Laywaddy
Jake Taw added 2 new photos.
၃၁.၁၂.၂၀၁၄
သံတွဲခရိုင်အတွင်း
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မည်ဖြစ်သော
ရခိုင်ရိုးရာရထားဆွဲပွဲ အတွက် လေးဝတီအသင်းက ဒုတိယအကြိမ်
အစည်းအဝေးပြုလုပ်ခဲ့သည်။
ရထားဆွဲပွဲပြုလုပ်ရခြင်းသည် ရိုးရာအစဉ်အလာများဖော်ထုတ်၍ ရှင်သန်ပြန့်ပွားစေလိုခြင်း၊ ချမ်းအေးသောကာလတွင် အချင်းချင်းစည်းလုံးညီညွတ်စွာ တပျော်တပါးပြုလုပ်ရသော ရာသီလိုက်ပွဲတော်ဖြစ်ခြင်း၊ မိမိတို့အမျိုးသားရေးလက္ခဏာများ

မိမိတို့ဒေသတွင်း၌
ပိုမိုအားကောင်းလာစေလိုခြင်း တို့ကြောင့် အချိန်၊ လူအင်အား၊ ငွေကြေးများစွာ
အကုန်အကျခံ၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။
ကုန်ကျငွေမှာ အနည်းဆုံး ကျပ်
သိန်း(၅၀) ရှိမည်ဖြစ်သည်။ ယခုအခါ ရထားပြုလုပ်ရန် သစ်များမှာထားပြီဖြစ်ပါသည်။
မိမိတို့၏ လေးဝတီ အသင်းမှာ
ရိုးရာယဉ်ကျေးမှုအသင်းဖြစ်သည့်အားလျော်စွာ
ရိုးရာယဉ်ကျေးမှုဆိုင်ရာများကို
ပြန်လည်ဖော်ထုတ်ခြင်း၊ ရှင်သန်ပြန့်ပွားအောင်လုပ်ခြင်း တို့ကို အထူးအဓိကထား၍
ပြုလုပ်သွားမည်ဖြစ်ပါသည်။
မိမိတို့၏ `လေးဝတီအသင်း ´ မှ
ရထားဆွဲပွဲပြုလုပ်ရခြင်းသည် `အပျော်အပါးသက်သက် ´ မဟုတ်ဘဲ မိမိတို့၏
အချိန်၊လုပ်အား၊ငွေကြေးများစွာတို့ကို
စိုက်ထုတ်၍ တိမ်မြုပ်နေသော
ပျောက်ကွယ်နေသော မိမိတို့ရိုးရာယဉ်ကျေးမှုများ ပြန်လည်ရှင်သန်လာစေရန်
ပြန်ုပွားလာစေရန် အပင်ပန်းခံ ပြုလုပ်ရခြင်းဖြစ်ပါသည်။
0 comments:
Post a Comment