေသည်။ အံတော်သိမ်စေတီကြီးအား ပတ်လည်ခြံရံကာတည်ဆောက်ထားသော စေတီပုထိုးများလည်းရှိပေသည်။ ဤပုထိုးတော်ကိုမင်းဗာဘုရင်လွန်ပြီးနောက် မြေးတော် မင်းရာဇာကြီးသည် ကောဇာသက်္ကရာဇ် (၉၅၈)ခုနှစ် ခရစ်အေဒီ(၁၅၉၆)ခုနှစ်တွင်ထပ်မံပြုပြင်တည်တောက်ခဲ့လေသည်။
အထဲတွင် ဥမင်နှစ်ပတ်ရှိသည်။ ဤအံတော်သိမ်ပုထိုးတော်ကြီးမှသိမ်တော်အပါအ၀င်အလျား ပေပေါင်းမှာ(၂၂၈) ပေ ရှိသည်။အနံပေပေါင်း(၁၄၅)ပေရှိသည်။စေတီအောက်ခြေဖိနပ်မှစေတီအမြင့်အဖျားထိ(၄၂)ပေရှိသည်။ဗုဒ်္ဓမြတ်စွာ၏အံတော်ကိန်းဝပ်ရာပုထိုးတော်ဖြစ်သောကြောင့်(အံတော်သိမ်)ဟုခေါ်ဆိုကြခြင်းဖြစ်သည်၃။ ထုက်္ကန့်သိမ်ဘုရားပုထိုးတော်ကြီး
ဤပုထိုးတော်ကြီးမှာသျှစ်သောင်းဘုရားပုထိုးတော်ကြီး ၏အနောက်ဘက် ပေပေါင်း(၃၀၀) ခန့် အကွာအဝေး တွင်ခမ်းနားထည်ဝါစွာဖြင့်တည်ရှိသောစေတီပုထိုးတော်မြတ်တစ်ဆူဖြစ်ပေသည်။
ဤထုက်္ကန့်သိမ် ပုထိုးစေတီတော်မြတ်အား ပေ (၃၈) ပေခန့်အမြင့်ရှိသောတောင်ကုန်းပေါ်၌ တည်ဆောက် ထားသည်။ ကောဇာသက်္ကရာဇ် (၉၃၃) ခုနှစ်၊ ခရစ်သက်္ကရာဇ် (၁၅၇၁)ခုနှစ်တွင် ( မင်းဖလောင်း )ရှင်ဘုရင်သည် မြောက်ဦးမြို့တော်၌ထီးနန်းစိုးစံစဉ်ကာလ ကလေးသူငယ်များ ပါးစပ်မှ အတိတ်တပေါင်စကားပေါ်ထွက်လာသည်မှာ ( ပြည်ပြိုက ထုက်္ကန့်သိမ်၊ွှိမ်အိုက ကျားကန် ) ဟုဆိုကြလေသည်။
မင်းကြီး ကြားသိတော်မူ၍ မှူးမတ်ပညဟိများနှင့်တိုင်ပင်ဆွေးနွေးကာ တိုင်းပြည်တည်တံ ခိုင်မြဲရေး ရှေးရှုပြီး ပညာဟိများအကြံပေးချက်အရ ကြီးကျယ်စွာသော ကျောက်တုံးကြီးငယ်များကိုပါ ယူဆောင်စေပြီးကျောက်ဖျာချပ်များ နှင့်တကွ အောက် နှင့်အထက်ပါပန်္နက်အောက်ခြေလေးထောင့်တွင်လည်း ကြီးစွာသော ကျောက်တုံးလေးတုံးကို ခံစေလျက် အဆင့်သုံးတန်ကျောက်တို့ဖြင့်ကန့်လန့်ကာ ကျောက်ထုတ်တော်များ ကန့်လျက် တည်ဆောက်လေသည်။
စေတီပုထိုးမြတ်၏ ခေါင်မိုးအလယ်တည့်တည့်တွင် ဟန်ချက်ယူကာ ကြီးစွာသောစေတီတစ်လုံးကို တည်ထားပြီး စေတီခေါင်မိုးထောင့်လေးဘက်စွန်းတွင်လည်း စေတီငယ်တစ်ဆူကျစီဖြင့် လေးဆူတည်ထားသည်။ စေတီတော်များ၏ သပိတ်မှောက်တွင်ဆင့်ထားသည်။
ဘုရားပုထိုးတော်သို့ ၀င်ရန်လမ်းပေါက် တစ်ခုကို ဖောက်လုပ်ထားရှိသည်။
0 comments:
Post a Comment