220px-Emigrants_Leave_Ireland_by_Henry_Doyle_1868
အိုင်ယာလန်မှ အမေရိကသို့ အခြေချ ပြောင်းရွေ့ မှု ကိုသရုပ်ဖော်ထားသောပုံဖြစ်ပါသည်
(၇.၁၂.၂၀၁၄) က ရွှေဂုံတိုင်၊ ရွှေရသာ စားသောက်ဆိုင်မှာလုပ်ခဲ့တဲ့ ဆရာဦးလှစိုးရဲ့ ကင်ဘာရာစာတမ်း ( ၂၀၁၃) မိတ်ဆက်ပွဲနှင့် တွေ့ဆုံပွဲမှာ ဆရာပြောခဲ့တဲ့ ဒိုင်ယာစပိုရာ စိတ်ဓါတ် အကြောင်းကို ပြန်ဖောက်သယ် ချချင်လို့ပါ။A diaspora (from Greek διασπορά, “scattering, dispersion”)[1] is a scattered population with a common origin in a smaller geographic area. Diaspora can also refer to the movement of the population from its original homeland ဒိုင်ယာစပိုရာ ဆိုသည်မှာ ပျံကြဲခြင်း၊ ကွဲလွင့်ခြင်း လို့ခေါ်ပြီး၊ ဒေသတခုမှသည် ပြံကြဲသွားသူ များကိုခေါ်ပါသည်။ မိမိမွေးရပ်မြေမှ ရွေ့ပြောင်း သွားသူများကိုပါ ဆိုလိုပါသည်။ ဥပမာ Judea မှ ဂျူးများအား အတင်းအဓမ္မနှင်ထုတ်ခံရခြင်း၊ အာဖရိက မှ အတ္တလန်တစ် တလျှောက်ကုန်ကူးခံရခြင်း၊ အနောက်မြောက် ဥရောပမှ ဥရောပသားများ၊ ကိုလီး ကုန်သွယ်ရေးကြောင့် တောင်ပိုင်းတရုပ် များနှင့် ဟိန်ဒူများ၊ အစရှိသဖြင့် ပုံစံအမျိုးမျိုး နဲ့ ဒိုင်ယာစပိုယာများဖြစ်လာကြပါတယ်။

“ဒိုင်ယာစပိုရာ ဆိုတာ လူမျိုး တစု(သို့) ထိုလူမျိုးမှ အတော်များများဟာ စီးပွားရေးကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် မိမိ မွေးရပ်ဇာတိကို စွန့်ခွာကါ ကမ္ဘာအရပ်ရပ် သို့ရောက်ရှိပြီး၊ ထိုသူတို့ ပြန်လည်တွေ့ဆုံမိကြကါ မိမိရိုးရာ၊ စံတန်ဖိုးတွေ ကိုထိမ်းသိမ်းရင်း မိမိ မွေးရပ်အတွက် အလုပ်လုပ်ကြခြင်းကို ခေါ်ပါသည် “ လို့ ဆရာဦးလှစောကပြောရှင်းလင်းခဲ့ပါတယ် ။ ဥပမာ ဂျူးလူမျိုးတွေပါ။ ဖိနှိပ်ချုပ်ချယ် မှုများစွာကြောင့် ဂျေရုစလင် ကိုကျောခိုင်းကါ ဥရောပ၊ အမေရိက အစရှိသဖြင့် ကစဉ့် ကလျှားဖြစ်ပွားခဲ့ကြသော်လည်း ရောက်သည့်နေရာတိုင်းတွင် ပေါင်းစုမိကြကါ မိမိမွေးရပ်အတွ အလုပ်အကြွေးပြုခဲ့ကြပါတယ်။
မကြာသေးခင်ကမှ ပညာရှင်တွေဟာ ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခြင်း သို့မဟုတ် ရွေ့ပြောင်းအလုပ်လုပ်ခြင်း အစရှိသည့် ဒိုင်ယာစပိုရာ နောက်မှ ခြားနားမှုများကြောင့် ဒိုင်ယာစပိုယာ ပုံစံများစွာ ရှိကြောင်း သဘောပေါက်လာခဲ့ကြပါတယ်။ တချို့ ဒိုင်ယာစပိုယာ (ရပ်ဝေး လူမှုအဖွဲ့များ) ဟာ သူတို့ရဲ့ မိခင်နိုင်ငံ၏ နိုင်ငံရေးနှင့် ပတ်သက်လို့ အဆက်အစပ်တွေ ရှိနေတတ်ကြပါတယ်။ တခြား သွင်ပြင်တွေကတော့ သူတို့ဟာ မွေးရပ်မြေကို ပြန်လာဖို့စိတ်ကူးခြင်း၊ တခြားသော ဒိုင်ယာစပိုယာ အဖွဲ့များနှင့် အချိတ်အဆက်ရှိခြင်း၊ နှင့် သူတို့ဟာ လက်ရှိနေထိုင်ရာနိုင်ငံ၏ နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေကြပါတယ်။
ထပ်မံပြောရမည်ဆိုလျှင် ဒိုင်ယာစပိုယာ များသည် မည်သည့်အကြောင်းကြောင့် မည်သည့် နေရာကိုပင်ရောက်ရောက် တပေါင်းတစည်းတည်း ရှိနေကြကါ မိမိ ရိုးရာ ယှဉ်ကျေးမှု များကို ထိမ်းသိမ်းစောင့်ရှောက်ရင်း မိမိမွေးရပ် သို့မဟုတ် ဘိုးစဉ်ဘောင်ဆက် အမိမြေအား ပုံစံအမျိုးမျိုးဖြင့် ထောက်ပံခြင်း၊ အလုပ်လုပ်ခြင်း ဖြင့် အမိမြေ ကိုလွမ်းနေသူများဖြစ်ကြပါသည်။
/////////////////////
ရခိုင်လေး