1465369_303417549818156_111438687222709991_n
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ခန့် အပ်ရာ၌ သမ္မတက ခန့် အပ်ရန် သ၀ဏ်လွှာပေးခြင်း ၊ ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခြင်း ၊ ကန့် ကွက်လိုလျှင် နောက်ဆုံးနေ့  သတ်မှတ်ခြင်း ၊ ရခိုင်လူမျိုးတွေက နယ်အနှံ့  လက်မခံကန့် ကွက်သံများ ထုတ်ဖေါ်နေခြင်း စသည်တို့ ကို တွေ့ နေရသည် ။ သို့ အတူ ပြည်ပ နိုင်ငံတကာတွင်ရောက်ရှိနေသော ရခိုင်လူမျိုးတွေကလည်း ပြည်တွင်က ရခိုင်လူမျိုးတွေ၏ ဆန္ဒသဘောထားအတိုင်း ထုတ်ဖေါ်ကြသည် ။
သမ္မတ၏ သ၀ဏ်လွှာပေးပို့ သည့်အတိုင်း ၀န်ကြီးချုပ်ခန့် အပ်သည်ကို ရခိုင်ပြည်နယ်က လက်ခံသည် ။ ခန့် အပ်မည့်သူအား မည်သူက အရည်အချင်း ရှိသော သူဆိုသည်ကိုလည်း သိရှိသည်ဟု ယုံကြည်ထားကြပြီးဖြစ်သည် ။ ဥပဒေအတိုင်းလည်း ဆောင်ရွက်မည်ဟု နားလည်ထားသည် ။ သို့ သော် ရခိုင်လူမျိုးတွေက မည်သည့်အတွက်ကြောင့် လက်မခံကန့် ကွက်နေကြပါသနည်း ။

ယခုရွေးချယ်ခန့် အပ်ခြင်း လျာထားသည့် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်လူမျိုးများက လူမျိုးရေးမုန်းတီးမှု ကြောင့် လက်မခံ ကန့် ကွက်နေခြင်းမဟုတ်ကြောင်း ပြောနိုင်သည် ။ သို့ သော် ဤအချိန်ကာလ၌ ရခိုင်လူမျိုးတဦးဦးကို ခန့် အပ်၍ မရနိုင်လေဘူးလားဆိုသော အမြင်ဖြင့် ကြည့်ရှူပြီး ထောက်ပြနေကြခြင်းဖြစ်သည် ။ ၄င်းကဲ့ သို့  ခန့် အပ်လိုက်ပါကလည်း လာမည့်-၁-နှစ်ခွဲအတွင်း မည်သို့ ပြောင်းလဲမှုများကို မဆောင်ရွက်ဘဲ နေလေမည်လား ဆိုသောမေးခွန်းကို မေးရတော့မည်ဖြစ်သည် ။
ရခိုင်ပြည်နယ်အစိုးရသည် ဗဟိုအစိုးရ၏ အမိန့် ကို နာခံရသည့် အဖွဲ့  အစည်းသာဖြစ်သည် ။ ၄င်းအစိုးရအား ဆောင်ရွက်ချက်များ ညံ့ ဖျင်း၍ ၀န်ကြီးချုပ်ကို ဖြုတ်ကာ အစားထိုးရွေးချယ်ခြင်းဆိုသည်မှာ ရှေ့နောက်မညီသော အလုပ်ဖြစ်နေပြီ ။ အဘယ့်ကြောင့်ဆိုသော် မည်သည့်လူသားတဦးမဆို မိမိကိုယ်သာ အကောင်းဆုံးဟု သိရှိလက်ခံထားသူဖြစ်သည် ။ မိမိမှာ အရည်အချင်း မရှိ၍ ဤရာထူး-ဤနေရာတွင် မလုပ်လို-မနေတော့ပါဟု ပြောဆိုပြီး ကြီးမားသော ရာထူးဂုဏ်သိက္ခာကို ဖယ်ရှားကာ သွားရောက်နုတ်ထွက်သည့် လူစားမျိုး မြန်မာနိုင်ငံ၏ တာဝန်ခံ အာဏာရှိ အစိုးရလောကတွင် မပေါ်ပေါက်သေး ။ မမြင်ဖူးသေး ။
ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်အား ဖြုတ်တော့မည်ဆိုသည့် သတင်းကို ကြားနေရသည်မှာ ကြာမြင့်ခဲ့ ပြီ ။ အဖြုတ်ခံရမည့် ၄င်းသတင်းကို မည်သည့်အတွက်ကြောင်း ကြားသိနေရသနည်း ။ ဤသည်မှာ ၀န်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မည့်သူ၏ ပါးစပ်ထဲက ထွက်ပေါ်လာသော သတင်းမဟုတ်ချေ ။ ထို့ ကြောင့် ယခုတကယ်ပင် နုတ်ထွက်ပြီဟု ဆိုလာသောအခါ မည်သည့်အတွက် နုတ်ထွက်ရသနည်းဆိုသည်ကို ကာယကံရှင် ၀န်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကို မမေးမြန်းကြဘဲ အစိုးရပိုင်းမှ တာဝန်ရှိသူများကို မေးမြန်းကြတော့သည် ။ ဤအခါ ၀န်ကြီးချုပ် ဦးလှမောင်တင်က စီမံခန့် ခွဲရေး-အလုပ်ကို မဆောင်ရွက်နိုင်တတ်-ညံ့ ဖျင်းတတ်သည့်တို့ ကြောင့် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်းဟု ထုတ်ဖေါ်ပြောဆို ကြသည် ။ ရှေ့ကဖုံးနောက်ကပေါ်သော အဖြစ်မျိုးကား ဤသို့ ပင်ဖြစ်သည် ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးတုတ်ထမ်းရာဇ၀င်များကအတိုင်း မကြာခဏဖြစ်နေသလို ဖြစ်လာတော့သည် ။
စောစောကပြောခဲ့ သလို ညံ့ ဖျင်းသော သူအား ဖြုတ်ချလိုက်ပြီးနောက် သင့်တော်သောစစ်ဗိုလ်ချုပ်တဦးကို ခန့် အပ်ရွေးချယ်ခြင်းအပိုင်းအား ဆန်းစစ်ကြည့်ပါစို့  ။ ရခိုင်လူမျိုးများက ကန့် ကွက်ခြင်း-ပြည်နယ်လွှတ်တော်တွင် ကန့် ကွက်ခြင်းတို့ ကို ပြုလုပ်ကြသော်လည်း ၀န်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့် အပ်လိုက်ပြီ ဆိုလျှင် မည်သို့ ရခိုင်ပြည်နယ်၏ အနာဂါတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ထုတ်ဖေါ်ပြောဆိုသည်ကို တွေ့ မြင်ရသည် ။ ပထမဦးစွာ ၀န်ကြီးချုပ်အဖြစ် ခန့် အပ်ခြင်းခံရလျှင် အပြစ်မဲ့  အကျဉ်းချ ခံထားရသူများကို ထောင်ခါပြီး အမြန်ဆုံး လွှတ်ပေးရန်လိုသည် ။
စနစ်ဆိုးကြောင့်- လူပုဂ္ဂိုလ်များ၏ ညံ့ ဖျင်းမှုကြောင့် မတရားဖမ်းဆီးခံနေရသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် ရှိနေကြသည် ။ ၄င်းအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် လိုသည် ။ အဘယ့်ကြောင့်ဆိုသော် ၄င်းသူတို့ သည် ရခိုင်လူမျိုးများအတွက် မရှိမဖြစ်သော အာဇါနည်များဖြစ်သည် ။ ယင်းအာဇါနည်များသည် ဗိုလ်ချုပ်မောင်မောင်အုန်းအတွက် မဟာမိတ်များဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် မြေပုံမြို့ နယ်၌ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ရေး စီမံကိန်းကို စတင်ဆောင်ရွက်နေသည် ။ ၄င်းစီမံကိန်းသည် လာဘ်စားရန် အကောင်းဆုံး အကွက်မဖြစ်စေဘဲ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအခွင့်အရေးပေး၍ မဟုတ်သူများကိုရော- လိမ်လည်သူများကိုပါ ဥပဒေအရ တိကျစွာ ဆောင်ရွက်ပေးရန်လိုသည် ။ အထူးသဖြင့် သမိုင်းလိမ်ဘင်္ဂလီလူမျိုးကို လုံးဝရခိုင်ပြည်နယ်တွင် မထားရှိရေး ပြုလုပ်ဆောင်ရွက်ရန် အရေးကြီးသည် ။
အဘယ့်ကြောင့်ဆိုသော် အီရတ်နိုင်ငံတွင် အစ္စလမ်မစ်အဖွဲ့ က မြန်မာနိုင်ငံအား သိမ်းပိုက်ရေးဆန္ဒ ရှိကြောင်း သိရှိကြရပြီ ။ မကြာမှီ ထိုးစစ်ဆင်နွဲတော့မည် ။ ယင်းအဖွဲ့ သည် သမိုင်းလိမ်ဘင်္ဂလီများနှင့် အတူတကွ ဆက်သွယ်စည်းရုံး ပတ်သက်သူများဖြစ်သည် ။ မြန်မာနိုင်ငံအတွင်းတွင်တွင် လွှတ်တော်ထဲမှာပင် ၄င်းဘင်္ဂလီလူမျိုးများက ရှိနေပြီ ။ ထို့ ကြောင့် အနာဂတ် မြန်မာနိုင်ငံတွင် သမိုင်းလိမ်ဘင်္ဂလီကုလား လူမျိုးတို့ ၏ အန္တရယ်သည် သတိနှင့် စောင့်ကြည့်ပြီး နေပေးရမည့် အချိန်ကာလဖြစ်နေသည် ။
အနာဂတ် မြန်မာနိုင်ငံ၏ အရေးသည် ယခုရခိုင်ပြည်နယ်၏ ၀န်ကြီးချုပ်သစ်ကို ခန့် အပ်သည့်အခါ အကျုံးဝင်သော ပြသနာအစိပ်အပိုင်းတရပ်ဖြစ်သည်ဆိုခြင်း ကို နားလည်သည် ။ သို့ သော် ရခိုင်ပြည်နယ်အစိုးရသည် စင်စစ်အားဖြင့် ရုပ်သေးအစိုးရသာဖြစ်သည် ။ ဗဟိုမှ ချုပ်ကိုင်ထားသော မဟာဗျူဟာစနစ်ဖြင့် လည်ပတ်နေသည့် ရုပ်ပြသာဖြစ်သည် ။ အကယ်၍ ရခိုင်ပြည်နယ်၏ အနောက်ဖက်တံတိုင်းကို ကာကွယ်စောင့်ရှောက်ရေးသည် အမှန်တကယ်ပင် အဓိက ကျနေပြီဟု ဆိုလျှင်လည်း ပြည်သူကို အသိပေးကာ ရခိုင်ပြည်နယ်တခုလုံးကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သွားရန်ပြုလုပ်သင့်သည် ။ သို့ သော် ၄င်းစစ်အုပ်ချုပ်ရေးသည် ရခိုင်လူမျိုးများအား မတရားဖမ်းဆီးခြင်းနှင့် အသက်အန္တရယ်ကို ခြိမ်းခြောက်ကာ ပြုလုပ်နေပြီး ဘင်္ဂလီကုလားလူမျိုးကျတာ့ လာဘ်စားပြီး မည်သို့ မျှ သော အခြေအနေမျိုးကို မပြုလုပ်ပေးသင့် ။ အနောက်ဘက်နယ်မြေတွင် ဘင်္ဂလီကုလားများ ခေါင်းမထောင်ရေးကို ဦးစားပေး ဆောင်ရွက်ရန်လိုသည် ။ ဤအချက်များကြောင့် ရခိုင်လူမျိုးများက ၀န်ကြီးချုပ်သစ် ရွေးချယ်ရေးကို အာရုံစိုက်နေကြရခြင်း ဖြစ်သည် ။ စိုးရိမ်ပူပန်သော သူများကို အရေးပေး နားလည်ရန်လိုသည် ။
တိတိကျကျ ပြောရလျှင် ရုပ်သေးအစိုးရတွင် ရုပ်ပြအဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းက နေပေးလျှင်ပင် ရခိုင်လူမျိုးများက အထူးကျေးဇူးတင်ကြပေလိမ့်မည် ဟု ထင်သည် ။ ထို့ ကြောင့်သာ ကြံ့ ခိုင်ရေးပါတီက၄င်း-ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက၄င်း ၀န်ကြီးချုပ်အဖြစ် ခန့် အပ်ရန် ရခိုင်လူမျိုးတွေက လိုလားနေကြခြင်းသာဖြစ်သည် ။ ဤသည်မှာ ရှည့်လည်းလျှောက်စေ ပျားလည်းစွဲစေ ဖြစ်ပါသည် ။
*—
ခိုင်အောင်ကျော် နယူးယောက်