Saturday, October 24, 2015

ရခိုင်အမျိုးသမီးဇာနည် စစ်သည် မငွေနုဖြူ

~~~~~~~~~~~~~~~~~~~~~
မငွေနုဖြူသည် ရခိုင်ပြည့်ရှင် သီရိသူရိယစန္ဒမဟာရာဇာဘွဲ့မည်တော်
ခံ မင်းဗာဘုရင်(အေဒီ ၁၅၃၁-၁၅၅၃)၏ သမီးတော်ဖြစ်သည်။ မင်းဖလောင်း(ချစ်နှောင်း)၏ ညီမတော် ဖြစ်သည်။ အရွယ်ရောက်လာချိန်တွင် မောင်ဖြစ်သူ မင်းဖလောင်းနှင့်အတူ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လွှားကာ၊ စစ်ရေးဗျူဟာများ စသည့် စစ်ပညာရပ်များကို သင်ကြားတတ်မြောက်ခဲ့သည်။ တော်ဝင်ဘုရင့် သမီးတော်ပင် ဖြစ်လင့်ကစား စစ်ပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားတတ်မြောက်ခဲ့သူ ဖြစ်သည်။

အရှေ့ပြည်မှ တောင်ငူဘုရင် တပင်ရွှေထီးသည် အင်အားကြီးမားသော စစ်တပ်ကို ပိုင်ဆိုင် ဖွဲ့စည်းနိုင်ရာ သက္ကရာဇ် ၉၀၆၊ ၉၀၇နှင့် ၉၀၈ ခုနှစ်တို့တွင် ရခိုင်ပြည်ကို ကျူးကျော်စစ် ၃ကြိမ် ဆင်နွှဲလာခဲ့သည်။ ပထမနှင့်ဒုတိယ အကြိမ်တို့တွင် အင်အားကြီးမားသော မြန်မာ စစ်တပ်တို့သည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ရခိုင်ပြည်ကို ချီတက်လာကာ ကျူးကျော် တိုက်ခိုက်သော်လည်း သံတွဲကိုပင်မရ၊ အသေမကြေ အပျက်အစီးများကာ မရှုမလှ ကြီးစွာရှုံးနိမ့်ခြင်းနှင့်သာ ကြုံတွေ့ရပြီး တပ်ဆုပ်ပြန်ခဲ့ရသည်။ တတိယ တစ်ကြိမ်တွင် မင်းတရားရွှေထီး ကိုယ်တိုင် ပိုမိုကြီးမားသော စစ်တပ်ကို ဦးစီးပြီး စစ်ဆင်လာပြန်သည်။ သည်တစ်ကြိမ်တွင် လောင်းကြက်မြို့အထိ ချီလာနိုင်သော်လည်း ရခိုင်ဘုရင့်၏ သားတော် အိမ်ရှေ့စံမင်း မင်းတိက္ခာ၊ ဒီဃာတို့ဦးစီးသော ရေတပ်၏တိုက်ခိုက်မှု၊

သားတော်မင်းဖလောင်း၏ ရိက္ခာဖြတ်တောက်တိုက်ခိုက်မှု၊ သမီးတော် ငွေနုဖြူ၏ ဣတ္ထိဗျူဟာဖြင့် စစ်ဆင်ခြင်း တို့ကို ခံရကာ မလူးသာ မလွန့်သာဖြင့် ချောင်ပိုက်ခံရကာ အရှုံးကြီးဖြင့် ကြုံရပြန်သည်။

ရခိုင်တပ်တို့၏ ခြံရံပိုက်ဆို့ခြင်းကို ခံရကား တပ်ဆုတ်ဖို့ရာကိုပင် မင်းတရားရွှေထီး မစွမ်းနိုင်တော့ချေ။ ထို့ကြောင့် ရခိုင်ဘုရင် မင်းဗာကြီးထံ စစ်ပြေငြိမ်းရန် အသနားခံ တင်လျှောက်ရတော့သည်။ အကယ်၍ ဘုရင်မင်းဗာသည် ကျူးကျော်ရန်ပြုလာသူ မြန်မာဘုရင် တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုအပေါ် လက်မခံဘဲ အပြီးပိုင်ချေမှုန်းလိုက်လျှင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်။ မင်းဗာကြီးက တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုကို အေးလက်ကြည်သာ လက်ခံသည်။ ထို့ပြင် အမတ်ကြီး မဟာပညာကျော်ကိုပင် တပင်ရွှေထီးအား ဆိုဆုံးမစေလျှက် ကတိသစ္စာပြုစေပြီး ပြန်လွှတ်စေသည်။

မငွေနုဖြူသည် ရခိုင်အမျိုးသမီး ဘုရင့်သမီးတော်ဖြစ်သည့်အားလျော်စွာ တိုင်းပြည်အခက်အခဲနှင့် ကြုံလာလျှင် နောက်မဆုတ် လက်မတွန့်ပဲ ကျရာအခန်းက ပါဝင်တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မိန်းမပင်ဖြစ်လင့်ကစား ကျူးကျော်စစ်ကို တွန်းလှန်ခဲ့ရာတွင် တစ်ခန်းတစ်နေရာက ပါဝင်အားဖြည့်ကာ တိုင်းပြည်အကျိုး၊ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးခဲ့သည့် ရဲရဲတောက်နီသည့် ရခိုင့်ဇာနီ အမျိုးသမီးပင်ဖြစ်သည်။ ဂုဏ်ရောင်တောက်ပြောင် ၊ စောဘုန်းခေါင်။ နီရောင်လရောင် အတူဆောင်၊ ဇာနိန်ရာမရှောင်၊ မေတ္တာဆောင်၊ ရန်နိုင်အောင်၊ ပြည်ဘောင်ရက္ခာ၊ နွယ်ညောင်ကြက်ပမာ တည်ထောင်လျက်သာ၊ တေဇာမညိုးပါ၊ အာဇာနီပြောင်ပြောင်၊ သတ္တိဇွဲကိုဆောင်၊ ဂုဏ်ရည်မညှိုး၊ ဇာနည်မျိုးဘောင်၊ ဗီဇအနွယ်၊ ဇာနီမျိုးဟေ့၊ ညီကြစီလေ၊ အောင်မည်မလွဲပေ၊ သူရဲကောင်းမယ်မောင်၊ ကိုယ့်လက်နက်ကိုင်ဆောင်၊ အမျိုးဘာသာ သာသနာအရောင် ထွန်းလင်းပြောင်အောင်၊ သင့်တာဝန်ဆောင်။

စစ်ချီသာချင်း(ရက္ခိုင်သေနင်္ဂါဗျူဟာအတွဲကျမ်း)
Credit- အဝီးကရာလွမ်းနီမေကျိန်းရိပ်မြီ

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်