===============================
ရခိုင်ပြည်နယ်သတင်းဂျာနယ် ဒီဇင်ဘာ ၂၂
===============================
အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီမှ မြဒေးကျွန်းနေ ပြည်သူများ လူမှုဘဝ ဖွံဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော လျှပ်စစ်မီတာ ဘောက်စ် ၇ဝ၉ လုံးနှင့် တယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်ရေးတို့အတွက် အလှူငွေအမေရိကန် ဒေါ်လာ ၄၂ဝဝဝဝ နှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် ထောက်ပံ့ငွေကျပ် ၁ဝ သိန်းစီတို့ ကို ဒေသခံပြည်သူများအား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂ဝ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ ဒေသဆိုင်ရာ အာဏာပိုင် များ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအားတွေ့ဆုံပွဲတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်မီးရရှိရေး စီမံဆောင် ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကလည်း နိုင်ငံတော်မှ ပြည်သူဗဟိုပြုစနစ်ကို ကျင့်သုံးနေခြင်း ဖြစ်၍ပြည်သူများမှ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ စီမံကိန်းများသည် နိုင်ငံတော်အတွက် အကျိုးရှိစေသည့် အပြင် ဒေသနေ ပြည်သူလူထုအနေဖြင့်လည်း အကျိုးရှိစေမှာဖြစ်ပါကြောင်း၊ ပြည်သူများ လိုအပ်ချက်များကို အပြု သဘောဖြင့် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးအောင်ထူးက ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရှာဖွေတူးဖော် ထုတ်လုပ်ရေးဆောင် ရွက်ခဲ့မှုအခြေအနေများ၊ ကမ်းလွန် ကုန်းတွင်း ထုတ်လုပ်ရေးစက်ပစ္စည်းနှင့် ပိုက်လိုင်းတပ်ဆင် တည်ဆောက်ခဲ့မှုအခြေအနေများ၊ အရှေ့တောင် အာရှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ရေနံတင်ဆိပ်ကမ်းနှင့် ဆက်စပ် အဆောက်အအုံ များ တည်ဆောက်ခဲ့မှုတွင် ပိုက်လိုင်းများ ဘေး အန္တရာယ်ကင်းရှင်းမှုရှိစေရန်ဆောင် ရွက်ထားမှု၊ ဘေးအန္တရာယ်ကင်းရှင်းရေး ခေတ်မီနည်းပညာများအသုံးပြုမှု၊ အရေးပေါ်အခြေအနေအတွက်လည်း ထိန်းသိမ်း ကာကွယ်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ရေနံယိုဖိတ်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်မှုဖြစ်ပေါ်လာပါက လည်း ထိန်းသိမ်းကာကွယ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ ဒေသဖွံ့ဖြိုး ရေးအသင်းအဖွဲ့များ၏ ဆွေးနွေးမေး မြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ဒေဝူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျောက်ဖြုမြို့ရှိ ရွှေသဘာဝဓာတ်ငွေ့လက်ခံဖြန့်ဖြူးရေးစခန်းသို့ ရောက်ရှိ စစ်ဆေးပြီး မြဒေးကျွန်းတွင် မကြာမီဖွင့်လှစ်တော့မည့် ရေနံတင်/ချဆိပ်ကမ်းနှင့် သိုလှောင်ကန်များအား စစ်ဆေး ကြည့်ရှုခဲ့ သည်။ ယင်းနောက် ဒေသနေပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
0 comments:
Post a Comment