ရခိုင်ပြည်ကြီးသည် ကိုယ့်ထီးကိုယ့်နန့်၊ ကိုယ့်ကြငှာန်းဖြင့် ကိုယ်ပိုင်အချုပ်အချာအာဏာပိုင်စိုးကာ နှစ်ထောင် ပေါင်းများစွာတည်ရှိလာခဲ့သောဒေသတစ်ခုဖြစ်ပေသည်။ ရခိုင်လူမျိုးများသည်လည်း ရှည်ကြာသောသမိုင်းကို ပိုင်ဆိုင်လာသောလူမျိုးတစ်မျိုးဖြစ်ပေသည်။ ဤသို့သော သမိုင်းကြောင်းရှည်ကြာခဲ့သော်လည်း ၁၁၄၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၇) ရက်နေ့ (၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့)တွင် အချုပ်အချာအာဏာကျဆုံးကာ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပေသည်။ ထိုနေ့မှစတင်ရေတွက်ပါက ကိုလိုနီကျွန်သက်နှစ်ပေါင်း (၂၃၀) ကို ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ ဖြတ်သန်းခဲ့ကြပြီးဖြစ်ပါသည်။ရခိုင်ပြည်ကို မြန်မာမင်းများက မြို့ဝန်လေးဦးဖြင့် နှစ်ပေါင်းလေးဆယ်ကျော်ခန့် အုပ်ချုပ်ကျွန်ပြုခဲ့ကြပါသည်။
ထိုကာလများအတွင်း ရခိုင်ပြည်သည် ကုန်းကောက်စရာမရှိအောင် အဘက်ဘက်တွင်
ချွတ်ခြုံကျခဲ့ရပါသည်။ မြန်မာတို့၏ ကျွန်ပြုခြင်းဒဏ်ကို မခံနိုင်ဖြစ်ကြရသော
ပြည်သူများမှာ တိုင်းပြည်ကိုစွန့်ခွာကာ ဝေးရာအရပ်များ
သို့ထွက်ပြေးခိုလှုံခဲ့ကြရပါသည်။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများသည် အလွန်တရာမှ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါသည်။ တွေးကြည့်ပါက ရင်နာစရာကောင်းလွန်းလှပါပေတော့သည်။မြန်မာများနှစ်ပေါင်းလေးဆယ်ကျော် သိမ်းပိုက်အုပ်ချုပ်ပြီးသောအခါ
အင်္ဂလိပ်များက တစ်ဖန်ကျူးကျော်သိမ်း ပိုက်လာပြန်သည်။ အင်္ဂလိပ်လက်အောက်၌
ကျွန်ဖြစ်ရသည်မှာ မလွယ်ကူလှပေ။ ရခိုင်ပြည်ရှိ ရှိသမျှ သယံဇာတများကို
ရနိုင်သမျှထုတ်ယူကြလေသည်။ နိုင်ငံခြားသားများကို မတန်တဆသွင်း၍ ရခိုင်ပြည်၌
အခြေချနေထိုင်စေခြင်းဖြင့် ပဋိပက္ခများကို ပိုမိုတင်းမာလာစေသည်။
သူ့ကျွန်မခံ ဇာတိမာန်ဖြင့် မျိုးမာန်မချတွန်း လှန်ပြကြသော
တော်လှန်ရေးမျိုးချစ်များကို ရက်စက်စွာနှိပ်ကွပ်သည်။ ဤသို့ဖြင့် ကျွန်သက်ပိုရှည်ကြာခဲ့ရ ပါသည်။အင်္ဂလိပ်တို့ကို တိုက်ခိုက်မောင်းထုတ်ပြီး ရွှေရည်စိမ်လွတ်လပ်ရေးအတုဖြင့် တစ်ဖန်ကျွန်ပြု အုပ်ချုပ်လာကြသူ များမှာ ဖက်ဆစ်ဂျပန်များပင်ဖြစ်ပါသည်။ ဖက်ဆစ်တို့၏ ဆိုးရွားယုတ်ညစ်ပုံမှာကား မြန်မာနှင့် အင်္ဂလိပ်တို့ထက် ကိုအဆများစွာအပိုဆောင်းလေတော့သည်။
“လကိုကြယ်ဖောက် ဂျပန်ရောက်၊ ရောက်တေဂျပန် သုံးနှစ်ခံ” ဟူသော
ဆိုရိုးနှင့်လျော်ညီစွာပင် ဂျပန်ဖက်ဆစ်များသည် သုံးနှစ်တိုင်တိုင်ထင်ရာစိုင်းကာ အစွမ်းကုန်ရိုင်းခဲ့ကြ လေသည်။ ထိုခေတ်အခါက ကြုံဆုံခဲ့ရသည်များကို ပြန်လည်ကြားယောင်ရပါက ကြက်သီးများပင် ထချင်စရာ။ဂျပန်များကိုမဟာမိတ်တပ်များနှင့်
ပူးပေါင်း၍ တိုက်ထုတ်နိုင်ခဲ့သော်လည်း အင်္ဂလိပ်ကတစ်ဖန် ကျွန်ပြုရန်
ကြိုးစားလာခဲ့ပေသည်။ သို့သော်လည်း ကျွန်ပြုမခံ ပြန်တွန်းလှန်ကာ
အင်္ဂလိပ်ကိုတိုက်ထုတ်ပြီးအောင်ပွဲခံယူ နိုင်ခဲ့ပါသည်။ ကံဆိုးသည်မှာ အဆိုပါအောင်ပွဲမှာ ရခိုင်တို့၏အောင်ပွဲမဟုတ်ဘဲ မြန်မာတို့၏လွတ်လပ်ရေးသာ ဖြစ်သွားခဲ့ပေသည်။ ရခိုင်တို့အဖို့မှာကား ကျွန်သံသရာစက်ကွင်းထဲသို့ ပြန်လည်သက်ဆင်းခဲ့ရခြင်းပင်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစတင်၍ မြန်မာတို့ထံတစ်ဖန်ကျွန်ဖြစ်ရခြင်း သက်တမ်းသည် (၆၇) နှစ်ပင် ရှိခဲ့ လေပြီ။မည်သို့ပင်ဆိုပါစေ။ ရခိုင့်ကျွန်သက်ကား နှစ်ပေါင်း (၂၃၀) ပြည့်ခဲ့ပါပြီ။
ဤရာစုနှစ်ခုကျော်ကာလအတွင်း ရခိုင်တို့၏ ကံကြမ္မာသည်
နိမ့်ပါးသည်ထက်နိမ့်ပါးခဲ့ရသည်။
ဆုတ်ယုတ်ကျဆင်းခဲ့ရသည်။ လူ့ပျမ်းမျှသက်တမ်း များသည်လည်း တိုတောင်းခဲ့ရသည်။
ပြည်သူများမှာလည်း ဆင်းရဲတွင်းသို့ အဆုံးစွန်ထိသက်ဆင်းခဲ့ရပေပြီ။ လူအများ၏ပမာ မခန့်ပြုဆက်ဆံခြင်းများကိုလည်းကြုံတွေ့နေရပေပြီ။ ကူဖော်လှောင်ဖက်မရှိ။ ကိုယ်ချင်းစာ လက်တွဲခေါ်ယူမည့် သူမရှိ။ ထို့ကြောင့် တစ်ခွန်းတည်းသောစကားဖြင့်နိဂုံးချုပ်ချင်ပါသည်။ ရက္ခိုင်လူမျိုးများ မလွတ်မြောက်သေးပါ။
Friday, January 9, 2015
ad
မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ
ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..
တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး
ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ်
အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ}
{ ရခိုင်သမိုင်း }
ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့
Followers
ဆက်သွယ်ဖို့
Labels
ရခိုင်သမိုင်း
ရခိုင်ရုပ်သံချေတိ
ကျား
ရခိုင် mp3
အေနိရခိုင်
မ
တကိုယ်တော်
ရခိုင်ဇမ်းကဗျာ
ဆောင်းပါး
ဘုရားသမိုင်း
နိုင်ငံရီး
အဖွဲ့လိုက်
ဦးမောင်သိန်း
တရားတော်
ရခိုင်အလှပုံတိ
အယင်ခေတ်ဓါတ်ပုံ
ဆရာတော် သီဝလိ
ဖတ်စရာတိ
ရခိုင်စာပီ
ရိုးယာချေတိ
ဝင်းနန္ဒာခိုင်
ရခိုင် ယဉ်ကျေးမှု
ရခိုင်ရိုးရာ
ဇော်ဇော်
ခိုင်မျိုးခန့်
ဒိုးကလေး
ဝင်းကိုခိုင်
ခမီလူမျိုး
စုံတွဲ
ညှာစိမ်းခိုင်
မိချော
ရေဒီယို
ဝတ္ထု
ဆရာတော် ဦးဥတ္တမ
ဆုမြတ်ထက်
မာန်အောင်
ရခိုင်စည်တော်
ရမ္မာဝတိရမ်းဗြဲ
တော်လှန်ရီး
မောင်ကိုကို
မြိုလူမျိုး
ကမန်လူမျိုး
ကိုကိုနိုင်
ကိုခိုင်ဇော်
ကိုညီညီ
ကျာ်စွာဝင်း
ခိုင်မိုး
ခိုင်ကျော်လင်း
ခိုင်ဇော်
ခိုင်ပြည်ကျော်
ခိုင်မြတ်မင်း
စစ်နိုင်
စစ်ငြိမ်းနိုင်
စိမ်းလဲ့လဲ့
စိုးဝင်းမြင့်
စံမော်
ထွန်းအေး
ဒိုးအ်ရီ
ဒွါရာဝတီ
ဘာသာရီး
ဘုန်းလျှံ
ရခိုင်ဖေါင့်
ရတနာမိုင်
ရမ္မာဝတီစံဝင်း
ရီလှိုင်းပြာ
ရဲလင်းအောင်
လုန်းချေ
လပြည့်အောင်
ဝတီစိုးမိုး
သာစိန်
သျှင်မြဝါ
သင်္ကြန်တေးခြင်း
သင်္ကြန်
အဂုရခိုင်ပုံချေတိ
အင်တာဗျူး
အမ်းမြို့
ဦးကျော်လှ
ကျောက်ဖြူ
စောနှင်းနွယ်
နေထက်လင်း
အောင်နိုင်ဆန်း
မြောက်ဦး
ငြိမ်းစန္ဒာ
မြခိုင်ကျော်
မြတ်ထွန်းခိုင်
ဝင်းအောင်
0 comments:
Post a Comment