မင်းဗာဘုရင်ကြီးသည် ရခိုင်ပြည်၊ သံတွဲမြို့တွင် မြို့စားမင်းအဖြစ်
နေခဲ့စဉ် အံတော်တောင်ခြေရင်း တောင်နှစ်လုံးကြားတွင် တည်ဆောက်ခဲ့သော
တစ်ဘက်ဆည်ရေကန်ကြီးမှာ ပျောက်ကွယ်နေပြီး၊ အံတော်တောင် ဘုရာတက်လမ်းရှိ
လမ်းဘေးတွင်ရှိသော သောက်တော်ရေကန်မှာလည်း ဘေးပတ်ဝန်းကျင်တွင်
အမှိုက်ပုံများဖြင့် ပျက်စီး ယိုယွင်းနေသည်။မင်းဗာကြီးသည်
၈၉၃ ခုနှစ်တွင် မြောက်ဦးတွက်ဘုရင်မဖြစ်မှီ သံတွဲတွင် မြို့စားအဖြစ် ၁၀
နေခဲ့စဉ် တောင်နှစ်လုံးကြား အလျှား ၅ ဖာလုံခန့်ရှည်လျှားသော
ရေကန်ကြီးအားတည်ဆောက်ကာ ထိုကန်မှ ရေအား စိန္တသုခ သောက်ရေကန်သို့ ရေဖြည့်ကာ
သောက်တော်ရေကန်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
လှေကားထစ် အဆင့်ဆင်ဖြင့် တည်ဆောက်ထားသော ၃၂ ပေလတ်ရှိသော စိန္တသုခ
သောက်ရေကန်ကြီးကို ၁၉၈၈ ခုနှစ်က ကောဘကက အဖွဲ့မှ ရေကန်ပြန်လည်ပြုပြင်ရန်
တတ်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင် ပြုလုပ်ခဲ့ခြင်းကြောင့်
သောက်တော်ရေကန်အပြင်ဘက်မှာ မူလအပုံစံဖြစ်သော်လည်း အတွင်းပိုင်းမှာ
ပျက်စီးသွားခဲ့ကြောင်း သိရသည် ။
မင်းဗာကြီး တည်ဆောက်ခဲ့သော တဘက်ဆည်ရေကန်တော်ကြီးမှာ
ပုဂ္ဂိုလ်တစ်ဦးပိုင်လက်ထဲသို့ ရောက်ရှိနေ၍ န၀တ အစိုးရလက်ထက်က
မြေနေရာအစားပေးပြီးရေကုန်လုပ်ရာတွင် အဆိုပါ ပုဂ္ဂိုလ်က ရေကန်အား
ဖောက်ချလိုက်ခြင်းကြောင့် ရေကန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။အဆိုပါ ပုဂ္ဂိုလ်မှာ အစားပေးထားသော မြေနေရာအား ရောင်းစားကာ လက်ရှိတွင် ရေကန်နေရာတွင် ပြန်လည်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ထန်ပင်များ၊ ငှက်ပျောပင်များ၊ စပါးစိုက်ခင်များ၊ ခြုံနွယ်၊ ပေါင်းပင်များဖြင့် မင်းဗာကြီးတည်ဆောက်ခဲ့သော တဘက်ဆည်ကန် ရေကန်တော်ကြီးမှာ တိမ်ကောပျေက်ကွယ်နေသည်။
MarmBarsdrinkinglake
ရွှေအံတော်တောင်ကြားမှ ရေကန်ကြီးအား ရှေးဟောင်ရေကန်ကြီးအဖြစ် ထိန်းသိမ်းထားသင့်ကြောင်းကို အရှင်ကောသလ္လ (ဂဝေသီ) ကပြောသည်။
“လက်ရှိ ရှိနေတဲ့အောင်သပြေရေကန်က ရပ်ကွက်နှစ်ခုစလုံးကို ရေပေးတာ မလုံလောက်ဖြစ်နေတာ်။ ရေကန်ကြီးကို ပြန်လည်ပြုပြင်ပြီး ရေပေးဝေမယ်ဆိုရင် နွေရာသီရောက်ရင် ရေရှားပါးနေကြတဲ့ဒွါရာဝတီ မြို့သစ် (ခ) ရပ်ကွက်တစ်ခုလုံးကို လုံလုံလောက်လောက် ရေပေးဝေလို့ရတယ်၊ ဒီရေကန်ကြီးက မင်းဘာကြီးတည်ထားခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် ရေကန်ကြီးဖြစ်တယ်၊ ဒီရေကန်ကြီးကို ရှေးဟောင်းအဖြစ် ပြန်လည်ထိန်းသိန်းထားရာလည်း ရောက်ပါတယ်” ဟု အရှင်ကောသလ္လ က ပြေသည်။
ရွှေအံတော်တက်လမ်း လမ်းဘေးအနီးတွင် တည်ရှိနေသော စိန္တသုခ သောက်ရေကန်မှာလည်း ရပ်ကွက်နှင့်နီးလေရာ ကမ်းဘေးတွင် အမှိုက်များစုပုံထားခြင်းကြောင့် ရှေးဟောင် အမွေးအနှစ် မင်းဘာကြီးသောက်တော်ရေကန်အား တွေ့မြင်ရသည်မှာ စိမ်မချမ်းမြေ့ဖွယ်ရာတွေ့ ရသည်။
arakantimes မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment